Monday, April 6, 2015

မြန်မာလူမျိုးတွေ စေတနာကောင်းတယ် ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ ကောင်းလိုက်တဲ့ မေးခွန်း..ဒါကို လူတစ်ယောက်က ဒီလိုဖြေသွားပါတယ်။


***********************************************************************
"အစိုးရကို အပြစ်မပုံချဘဲ လူတွေရဲ့ စိတ်ဓာတ်ကိုပဲ ဝေဖန်ရမယ်ဆိုရင်ပေါ့ ၊ မြန်မာအများစုက ( TEAM WORK )အားနည်းတယ်..မညီညွတ်ဘူး..ဘေးကနေ သွေးခွဲရလွယ်တယ် ၊ မနာလိုစိတ်များတယ်.. အချင်းချင်းထဲ ကိုယ့်ကိုသာသွားမှာ မလိုလားဘူး..
မုဒိတာ မပွားနိုင်ဘူး ၊ ကြိုးစားရမယ့်နေရာ အချောင်ခိုချင်တယ် ၊ ပိုက်ဆံရရင် အဖြုန်းများတယ် ၊ စီးပွားရေးလုပ်ရမှာ ကြောက်တယ်..သေချာပုံမှန်ရတဲ့ ငွေကို ပိုမက်တယ်..ဝန်ထမ်းပိုလုပ်ချင်တယ် ၊ အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှုနည်းတယ်..
မိရိုးဖလာအတွေးအခေါ်ကို မပယ်နိုင်ဘူး ၊ ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးအားနည်းတယ်..
ဝေဖန်တာကောင်းပြီး ဆောင်ရွက်မှုအားနည်းတယ် ၊ အကြုံပြုတာကောင်းပြီး စီမံမှုညံ့တယ် ၊ ပုတ်ခတ်တာကို မတရားကြိုက်တယ်..ကိုယ်ကျရှုံးတိုင်း သူများလည်းကျရှုံးမယ်ဆိုတဲ့ အမြင်ရှိတယ်..ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်..မအောင်မြင်ရင် ကံကို ပုံချတယ်..
ကိုယ့်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုထဲနဲ့ အရာတော်တော်များကို တစ်ဖက်သတ်သုံးသပ်တယ် ၊ ကိုယ်နဲ့ အမြင်မတူရင် အားမပေးဘဲ မတရားရှုံ့ချတယ် ၊ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်းလာရင် အခွင့်အလမ်းမှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ် ၊ ပြီးတော့ ပုံမှန်ဘဝထဲမှာ ခပ်ပျော်ပျော်နေတယ်..ကိုယ့်အကြောင်းထက် သူများအကြောင်းကို
ပိုစိတ်ဝင်စားတယ်..လေကန်ပြီး အချိန်ဖြုန်းတာများတယ် ၊ပိုဆိုးတာက ပိုက်ဆံတော့ရှိပါရဲ့ တိုးပွားအောင်လုပ်ဖို့ စိတ်ကူးနည်းတယ်..ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်..အကျိုးရှိအောင် မရင်းနှီးတတ်ဘူး ၊ ဘဝမှာ ပိုက်ဆံတစ်ခုပဲရှိအောင်လုပ်တယ် ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး ဒါတွေက ဆင်းရဲစေတာပါပဲ..."
" ကဲ....မှန်နေသလားလို ။ Website: www.alodawpyei.org // Email.contact@alodawpyei.org