Monday, April 6, 2015

မြန်မာပြည်ကို တစ်လက်မမှ တိုင်တစ်ပါးအထိမခံဘူးဆိုတဲ့ မြန်မာ /မန်မာပြည်ကို အထိမခံပါဘူး အသက်လဲပြိးကာကွယ်မယ်ဆိုတဲ့ အောက်ပိုင်းသားတွေ နှုတ်ပိတ်ငြိမ်နေတာ ဘာ့ကြောင့်???

ရှမ်းပြည်နယ် နမ်းခမ်း ပြသနာကို
********************************
အရင်အကြောင်းရှိခဲ့လို အခုအခြေအနေကို ဝေဖန်သည်
==============================
ရှမ်ပြည်နယ် နမ်းခမ်မြို့ကို တရုတ်တွေ နယ်ကျော်အလံစိုက်ထူလာခဲ့ကြတာကို သမ္မတနဲ့ နိင်ငံတော်ဝန်ကြိး ၃၀ကျော်ဦးက နှုတ်ပိတ်ငြိမ်နေတာ ဘာ့ကြောင့်???
မြန်မာပြည်ကို တစ်လက်မမှ တိုင်တစ်ပါးအထိမခံဘူးဆိုတဲ့ မင်းအောင်လှိုင် ပါးစပ်ဖျားက ပြောတဲ့ စကားဘယ်ပျောက်ပြိလဲ???
(ဒါတစ်လက်မ ကိစ္စမဟုတ်ဘူးတော် မြို့တစ်မြို့မက ပါသွားမှာနော်)
ငါပြောပြောပါတယ်
ကချင်ပြည်နယ်မြောက်ဖျားပိုင်းမှာပိုဆိုး ပူတာအိုခရိုင် တစ်ခုလုံးပြောရမလို မလိခမြစ်ရိုးတစ်လျောက်ကို တစ်ရုတ်လက်ထဲ အပ်ဖို့ ဦးနုလက်ထက်တုန်းက ကြိုးစားလာကြပြိး မလိခနဘေးမှာ နိင်ငံနယ်နိမိတ် ကျောက်တိုင် လာစိုက်ဖို့အထိ ကြိုးစားခဲ့ပါတယ်။ အဲချိန် မြန်မာပြည်ကို အထိမခံပါဘူး အသက်လဲပြိးကာကွယ်မယ်ဆိုတဲ့ အောက်ပိုင်းသားတွေ နှုတ်ပိတ် အာတိတ် ငြိမ်နေပြိး တရုတ်တွေအရာရှိ ပုဂ္ဂိုလ်တွေ ရောက်ရှိလာတော့ ဒေသခံ ရဝမ်လူကြိးတွေနဲ့ စကားဝိုင်း ငြင်းခုံခဲ့ကြရတာပါပဲ။ အဲချိန်က ကချင်ပြည်နယ်ဝန်ကြိးတာဝန်ကို ဦးဇန်ထဆင် ထမ်းဆောင်ခဲ့တုန်းမို့ အမျိုးချစ်စိတ် အပြည့်နဲ့ မလိခမြစ်ရိုးတစ်လျောက်ဟာ ဘိုးဘေး စဉ်ဆက် ၇၀မက ကျနော်တို့ မိခင်နယ်
်မြေဖြစ်ကြောင်း တရုတ်တွေကို ထောက်ပြပြောဆို ငြင်းခုံခဲ့ရာ တရုတ်တွေလည့်ပြန်သွားခဲ့သည်။ ရွာငယ်အချို့က တရုတ်ပြည်ဘက်မပါသင့်ဘဲ ပါသွားခဲ့တယ်။
တရုတ်တွေနဲ့ စကားပြောတုန်း ဦးနုအပေါင်းအပါ တွေ ပြောကူဖို့နေနေသာသာ ပါးစပ်တစ်ခွန်းမှ မဟခဲ့ပါ။ တရုတ်တွေပြန်လည့်သွားတဲ့နောက်မှ
ဦးနုက ဦးဇနါထဆင်ဆီလာပြိး မင်းတို့ ကချင်းသား ရဝမ်တွေ ဒီလိုသမိုင်းဘယ်က သိတာလဲဟ ပါးစပ်ဟောင်းလောင်နဲ့ အရှက်မရှိ လာမေးဖူးသည်။
(ငါပြောပြောပါတယ် ဒီပုတ်ထဲက ဒီပဲ ဒီအမျိုးပါပဲ ဖြစ်နိင်ခြေကို ကျနော်ပြောတာပါ)
အောက်ပိုင်း အောက်ရွာ ပုဂံ ညောင်ဦး သမိုင်းတွေကို ကျနော်သိသော်ငြားလည်း အသေးစိတ်မသိနိင်ပါ။ ထို့နည်းတူ အောက်ပိုင်းကလူတွေလဲ ဒို့နယ်အကြောင်းကို မင်းတို့သိတယ်ဆိုတာက အပေါ်စားလောက်ပါကွာ။ (ကိုယ့်နယ်ကို ကိုယ့်အမျိုးတွေကို ကိုယ့်သွေးကပဲ ကာကွယ်လိမ့်မယ်)
ငါတို့ဒေသ ငါတို့သမိုင်း ငါတို့ သိတာပေါ့။
ဒါကြောင့် သင်ခန်းစာ ရှိပြိးသားမို့ ငါတို့နယ်ကို ကာကွယ်ရန်မှာ ငါတို့သာဖြစ်တယ် ပြည်ထောင်စုသားတွေပါ ဆိုတဲ့ အာပေါလေပေါ နဲ့ အောက်ပိုင်းက တတ်လာပြိး သမိုင်းမသိ ဇ မသိ ဗမာတွေလာအုပ်ချုပ်တာကို အလိုမရှိပါ။
(ဒါကြောင့် ဖယ်ဒရယ်ကို ရမှဖြစ်မည်)
နှုတ်ပိတ်ငြိမ်နေတာ ဘာ့ကြောင့်???