Monday, January 13, 2014

မင်းအောင်လှိုင်

မင်းအောင်လှိုင်ကို ဘယ်လိုလုပ်ရင် ကောင်းမလဲ နေဝင်းလက်ချက်ကြောင့် ပြည်ပျက်ခဲ့တယ်။ နေဝင်းဟာ မိမိကို်ယ်ကို မွန်သွေး(၆၀)ရာခိုင်နှုန်းပါတယ်လို့ ကြွေးကြော်ပြီး မုဒုံတင်ဦး၊ စန်းယု၊ စိန်လွင်တို့လို မွန်များကို မြှောက်စားလို့ တိုင်းပြည်ကို ဖျက်ဆီးကြရာ ကမ္ဘာ့မှာ မြန်မာတွေ ခေါင်းမဖော်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ သူက တပြည်ထောင်စနစ်ကို ထူထောင်တယ်။ ပညာရေးစနစ်ကို ဗမာမှုပြုတယ်။ တိုင်းရင်းသားဘာသာစကားများကို ပိတ်ပင်ပြီး မြန်မာဘာသာကို အားပေးတယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အကောင်အထည် ဖော်ခဲ့တယ်။ နေဝင်းတက်တဲ့အချိန်မှာ အရှေ့တောင်အာရှမှာ 
၁။ မင်္ဂလာဒုံလေဆိပ်ဟာ အကောင်းဆုံး။ နိုင်ငံတကာအဓိကလေကြောင်းလိုင်း ရှိခဲ့။ ၂။ အောင်းဆန်းအားကစားပြိုင်ဝင်းဟာ အကောင်းဆုံး။ 1961 ခုနဲ့ 1969 အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲကို ကျင်းပခဲ့။ 
၃။ ရန်ကုန်တက္ကသိုလ်ဟာ အကောင်းဆုံးတက္ကသိုလ်တစ်ခု။ နိုင်ငံသားခြားသားများက လာရောက်ပညာသင်ကြားခဲ့ကြရ။ 
၎။ ရန်ကုန်ဆေးရုံကြီးဟာ အကောင်းဆုံးဆေးရုံတစ်ခု။ နိုင်ငံခြားက လူနာတွေ လာရောက်ကုသခဲ့ကြ။ 
၅။ သမ္မတရုပ်ရှင်ရုံဟာ အကောင်းဆုံးရုပ်ရှင်ရုံ ဖြစ်ခဲ့။ ကံကောင်းလို့ မိမိလည်း ဒီရုံမှာ ကြည့်ဖူးခဲ့။
 ၆။ ရန်ကုန်မြို့ဟာ အသန့်ရှင်းဆုံးမြို့ဖြစ်ခဲ့။ စင်ကာပူအစရှိတဲ့နိုင်ငံတွေ အတုယူခဲ့ကြရ။ 

 နေဝင်းတက်ပြီး (၂၆)နှစ်ကြာတဲ့အခါ အဆိုပါမြန်မာ့ဂုဏ်ဒြပ်တွေဟာ ရီစရာအဖြစ်သာ ကျန်ရှိပါတော့တယ်။ (၁၀)နှစ်ကြာ ထူထောင်ခဲ့ရတဲ့ နိုင်ငံကို ပျက်အောင် (၂၆)နှစ်မျှ အချိန်ယူခဲ့ရတယ်။ နေဝင်းအမွေကို စောမောင်၊ စောမောင်အမွေကို သန်းရွှေ၊ သန်းရွှေအမွေကို မင်းအောင်လှိုင် ဆက်ခံခဲ့ကြတယ်။ အခု နောက်ထပ် (၂၆)နှစ် ထပ်ပေါင်းကြည့်ပါတော့။ လက်ရှိအချိန်မှာ စစ်တပ်က နိုင်ငံရေးသံဝေဂရလို့ တပ်စခန်းပြန်ခဲ့မယ်၊ ဒီမိုကရေစီအုတ်မြစ်ကို ချနိုင်ခဲ့မယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို အစပျိုးနိုင်ခဲ့မယ်ဆိုရင်တောင် မြန်မာနိုင်ငံဟာ နောင်နှစ်ပေါင်း(၅၀)ကြာခဲ့ရင်တောင် အိမ်နီးချင်းတွေကို မမီသေးပါ။ ဒါပေမဲ့ စစ်တပ်ခေါင်းဆောင်တွေဟာ သတိသံဝေဂ ရရမဲ့အစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်)ရဲ့ လမ်းစဉ်ကိုပဲ လိုက်မယ်လို့ အရှက်အကြောက်မရှိ ကျေညာခဲ့ပြန်ပါတယ်။ 
အတော့်ကို ဂွကျတဲ့ကောင်တွေပါလားနော်ဆိုပြီး စိတ်အပျက်ကြီး ပျက်မိတယ်။ ကိုင်းဗျာ...မင်းအောင်လှိုင်ကို ဘယ်လိုလုပ်ရင် ကောင်းမလဲ။