(lachid Kachin)
လာမည့် မေလ(၁)ရက်နေ့ မှာစတင်ကာ UWSA,ခေါ် "O" ပြည်သွေး
စည်းညီညွှတ်ရေးတပ်မတော် ၏ ဌာနချုပ် တည်ရှိရာ "O" ပြည် ပန်ဆန်းမြို့
တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏
ထိပ်သီးစည်းဝေးပွဲအား သတ်မှတ်ရက်ထက် ထပ်တိုးလိုက်ကြောင်းသိ
ရှိရပါသည်။
ပန်ဆန်းမြို့တွင်ကျင်းပပြုလုပ်မည့် တိုင်းရင်းသားလက် နက်ကိုင်ဖွဲများထိပ်
သီး ဆွေးနွေးပွဲအား မူလက လာမည့် ၂၀၁၅၊ မေလ(၁)ရက်နေ့ မှ (၃)ရက်နေ့
အထိ(၃)ကျင်းပရန်စီစဉ်ထားသော်လည်း အသေးစိတ်ဆွေး နွေးရမည်ဖြစ်
ဖြစ်ခြင်းကြောင့် စည်းဝေးပွဲအား နဂို သတ်မှတ်ရက်ထက် (၃)ရက်ထပ်တိုး
လိုက်ရခြင်းဖြစ်ပြီး ထို့ကြောင့် စည်းဝေးပွဲမှာ( ၆)ရက်နေ့အထိ (၆)ရက်တိတိ
ကျင်းပပြု လုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆွေးနွေးပွဲကျင်းပပြုလုပ်မည့် "ဝ" ပြည် ပန်ဆန်းမြို့တော်သို့ စည်းဝေးပွဲတက်
ရောက်ကြမည့်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ များမှ
ခေါင်းဆောင်အချို့ ရောက်ရှိနေကြပြီဖြစ် ကြောင်းသတင်းရရှိသည်။
(ပုံ-စည်းဝေးပွဲ ကျင်းပမည့် ခန်းမ ပြင်ဆင်နေစဉ်။)

========================================