Saturday, January 4, 2014

ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်ဆိုတာထက်ပိုတဲ့ အရာတွေ အများကြီး//Lapmyi sha gaw hpa ndi

္ကLet My People Go

ဣသရေလ လူမျိုးတော်အတွက် အဲဂုတ္တုမှာ ကျွန်ခံခဲ့ရခြင်းဟာ သူတို့ဆီက အင်ဂျင်နီယာ၊ စာပေ၊ အနုပညာ ၊ အုပ်ချုပ်ရေး ၊ ဒဿနဗေဒ၊ အစရှိတဲ့ ပညာတွေကို သင်ယူနိုင်ဖို့လည်း ဖြစ်ပါတယ်။ ဘုရားသခင်က ဣသရေလ လူမျိုးတော်ကို နိုင်ငံတစ်ခုပေးပြီး လူမျိုးကြီးအနေနဲ့ ရပ်တည်စေချင်တာပါ။

မြန်မာနိုင်ငံ ဗြိတိသျှလက်အောက် ကျရောက်ခဲ့တာ သူတို့ဆီက အများကြီးသင်ယူခဲ့ကြရတယ်။ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကားဆိုတဲ့ ကြွေးကြော်သံအောက်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို တတ်အောင်သင်ယူလေ့လာနိုင်ခဲ့တယ်။ အောင်ဆန်း-အက်တလီစာချုပ်ဟာ အင်မတန်အရေးကြီးပါတယ် (နု-အက်တလီက ဖွတ်ကြား)။

ကျွန်ခံခြင်း၊ ကျွန်ပြုခံရခြင်းကို ကောင်းတယ်လို့ မဆိုလိုပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ သင်ယူခဲ့ရတာအများကြီး။ အချိန်တန်တဲ့အခါ ကျွန်ပြုခံခြင်းက မလွတ်မြောက်ပဲ နေဖို့ ဘယ်သူက တားနိုင်မှာတဲ့လဲ။ ဘုရားသခင်ချိန်းချက်တော်မူပြီးတဲ့အရာကို မည်သည့်တန်ခိုးကမှ တားဆီးလို့မရနိုင်ပါ။ ပေဖြစ်တဲ့အခါ တူရဲ့အားသာချက် အားနည်းချက်တွေကို လေ့လာထားကာမှ တောလည်ရာခရီးမှာ ခံနိုင်မှာ။

ငါတို့တစ်တွေ (၆၆)နှစ်ဆိုတဲ့ ဆယ်စုနှစ်တွေကျော်ဖြတ်လာတဲ့ခရီးမှာ ကျကျန်ခဲ့တာတွေ၊ ချချန်ခဲ့တာတွေ၊ နောက်ချန်ခံခဲ့ရတာတွေ၊ လှမ်းမယူနိုင်ခဲ့တာတွေ အများကြီး၊ အများကြီးကိုကျန်ပါသေးတယ်။ ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်ဆိုတာထက်ပိုတဲ့ အရာတွေ အများကြီး။

အဲဒီအတွက် ငါတို့မှာ လွတ်လပ်ရေးလိုတယ်။ ထွက်မြောက်ခြင်း လိုတယ်။ ခါနန်ပြည်လိုတယ်။ နိမိတ်လက္ခဏာ ဆယ်ပါးပြဖို့ ဒီနေ့ တရားမျှတခြင်းကို လိုလားတဲ့သူတွေအားလုံးရဲ့တာဝန်။

ဆိုင်းမြတ်နော်