Thursday, April 30, 2015

လောက်ကိုင် (ကိုးကန့်)

လောက်ကိုင် (ကိုးကန့်) မှာ လူတွေ သေကြတယ်... ဂုဏ်ယူသူက ဂုဏ်ယူတယ်... ဆွေးသူကဆွေး...
ဒူဝါ တခုစဉ်းစားမိပါတယ်။ ဘာအတွက် လူ့ အသက်တွေကို ထိုးကြွေး၊ တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို ဖြုန်းနေကြသလဲ.... (စစ်တပ်က ငွေတွေ ဘက်ဂျက်ရာထားချက်မရှိ စိတ်ကြိုက် သုံးတော့ ငွေကြေးကလဲ ဖေါင်းပွလာတယ်)
ဘယ်သူ့အတွက်လဲ...
ပြည်သူအတွက် ဆိုလဲ ပြည်သူတွေက စစ်တိုက်ဖို့ တောင်းဆိုဖူးသလား...
ကြိုက်တဲ့ ပြည်သူ အားလုံး ကို လက်ညှိးထိုး မေးကြည့်ပါ... စစ်တိုက်တာ ကောင်းသလား လို့... ဘယ်သူမှ ကောင်းတယ် လို့ ပြောမှာ မဟုတ်.. (စစ်ဝါဒီ အမှောင်လောက သားတွေကလွဲလို့ ပေါ့)
တိုက်တဲ့ နေရာက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လို့ ဆိုပြန်တယ်.... ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မှာ ကိုးကန့်လူမျိုးတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းတာ အပြစ်တဲ့လား... (နိုင်ငံရေး နည်းနဲ့ ဖြေရှင်းရင်ပြီးတယ်၊ ဖက်ဒရယ် လုပ်ချင်တယ် ဆိုရင် ပိုတောင် ပြီး သေးတယ်။)
ဖြစ်နေတာက အတ္တ ကြောင့်ပါ။
ငါတို့ ဗမာ စစ်တပ် ကို ဒီလို ကြောလို့ ရလား.. ပေါ့...
ငါတို့ ဗမာ စစ်တပ် နိုင်ပြီးမှာ ငါတို့ တင်မြောက်တဲ့ လူ (ကိုးကန့် လူမျိုး ဖြစ်ချင်ဖြစ်မယ်) အုပ်ချုပ် စေရမယ်... ဆိုတဲ့ သဘော ပါပဲ။
အချုပ်အချာ အာဏာ ထိတယ် လို့ ဆိုရအောင်လဲ ကိုးကန့်တွေက နေပြည်တော် အာဏာ ကို တောင်းနေတာမဟုတ်....
ဒီတော့... ဆက်စဉ်းစားလေ အရူးကွက်တွေ ပိုတွေ့ လေပဲ။