Thursday, December 4, 2014

"လက်နက်ကြီးတပ်ဆင်ထားသည့် ခရာဘွမ်မှအစိုးရတပ်စခန်း များအားရုပ်သိမ်းပေးရန် ကချင်ပြည်နယ်ဒီမိုကရေ စီပါတီမှ သဘောထားချက်ထုတ်ပြန်"


· 

Kachin wave
အစိုးရ နှင့် ကေအိုင်အိုကြားယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ရန်နှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လက် ကျင်းပနိုင်ရန်အတွက် အစိုးရတပ်မတော်မှ ကေအိုင်အိုဗဟိုဌာနချုပ်အနီးရှိ ခရာဘွမ်၌တပ်စွဲထားသည့် ရှေ့ တန်းတပ်စခန်းများအားရုပ်သိမ်းပေးရန် ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ သဘောထားချက် ထုတ်ပြန် လိုက် သည်။
“ အခုလိုစစ်ရေးအရဖိအားပေးရင် ကေအိုင်အေကအစိုးရကိုယုံမှာမဟုတ်ဘူး။ယုံကြည်မှုမရှိတော့ ငြိမ်းချမ်းရေး ရဖို့လည်းခက်တယ်။အစိုးရတွေက အကြပ်ကိုင်ပြီးရမယ်ထင်တယ်။”ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာမှဆိုသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ၁၉ရက်နေ့တွင် ကေအိုင်အေဗိုလ်လောင်းသင်တန်းကျောင်းဝင်းအတွင်း၌ အစိုးစစ်တပ် မှလက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေကြေဒဏ်ရာရသူများပြားခဲ့သည်။ 
ထိုသို့ကြားသိရသဖြင့် ပြည်သူ များသည် စစ်ပြန်လည်ဖြစ်ပွားလာသဖြင့် လွန်စွာထိတ်လန့်တုန်လှုပ်သွား ရကြောင်း၊ တစ်ဖက်နှင့်တစ်ဖက်တပ်များနီးနီးကပ်ကပ်ရှိနေခြင်းသည် စစ်ဖြစ်ပွားရခြင်းအဓိကအကြောင်း အရင်း ဖြစ်သည်။ 
ထို့ကြောင့်တိုက်ပွဲများကိုရှောင်ရှားရန်အတွက် ရှေ့တန်းတပ်စခန်းများကို ဆုတ်ခွာပေးရန်လိုအပ် ကြောင်း စာတွင်ပါရှိသည်။
အဆိုပါဖြစ်ရပ်သည် ငြိမ်းချမ်းရေးလိုချင်ပါသည်ဟု ပါးစပ်မှတစ်ဖွဖွပြောဆိုနေကြသော တာဝန်ရှိပုဂ္ဂိုလ်တချို့၏ အပြောနှင့်အလုပ်ကိုက်ညီမှုမရှိသော လုပ်ရပ်ဖြစ်သည်ဟု အများကရှုမြင်သည်။ထို့ကြောင့် နောင်တွင် ယင်းကဲ့ သို့သောအဖြစ်ဆိုးမျိုး ထပ်မံမပေါ်ပေါက်လာအောင် သက်ဆိုင်တာဝန်ရှိသူများအနေနှင့် အထူးသတိထားဆင် ခြင်သင့်ကြောင်းပါရှိသည်။
ငြိမ်းချမ်းရေးသည်သာ ပြည်သူတစ်ရပ်လုံး၏ဘုံလိုလားချက်နှင့် ဘုံပန်းတိုင်ဖြစ်သဖြင့်အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေနှင့်လက်ရှိဖြစ်ပွားနေသောစစ်ရေးတင်းမာမှုကိုစိတ်ရှည်သဘောထားကြီးစွာ ကိုင်တွယ်ဖြေရှင်းပြီး UPWC နှင့် NCCTတို့၏တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံးဆက်လက် ကျင်းပပြုလုပ်သွားရန် တိုက်တွန်းလိုက်ကြောင်းသဘောထားအမြင်ထုတ်ပြန်လိုက်သည်။