Monday, April 13, 2015

စစ်သားကောင်းမဖြစ်နိုင်ခဲ့တဲ့ ဗမာများ....။

စစ်သားကောင်းမဖြစ်နိုင်ခဲ့တဲ့ ဗမာများ....။
လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းထဲကို အနည်းငယ်ပြန်လေ့လာကြည့်တဲ့အခါ....
ဗြိတိသျှက မြန်မာပြည်မှာ တပ်ပိုင်းဆိုင်ရာဖွဲ့ စည်းနိုင်မှုနဲ့ ပတ်သက်ပြီး ထူးခြားတဲ့မှတ်ချက်တခုပေးခဲဘူးပါတယ်..
Originally composed of Burmans, Karens, Kachins and Chins with some Gurkhas, recruitment of Burmans was stopped in 1927, despite the protests of experienced officers. The rationale was that the Burmese did not make good soldiers but the failure to recruit them alienated the regiment from the Burmese population, which saw the regiment as just another part of the occupying British forces.
အထက်အပိုဒ်ကို ဖတ်ကြည့်တဲ့အခါ ဗမာ့သေနတ်ကိုင်တပ်ရင်းတွေကိုဖွဲ့ ကြတဲ့အခါ တပ်တွေထဲမှာ ဗမာ။ တောင်ပေါ်တိုင်းရင်းသားတွေဖြစ်တဲ့ ကရင်၊ ကချင်၊ ချင်းနဲ့ အန္ဒိယဂေါ်ရခါးအများစုနဲ့ သာ ဖွဲ့ စည်းခဲ့ကြပြီး ဗမာလူမျိုးတွေကို တပ်သားအဖြစ်ကတောင် စုဆောင်းဖို့ ရပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အကြောင်းပြချက်ကဘာလဲဆိုတော့ ဗမာလူမျိုးတွေက စစ်သားကောင်းကောင်းမဖြစ်နိုင်ကြဘူး ၊မိမိတို့ လူထုအတွင်းကတောင် တပ်ရင်းတွေအတွက် တပ်သားသစ်တွေစုဆောင်းနိုင်ခြင်းမရှိခဲ့ပါဘူးတဲ့။ ဒါကြောင့်မို့ လည်း တပ်ရင်းတွေဟာ ဗြိတိသျှတပ်တွေရဲ့ အစိတ်အပိုင်းလောက်သာသာဖြစ်နေပါတယ်တဲ့။ 
(မိမိနားလည်သလောက်ဆီလျော်အောင်ပြန်တာပါ)။
ဖဆပလအစိုးရနဲ့ သဘောထားမတိုက်ဆိုင်လို့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ရဲဘော်ဖြူတွေကို တိုက်တဲ့အကြောင်းကိုလေ့လာကြည့်ပြန်ရင်လည်း ကချင်လက်နက်ကိုင်တပ်ရင်း Burma Rifles (3)နဲ့  ကရင်လက်နက်ကိုင်တပ်ရင်းတို့ က အဓိကလှုပ်ရှားပေးခဲ့ကြတာတွေ့ ရပါတယ်။ ဒါပေမယ့် ကရင်ကတော်လှန်ရေးစတဲအခါမှာတော့ ကချင်တွေဟာ ကွန်မြူနစ်ကိုဆက်တိုက်မလား ဖဆပလ အစိုးရကို ပြန်တိုက်မလားလို့  ဆုံဖြတ်ချက်ချခဲ့ရပါတယ်။
ဓလေ့ရိုးရာနဲ့  ဘာသာရေးနီးစပ်တဲ့ တိုင်းရင်းသား ဗိုလ်ကြီးနော်ဆိုင်းဦးဆောင်တဲ့ကချင်ဟာ တောင်ပေါ်သားသွေးရင်းညီနောင်ဖြစ်တဲ့.ကရင်ဖက်ကိုရပ်တည်တော်လှန်ခဲ့ကြပါတယ်။ ဥပမာအားဖြင့် မေမြို့ မှာဖမ်းဆီးခံထားရတဲ့ ကရင်တပ်တွေမိသားစုထောင်ချီတဲ့ဦးရေကို ကယ်တင်ခဲ့ဖို့ ကြိုးစားခဲ့တာဟာ သမိုင်းသက်သေပါ။
ရှမ်းလူမျိုး အများစုနဲ့ ဖွဲ့ စည်းခဲ့တဲ့ Burma Rifles (13/14) ဗမာ့သေနတ်ကိုင်တပ်ရင်း (၁၃)နဲ့ (၁၄)ဟာ အရေးပါတဲ့ လေယာဉ်ကွင်းလုံခြုံရေးတာဝန်ကို အဓိကထမ်းဆောင်ခဲ့ကြပါတယ်.။
တပ်မတော်ရဲ့ ကနဦးသမိုင်းကိုပြန်ကြည့်တဲ့အခါ ရှေးဦးတပ်မတော်ထဲမှာ ပြည်မက ဗမာလူမျိုးတွေထက် တောင်တန်းဒေသလူမျိုးတွေရယ်၊ အိန္ဒိယဂေါ်ရခါးနဲ့ ပန်ချာတွေက အများစုဖြစ်နေပြီး အရာရှိကြီးတွေကတော့ အိန္ဒိယဘုရင်ခံတပ်က ကုလားတွေနဲ့ အင်္ဂလိပ်အရာကြီးတွေက အုပ်ချုပ်ပါတယ်။
တောင်ပေါ်တိုင်းရင်းသားတွေရဲ့ စစ်တိုက်နိုင်မှုစွမ်းရည်ဟာ လွတ်လပ်ရေးသမိုင်းထဲမှာ တောက်ပြောင်နေပါတယ်။ ကချင်စစ်သားတွေကို အမေရိကန်က ကမ္ဘာ့အတော်ဆုံးပြောက်ကျားထဲကတခု အဖြစ်အတော့်ကိုချီးမွမ်းခန်းဖွင့်ထားတာကိုလည်း ဖတ်မိလေ့လာဖူးပါတယ်။

မှတ်ချက် (လူမျိုးရေးအမြင်ဖြင့်ရေးခြင်းမဟုတ်ပါ၊ တကယ်ဖြစ်ခဲ့တဲ့သမိုင်းထဲက တစိတ်တဒေသပါ)