Thursday, March 29, 2012

ရွေးကောက်ပွဲကို ကေအိုင်အို နှောင့်ယှက်မှာ မဟုတ်

KIA
ကေအိုင်အေနဲ့ အကြိမ်ကြိမ် ဆွေးနွေးပေမဲ့ ပြေလည်မှု မရသေး
ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့အနေနဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်မှာ မဟုတ်ကြောင်း လိုအပ်တဲ့ အကူအညီတွေပေးမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကေအိုင်အိုနဲ့ တွေ့ချင်ကြောင်း ကမ်းလှမ်းထားတာရှိပြီး ကေအိုင်အိုဘက်ကလည်း တွေ့ဆုံဖို့ ဆန္ဒရှိကြောင်းလည်း ပြောပါတယ်။
ရွေးကောက်ပွဲ ကိစ္စ အတွက်သာမက ကျန်တဲ့ နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးဖို့အတွက်ပါ တွေ့ဆုံချင်တဲ့ ဆန္ဒရှိကြောင်းပြောပါတယ်။
အစိုးရကတော့ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်မြို့တွေမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲ ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။
ကေအိုင်အေ ဒုတိယ စစ်ဉီးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် ကတော့ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့်မြို့တွေပေါ်က မဲရုံနေရာတွေဟာ တိုက်ပွဲ ဖြစ်ပွားရာ နေရာတွေနဲ့ မနီးကြောင်း ပြောပါတယ်။
အစိုးရဘက်ကလည်း အဲဒီဒေသတွေရဲ့ လုံခြုံရေး အတွက် သူတို့နဲ့ ဆွေးနွေးဖူးတာမရှိကြောင်းလည်း ပြောပါတယ်။
သူတို့ ကေအိုင်အေအနေနဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ သဘောထားမရှိကြောင်း ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း အကူအညီပေးခဲ့ဖူးတာတွေ ရှိကြောင်း ပြောပါတယ်။
BBC
http://www.bbc.co.uk/burmese/burma/2012/03/120328_kachin.shtml