Saturday, December 13, 2014

ကချင်ပြည်နယ် ပူတာအို ဒေသကိုလဲ ဗမာတွေမပိုင်ဘူး


ရှင်းနေတာက ငါတို့ ကချင်ပြည်နယ် ပူတာအို ဒေသကိုလဲ ဗမာတွေမပိုင်ဘူး။ အင်္ဂလိပ်တွေရဲ့အုပ်ချုပ်ခံကာလလဲ အောက်ပြည်လောက် မကြာခဲ့ဘူး။ ကျွန်ဘဝ ရောက်ခဲ့တာချင် မတူခဲ့ပေပဲ့ ညီကိုညီနောင် စိတ်ဓာတ်အပြည့်ဖြင့် လွတ်ရေးကို အောက်ပြည်အောက်ရွာတွေနဲ့အတူ ယူခဲ့တယ်။ လွတ်လပ်ရေးရပြိးနောက် ဗမာစစ်တပ်ရဲ့ ဖက်ဆစ်ဆန်ဆန် နိမ့်ကွပ်မူရှိလာခဲ့တယ်။ ပူတာအို ဒေသမှာ ဗမာစစ်တပ်မရှိသေးခင်ကာဆို သူခိုးကျဗိုး လူလိမ် လူညစ် မရှိပါ ခြံတံခါးကိုတောင် သော့မခပ်ပဲထားလဲ ပြသာနာမရှိ အင်မတန်ရိုးသား သောတောင်ပေါ်သား တိုင်းရင်းညီနောင်တွေပါ။ နေက်ဗမာစစ်တပ် ခရုနီတပ်ရောက်လာတဲ့နောင်းပိုင်းတွင် ကြက်ပျောက် ဝက်ပျောက် စက်ဘီးပျောက် နွားပျောက် နောက်ဆို ဈေးဆိုင်တွေပေါက်ခံရတာတွေ ခြံထဲကထိကိုဝင်လာပြိး ဝက်ခြံထဲက ဝက်ကို ဓါးမြောက်နဲ့ ထိုးသတ်ခိုးယူတဲ့အထိ ဖြစ်လာခဲ့တယ်။ စစ်တပ်ကစစ်သားတွေ ဆိုတာသိလို့တပ်ရင်းသွားတိုင်းလဲ သူတို့ဆုံးမပေးပြိဆိုကာ လွတ်ထားလိုက်သည်။ ဤသို့ဖြင့် အခုခေတ်ဟာ ထိုဗမာစစ်တပ်ကြောင့် ဒေသခံများ လုံခြုံမူပျောက်ပျက်နေပြိး သူခိုးပေါလာသည် ခြံတံခါးကို သော့ခပ်ရသည်။ အရင်ဆို ပူတာအိုမှာ ခလရ ၄၆ တပ်ရင်းတစ်ခုထဲသာရှိပြိး ထိုတပ်ကို ကချင်ပျောက်ကြားတပ်ဟု နာမည်းကြိးသော တပ်ရင်းဖြစ်သည်။ နောက်တွင် ခလရ ၁၃၈၊ ခလရ ၁၃၇၊ နဲ့ ထောက်ပို့တပ်ဆိုပြိး တပ်ရင်းတစ်ခုတွင် အင်အား ရာဂဏန်းမပြည့်တစ်ပြည့်နဲ့ ရည်ရွယ်ချက်ရှိရှိ နယ်ချဲ့လာခဲ့သည်။ အရင်ဆို အောက်ပိုင်းရထားမှာ ခါးပတ်နိုက် ဆိုတာကြားရုံမျှရှိခဲ့သောဒေသ အေးချမ်းသာယာပြိး နိင်ငံခြားဧည့်သည် များပျားသောဒေသဖြစ်သည်။ အခုအခြေအနေကို စဉ်းစားပြိး အရင်အေးချမ်းတဲ့ပူတာအိုကိုတွေးလိုက်ရင် ခရုနီတွေကိုသွေးဆူအောင် နာကျည်းမုန်းသီး ပါသည်။ ပူတာအိုဒေသသည် ကချင်လူမျိုးများ ရှင်သန်ရာ ထာဝရ ကချင်နယ်မြေဖြစ်တယ်။