Saturday, March 17, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေအမျိုးမျိုး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်း အစိုးရမှ မည်ကဲ့သို့ လုပ်ငန်းလုပ်ဆောင်ရန်နှင့် ပတ်သက်သောဥပဒေဆိုင်ရာ ရွေးချယ်မှုတခုဖြစ်ပါသည်။ သာမန်အားဖြင့် ပါဝင်သည့်အချက်များမှာ
နိုင်ငံတော်၏ အဖွဲ့အစည်းများသို့မဟုတ် အေဂျင်စီများမည်ကဲ့သို့ဖွဲ့စည်းထားခြင်း၊ ထိုအင်ဂျင်စီတခုစီသို့ အပ်နှင်းထားသောအာဏာများ၊  ထိုအာဏာများအသုံးပြုပုံတို့ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၌အဓိကအမျိုးအစား နှစ်ခုရှိသည်။
(၁) Parliamentary ဟုခေါ်သော ပါလီမန်စနစ် (ဗြိတိသျှပုံစံ)
(၂) Presidential ဟုခေါ်သောသမ္မတစနစ် (အမေရိကန်ပုံစံ)
Parliamentary model တွင် အမည်ခံနိုင်ငံရေးခေါင်းဆောင်ရှိသည်။ များသောအားဖြင့်သမ္မတဟုခေါ်သည်။ (ဥပမာ- ဂျာမနီ နှင့် အီတလီ) သို့ရာတွင် ဖွဲ့စည်းပုံနှင့်အညီ ခန့်ထားသောဘုရင် (ဥပမာ UK and Japan) တို့သည်လည်း အမည်ခံခေါင်းဆောင်းဖြစ်ပါသည်။ ထိုဘုရင်တို့သည် အခမ်းအနားများနှင့်သာသက်ဆိုင်ပြီး အစိုးရအပေါ်တွင် အနည်းငယ်သာ (သို့) အာဏာလုံးဝမရှိပါ။
နိုင်ငံရေး ဆုံးဖြတ်ခွင့်ရှိသူ၊ အာဏာရှိသူမှာ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများဖြစ်ကြသည်။ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများသည် ဥပဒေပြုအဖွဲ့၏ခန့်အပ်ခြင်းခံရသူများဖြစ်ပြီး အစိုးရအဖွဲ့၏ခေါင်းဆောင်နှင့်ထိန်းချုပ်သူများဖြစ်သည်။  ထိုသူများသည် ဥပဒေပြုရေးအဖွဲ့၏ အထောက်အကူယူရသည်။ ၀န်ကြီးချုပ်ဦးဆောင်သောထိုအဖွဲ့သည် ဥပဒေ ပြုအဖွဲ့ ၏ ထောက်ခံမှုမရပါက နှုတ်ထွက်ရမည်ဖြစ်သည်။ Election ကိုမည်သည့်အချိန်ဖြစ်ဖြစ်ကျင်းပနိုင်သည်။
Presidential model တွင် သမ္မတသည် နိုင်ငံတော်၏တရားဝင်ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၏ခေါင်းဆောင်လည်းဖြစ်သည်။ သမ္မတသည် ဥပဒေပြုအဖွဲ့၏အဖွဲ့ဝင်မဟုတ်ပါ။ သမ္မတသည် နိုင်ငံရေးဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များကိုရွေးချယ်ပါသည်။ ၄င်းတို့သည် လည်းဥပဒေပြုအဖွဲ့ဝင်များမဟုတ်ပါ။ ဤ စနစ်ကို အာဏာခွဲဝေခြင်း (Separation of power )ဟုခေါ်သည်။ Power Sharing ဆိုရင်ပိုသင့်လျှော်မယ်ထင်ပါသည်။ ဥပဒေပြုအဖွဲ့ရွေးကောက်ပွဲနှင့် သမ္မတ ရွေးကောက်ပွဲများကိုသတ်မှတ်ထား သည့်ကာလအသီးသီးတွင်ကျင်းပပါသည်။
Mixed Systems (ရောနှောနေသည့်စနစ်)
နိုင်ငံသစ်များဖြစ်ပေါ်လာသည်နှင့်အညီ နိုင်ငံများသည် ယင်းတို့၏ ဖွဲ့စည်းပုံ အခြေံဥပဒေ ကိုပြန်လည် သုံးသပ်ခြင်း၊ အစားထိုးခြင်းများကို ဆောင်ရွက်ကြပါသည်။တချို့ ဖွဲ့စည်းပုံအခြေခံဥပဒေတခုသည် ပါလီမန် (သို့) သမ္မတစနစ်ပုံစံ (သို့) နှစ်ခုစလုံးတို့၏ သဏ္ဍန်များရောပါနေသောပုံစံဖြစ်တတ်သည်။ France ၏ ပုံစံသည် ရောနှောထားသောပုံစံအဖြစ်ရည်ညွန်းနိုင်သည်။ ယင်းတွင်အလွန်ခိုင်မာသောအုပ်ချုပ်ရေးဆိုင်ရာ သဏ္ဍန်ထူးပါရှိပါသည်ဟုဆိုသည်။ ဆိုလိုသည်မှာ သမ္မတသည် ရုပ်ပြ အာဏာထက် ပိုသော အာဏာရှိသည်။ သမ္မတ သည် ၀န်းကြီးချုပ်ကို Cabinet အဖွဲ့၏ ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီး Cabinet သည် ဥပဒေပြုအဖွဲ့ကို တာဝန်ခံရသည်။ ထိုအဖွဲ့သည် ၀န်ကြီးချုပ်အဖွဲ့ကို ဖြုတ်၍မရပါ။ သမ္မတသည် မိမိက အရေးကြီး သည်ဟု ယူဆသော ကဏ္ဍများတွင်မူဝါဒ ချမှတ်ပိုင်ခွင့်ရှိသည်။ အဓိပ္ပါယ်အားဖြင့် France အစိုးရ၏အုပ်ချုပ်ရေးစနစ် သည် ဦးဆောင်သူနှစ်ယောက်ပါဝင်သော အုပ်ချုပ်ရေးအဖွဲ့မျိုးဖြစ်ပါသည်။
Chines model
Parliamentary နှင့် Presidential ပုံစံနှစ်မျိုးပေါင်းစပ်သည့်အသွင်ရှိသည်။ သမတကို National People Congress (NPC)မှရွေးချယ်တင်မြောက်သည်။ NPC သည် ဥပဒေ ပြု အာဏာပိုင်အဖွဲ့ဖြစ်သည်။ တစ်နှစ်လျှင်နှစ်ကြိမ်စည်းဝေး။ အမျိုးသားရေးဆိုင်ရာ ဥပဒေပြဌာန်းမှုကို Standing Committee of NPC မှအတည်ပြုသည်။ ဗဟိုပြည့်သူတရားသူကြီးများကို NPC မှခန့်သည်။ NPC အဖွဲ့ဝင်များကို ပြည်နယ်အဆင့် NPCမှ လျှို့ဝှက်မဲစနစ်ဖြင့် ငါးနှစ်သက်တမ်းအတွက် ရွေးချယ်ရသည်။
Unitary & Federal
အခြေခံဥပအေခြေခံဥပဒေမှာ Unitary နှင့် Federal ဟူ၍နှစ်မျိုးနှစ်စားရှိပါသည်။ Unitary ကိုတပြည်ထောင်စနစ်ခေါ်ပြီး  Federal ကိုပြည်ထောင်စု စနစ်ဟုခေါ်သည်။
Unitary
နိုင်ငံတော်တော်များများသည် Unitary စနစ်ကိုသုံးကြသည်။ ဥပမာ- China, France, Thai, Phillipine, UK. Federal စနစ်အသုံးပြုသောနိုင်ငံတချို့မှာ US, Germany, Australia, Canada, Malaysia, Switzerland စသည်တို့ဖြစ်သည်။
လူမျိုးတမျိုးတည်းနှင့် ယဉ်ကျေးမှုတမျိုးတည်းရှိသောတိုင်းပြည်မှာ Unitary ကိုအသုံးပြုတတ်သည်။ သို့မဟုတ်ပါက လူမျိုးတမျိုးကအခြားလူမျိုးကိုဝါးမြိုပြီး ပူးပေါင်းစေခြင်းဖြင့်လည်းလုပ်သည်။
Federal
Federal စနစ်မှာ ပြည်နယ် (သို့) တိုင်းပြည်တခု က အခြားတိုင်းပြည်နှင့် ပူးပေါင်းလိုသောအခါ ပြည်ထောင်စု စနစ်ဖြင့်ပူးပေါင်းကြခြင်းဖြစ်သည်။ နယ်နိမိတ်ဆက်လျှင်လည်း Federal စနစ် ဖြင့် ပေါင်းစည်း၇န်ကောင်းသည်ဟုဆိုသည်။ US သည်မူလပြည်နယ် (၁၃) ခုပူးပေါင်းပြီး Federal စနစ် ဖြစ်လာသည်ဟုဆိုသည်။
တချို့တိုင်းပြည်သည် Federal စနစ်နှင့် presidential စနစ်ဖြင့် အခြေခံဥပဒေကိုရေးဆွဲကြသည်။ ဥပမာ- US.
တချို့ သည် Federal စနစ် နှင့် parliamentary စနစ်-ကိုကျင့်သုံးသည်။ ဥပမာ -Australia, Canada, Germany, India.
နိုင်ငံတချို့သည် Unitary စနစ်နှင့် Parliamentary ပေါင်းစပ်ထားသည်။ ဥပမာ- Thailand , Cambodia, UK.
နိုင်ငံတချို့သည် Unitary နှင့် Presidential စနစ်ကိုကျင့်သုံးသည်။ ဥပမာ- France, Phillipine.
By:http://forverfriends.ning.com/profiles/blogs/2863689:BlogPost:6942650