Saturday, April 25, 2015

မန်မာ စစ်တပ် က ရခိုင် လူမျိုး တွေ နဲ့  ရခိုင် စစ်ပြန် ကြီး တွေ AA နဲ့  ပူးပေါင်း

Like · Comment · 




ရခိုင် မှာ တိုက်ပွဲ တွေ ဆက် ၊ မြန်မာ စစ်တပ် က ရခိုင် လူမျိုး တွေ နဲ့  ရခိုင် စစ်ပြန် ကြီး တွေ AA နဲ့  ပူးပေါင်း အမ်း နဲ့  ကျိန္တလီ မှာ ရခိုင် တပ်မတော် ထပ်မံ တိုး ချဲ့  တောင်ကုတ် မှာ လည်း တိုက် ပွဲ တွေ ဖြစ် ၊ ရခိုင် ပြည်နယ် တစ်ခု လုံး နီး ပါး မြန်မာ လက်အောက် က ခွဲ ထွက် ဖို့  အသင့် ဖြစ်နေ
-
ရခိုင် တပ်မတော် AA ရဲ့  ပြောက် ကျား စစ်ဆင်ရေး အဖွဲ့  ၀င် တစ်ချို့  ဟာ ဒီနေ့  မနက် အစောပိုင်း မှာဒေသခံ ရခိုင် လူမျိုး တွေ ရဲ့  အကူအညီ နဲ့  တောင်ကုတ် က တပ်စခန်း ငယ် တစ်ခု ကို အလစ် အငိုက် ၀င်တိုင် နိုင် ပြီး မြန်မာ စစ်တပ် ဘက် က ဆယ် ဦး လောက် ကျ ဆုံး က လက်နက် တွေ ကို သိမ်းဆည်း နိုင်ခဲ့ ပြီး ပင်လယ်ပြင် က ကျွန်း တွေ ဘက် ကို ပြန် ဆုတ် လိုက် နိုင်တယ် လို့  FNG က သိရ ပါတယ်။
-
AA ဟာ နေ့ ချင်း ညချင်း ဆို သလို ရခိုင် ပြည်သူ တွေ ရဲ့  ထောက်ခံ မှု ရလာခဲ့တာ ကြောင့် အင်အား လည်း ပို ကောင်းလာခဲ့ တာ ဖြစ်ပါတယ်။
-
အရင် မြန်မာ စစ်တပ် မှာ တာဝန် ထမ်းဆောင် ဖူး တဲ့ရခိုင် စစ်ပြန် ကြီး တွေ ဟာ သူတို့  စိတ် နဲ့  သူ တို့  ဘာသာ AA နဲ့  ပူးပေါင်း သွား ကြ ပြီး ဌာနေ ရခိုင် လူ မျိုး တွေ လည်း AA ကို ၀င်ရောက် တာ ရှိ တယ် လို့  သိရ ပါတယ်။
-
AA တပ် ဖွဲ့  တွေ ဟာ စစ်တွေ အထိ ထိုးစစ် ဆင် နိုင် ဖို့  ကြိုးစား နေ ပြီး မြန်မာ စစ်ကျွန် လက်အောက် ကနေ ရုန်းထွက် ဖို့  ကြိုးစားမယ် လို့  လဲ သိရ ပါတယ်။
-
AA နဲ့  ပူးပေါင်းခဲ့ တဲ့ မြန်မာ စစ်တပ် မှာ ဗိုလ်ကြီး အဆင့် ထိ တာဝန် ထမ်းဆောင်ခဲ့ တဲ့ ဦးခိုင်ကျော်စွာ က " ကျွန်တော် တို့ သံယံဇာတ တွေ ကို မြန်မာ စစ်တပ် က အကုန် သိမ်းတယ်၊ လယ်တွေ လဲ သိမ်းတယ်၊ မွတ်ဆလင် တွေ နဲ့  အေးအေး ချမ်းချမ်း တစ်သက် လုံး နေ လာတာ လဲ သီးစိန် ရန်တိုက် ပေး တာကြောင့် အကုန် ပြာကျရော ၊ မခံ နိုင်လွန်း လို့  အခု လို လက် နက် စွဲ ကိုင် တော်လှန်တာ လို့  FNG ကို ပြောပါတယ်။
=============
Freedom News Group ( မှကူးယူဖော်ပြပါသည်)
မန်မာ စစ်တပ် က ရခိုင် လူမျိုး တွေ နဲ့  ရခိုင် စစ်ပြန် ကြီး တွေ AA နဲ့  ပူးပေါင်း