Tuesday, December 23, 2014

Laiza, ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှု (၁)လပြည့် အခမ်းအနား USA တွင်ကျင်းပ



(By-Lachid Kachin)
လိုင်ဇာ ၊ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ၌ လုပ်ကြံခံရသော တိုင်း
ရင်းသား ဗိုလ်လောင်း (၂၃) ဦးနှင့် ဒဏ်ရာရရှိ သူများ အတွက် (၁)လ
ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားအား မြန်မာ တိုင်းရင်း
သားပေါင်းစုံ စုဝေးကာ USA,IOWA, တွင် ယနေ့ (၂၁.၁၂.၂၀၁၄)ရက်နေ့
၌ ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။
လွန်ခဲ့ သော လ (၁၉.၁၁.၂၀၁၄) ရက်နေ့ ၌ ကေအိုင်အို ဌာန အနီးရှိ
ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း အား ခယာဘွမ် တောင်ကုန်း မှ
မြန်မာ အစိုးရ စစ်တပ် ရည်ရွယ် ချက်ရှိရှိ ၊ဖြင့် တမင် ချိန်ရွယ် ကာ
(၁၀၅-မမ) လက်နက်ကြီး ဖြင့် ပစ်ခတ် ခြင်းကြောင့် သင်တန်းတက်
ရောက်နေ သောတိုင်းရင်းသား ဗိုလ်လောင်း (၂၃)ဦးကျ ဆုံး ပြီး (၂၀)
ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ သည်မှာ (၁၉.၁၂.၂၀၁၄) ရက်နေ့ ၌ တလ
တင်းတင်း ပြည့် ခဲ့ ပြီ ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းအခမ်းအနားအား Des Moines, IOWA,USA, တွင် (၂၁.၁၂.၂၀၁၄)
ရက်နေ့ ညနေ (၄)နာရီမှ (၆)နာရီ အထိ ပြုလုပ်ကျင်းပခဲ့ပြီး ၊ အခမ်းနား
သို့ အမေရိကန်နိုင်ငံရှိ ကချင်၊ချင်း၊ကရင်၊ ရှမ်း ၊မွန် ၊ရခိုင် နှင့် အခြားတိုင်း
ရင်းသား အဖွဲ့ အစည်းအသီးသီးမှ ခေါင်းဆောင်များ ပါဝင်သက်ရောက်ခဲ့
ကြောင်း သိရှိရပါသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းသားအဖွဲ့ အစည်းအ
သီးသီးမှ ခေါင်းဆောင်များ မှ မိန့်ခွန်းများ ပြောကြား ပေးခဲ့ကြပြီး၊ ၄င်းအား
လုံး အဓိက ပြော ကြားသွားသည်မှာ.
-ယခု လို ဖြစ်ရခြင်းမှာ မိမိတို့ တိုင်းရင်းသားများ အားလုံး စည်းလုံးမှု အားနည်း
နေ ခြင်း
-နောက်နှောင် ဤအဖြစ်မျိုး ထပ်မံ မဖြစ်အောင် တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်ရမည်
-တိုင်းရင်းသား အားလုံး ညီညွှတ်မှ သာမိမိတို့ တိုင်းရင်းသားများ ၏ တော်
လှန်ရေးမှာ အောင် မြင် နိုင်မည် ဖြစ်ကြောင်း
-တိုင်းရင်းသားများအနေ နှင့် မိမိတို့ ၏ ရန်သူ အစစ်အမှန်ကို သိရှိဖို့
အရေးကြီးကြောင်း
-မိမိတို့ ၏တခုတည်းသော ဘုံရန်သူမှာ စစ်အာဏာရှင်များသာ ဖြစ်ကြောင်း
စသည်ဖြင့် အသီးသီး ပြောကြားခဲ့ ကြကြောင်း သိရှိရပါသည်။
ထို့ အပြင် "ချီကာဂို" မှ တကိုးတကား သက်ရောက်လာ သော အမေရိကန်ရှိ
ရခိုင် တိုင်းရင်းသား အဖွဲ့ အစည်း၏ ဥက္ကဌ မှလည်း မိမိတို့ ရခိုင် တိုင်းရင်း
သားများ သည်လည်း ရှေ့ဆက်ပြီး ၊ယခု လို အခြားသေားတိုင်းရင်းသားများ နှင့် အတူစည်းလုံးညီညွှတ်စွာ အတူတကွ လက်တွဲ ကာအင်တိုက်အားတိုက် ပါဝင်
လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း မိမိအနေ နှင့် ဒီမှာရှိတဲ့ ရခိုင် တိုင်းရင်းသားအားလုံး ကိုယ်စား ပြောကြားရခြင်း ဖြစ်ကြောင်း ၊၄င်း၏မိန့်ခွန်း
တွင် ထည့်သွင်း ပြောကြားသွားပါသည်။
ဤ အခမ်းအနားသို့ တက်ရောက်လာသူ စုစုပေါင်း (၁၀၀) ကျော် ခန့်ရှိ ကြောင်း
အခမ်းအနားဦးဆောင်စီစဉ်သူ များထံမှ သတင်းရရှိပါသည်။
(သတင်းဓါတ်ပုံ - Mar Tu)