Tuesday, January 28, 2014

ကချင်ပါတီငါးခုကြီးများတောင်မှတ်ပုံတင်ပေးလိုက် /ရည်ရွယ်ချက်က ကချငှ်လူထုကိုပါတီစွဲဖြစ်စေးပြီး အချင်းချင်းစိတ်ဝမ်းကွဲစေဖို့

ဖက်ဆစ်နယ်ချဲ့စစ်အစိုးရဗိုလ်ချူပ်တွေဟာ လွန်ခဲ့တဲ့2010 ရွေးကောက်ပွဲတုံးက ကချင်တွေကို ကိုယ်စားပြုမယ့် ဒေါက်တာတူးဂျာကို KIO နဲ့ဆက်စပ်မှုရှိတယ်ဆိုပြီးမှတ်ပုံတင်ခွင့်မပေးခဲ့သလိုရွေးကောက်ပွဲလည်းမဝင်ခဲ့ရဘူး၊ KIA ကိုထိုးစစ်အကြီးအကျယ်ဆင်နွဲခဲ့တယ်၊ အကျအရှုံ့များနဲ့ရင်ဆိုင်ရတယ်၊ အခုလာမယ့် 2015 ရွေးကောက်ပွဲအတွက်ကြတော့ ကချင်ပါတီငါးခုကြီးများတောင်မှတ်ပုံတင်ပေးလိုက်ပြန်ရော၊ ရည်ရွယ်ချက်က ကချငှ်လူထုကိုပါတီစွဲဖြစ်စေးပြီး အချင်းချင်းစိတ်ဝမ်းကွဲစေဖို့ရယ် KIO ကိုကချင်လူထုနဲ့တစ်ဖြေးဖြေးဝေးကွာစေကာ ကချင်လူထုထောက်ခံအားပေးမှုကျဆင်းသွားစေဖို့ဖြစ်တယ်၊ ထိုမျှသာမကနိုင်ငံတစ်ကာအမြင် မှာကချင်လူထုကိုယ်စားပြုလွတ်တော်အမတ်မျာူးလွတ်တော်တွင်ရှိသယောင်ဖန်တီးပြီးKIO အားသောင်းကျန်သူအဖွဲ့အစည်းပုံစံမြင်သွားအောင် ကချင်ပါတီများအားမှတ်ပုံတင်ချပေးခြင်းဟာ စစ်အုပ်စု၏မရိုးသားသောဗျူဟာဖြစ်ကြောင်း သံသယရှိစရာမလိုဘူး၊ နိုင်ငံရေးမှာကလိန်ကကျစ်လုပ်ခဲ့တဲ့ စစ်အုပ်စုများဟာ သူတို့အကြံမပျက်စီးအောင်ပုံဖေါ်လုပ်ဆောင်ရာမှာ လက်နကှ်ကိုအဓိကထားအားကိုးပြီး မရှက်တမ်းနိပ်ကွပ်တတ်တာကြောင့် ကချင်လူမျိုးစုအားလုံး စစ်အုပ်စုဆင်ထားတဲ့ထောင်ချောက် ပါတီထူထောင်ခွင့်ရခြင်းအပေါ်ယစ်မူးမနေပ်ဲလေးလေးနက်နက်စဉ်းစားပြီး နိုင်ငံရေးနွံမနစ်အောင်နည်းလမ်းရှာကာ KIO ရဲ့ရပ်တည်ချက်ကိုပိုမိုအင်အားကောင်းစေပြီးအောင်မြင်ရအောင်ကြံဆောင်နိုင်ရင်အလွန် တစ်ရာကောင်မွန်တဲ့ နိုငံရေးရပ်တည်ချက်ဖြစ်လာမယ် ဆိုတာဖြစ်ပါကြောင်းသိသမျှအမြင်လေးနဲ့ ဆော်ဩလိုက်ပါတယ်ခင်ဗျာ၊KS