Monday, January 27, 2014

ထားဝယ်ဟာ ထားဝယ်ပဲ၊ မြန်မာမဟုတ်ဘူးတဲ့။

Ven Ravika shared Win Bo's photo.
ဒွယ်ဟာဒွယ်ပဲ ဂံမူဟ။

ထားဝယ်ဟာ ထားဝယ်ပဲ၊ မြန်မာမဟုတ်ဘူးတဲ့။

ထားဝယ်လူမျိုး ပေါ်ပေါက်ဖို့အရေး လူမျိုးတိုင်းဦးစားပေး။ ကာချုပ်မင်းအောင်လှိုင်ကိုယ်တိုင် ရှေ့ကနေ ဦးဆောင်ပါ။ 

တိုင်းရင်းသားဒေသတွေမှာ မျိုးပွားနိုင်သလောက် ပွားပြီး ပြည်မမှာ မျိုးဖြုတ်နိုင်သလောက်ဖြုတ်ဆိုတဲ့ အစိုးရရဲ့ မူဝါဒကို မကြိုက်လို့ ဒီပို့စ်ကို ရှယ်တာ ဖြစ်တယ်။

Ashin Narada Jotikarun
ကျနော် နက်မတက်တာ ဘာကြောင့်လဲလို့ မေးနေကြပြီ။ ဒီနေ့(24-1-2014)နံနက် ၁၀နာရီက စပြီး ထားဝယ်လူမျိုးပြန်လည်ပေါ်ပေါက်ရန်အတွက် ထားဝယ်လူမျိုးဖော်ဆောင်ရေးအဖွဲ့ တရားဝင် ခွင့်ပြုလိုက်ပါပြီ။ ပထမဦးစွာ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း လေးမြို့နယ်မှာ အစလှုပ်ရှားမယ်။ လူမျိုးနေရာမှာ ဗမာ ထားဝယ်ပြောင်းနိုင်အောင် အသိပညာပေး ဟောပြောပွဲများ၊ တရားပွဲများ၊ စာပေဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ၊ သတင်းမီဒီယာများ စသဖြင့် လှုပ်ရှားမှုစတင်နေပါပြီ။ ပြည်တွင်းပြည်ပရှိ ထားဝယ်လူမျိုးများကလည်း မိမိတို့ အနေနှင့် ပါဝင်ကူညီမယ်ဆိုလျှင် ၀၉၄၅၀၉၉၀၂၉၉သို့ဆက်သွယ်ပါ။ အဖွဲ့အမည်က ထားဝယ်လူမျိုးဖော်ဆောင်ရေးအဖွဲ့၊ ဆောင်ပုဒ်က စကားတစ်ခွန်း၏တန်ဖိုး၊ လူမျိုးအမည်ပြောင်းစေဖို့၊ ထားဝယ်လူမျိုးလို့ပြောကြစို့၊ အထူးမှတ်ချက်က လူမျိုးကို အသုံးချပြီး နိုင်ငံရေးလုပ်ခွင့်မပြု၊ လူမျိုးကို ခုတုံးလုပ်ပြီး နေရာယူတာ ပြည်သူကလက်မခံ၊ ထားဝယ်လူမျိုးပြန်လည်ပေါ်ပေါက်ရေး၊ ထားဝယ်သမိုင်အမှန် ပြုစုနိုင်ရေး၊ ထားဝယ်စာပေ ဖော်ထုတ်ရေး၊ ထားဝယ်စာ၊ ထားဝယ်စကား၊ ထားဝယ်အဘိဓာန်ပြုစုနိုင်ရေးကိုသာ ဒီအဖွဲ့က လုပ်ဆောင်ရန်။ လူမျိုးရေးစိတ် အမှန်တကယ်ရှိသူများ ပါဝင်ကူညီမယ်ဆိုလျှင် ထာဝရကြိုဆိုနေပါပြီ။