Sunday, March 25, 2012

ပြည်သူ့လွတ်တော် ကိုယ်စလှယ် ဒေါ်ဒွဲဘူ သို့ပေးစာ။

" ဟို အပစ်မရပ်ဘဲနဲ့တော့ ဘယ်နည်းနဲ့မှ နိုင်ငံရေး ဆွေးနွေးလို့ မရပါဘူး ဒါက ကျွန်မအမြင်ပါ။ ဒါကတော့ ကျွန်မတို့က ယုံကြည့်မှုဆိုတာ အချင်းချင်းတည်ဆောက်ဖို့ လိုပါတယ်။....... ဟို ကျမတို့ မောင်နှမချင်း ဖြစ်တဲ့အပေါ်မှာ ဒီယုံကြည်မှု ပေါ်မှာ မူတည်ပါတယ်။ဒီလို အချင်းချင်း ယုံကြည်မှုမရှိဘူးဆိုရင် နောက်ပိုင်း ဆက်ဆွေးနွေးဖို့ က ခက်ခဲပါတယ်။ အဲတော့ တကယ်ဘဲ ကိုယ်ပြည်နယ်တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးမှာ လက်တွဲပါဝင်ချင်တယ်ဆိုရင်တော့ အချင်းချင်း ယုံကြည်စွာနဲ့ လက်တွဲဖို့ လိုအပ်တယ်လိုမြင်ပါတယ်.။"
ပြည်သူ့လွတ်တော် ကိုယ်စလှယ် ဒေါ်ဒွဲဘူရဲ့ ပြောစကားပါ။
ကချင်ထဲက ကချင်တယောက်လွတ်တော်ကို ရောက်ပြီဆိုတော့ ကိုယ့်ပြည်နယ်ရေး ဘက်မလိုက်ဘဲ အမှန်ကို အမှန်အတိုင်း လွတ်တော်ကို တင်ပြနိုင်မယ်၊တင်ပြရဲမယ် ဆိုရင် သိပ်ကို ဂုဏ်ယူစရာကောင်းမှာပါ။
ပထမ ဦးဆုံးအနေနဲ့ ဒေါ်ဒွဲဘူ ရဲ့ စကား "အပစ်မရပ်ဘဲနဲ့တော့ နိုင်ငံရေး ဆွေးနွေးလို့ မရဘူး။ဒါ ကျွန်မ အမြင်ပါ။"
ကျွန်တော်လည်း ကချင်တယောက်ဆိုတော့ ဆိုရေးရှိက ဆိုရတော့မှာပါဘဲ။
ကျွန်တော်အနေနဲ့ အပစ်မရပ်လည်း နိုင်ငံရေး ဆွေးနွေးလို့ ရပါတယ် လို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့တန်းမှာ တိုက်နေတဲ့ စစ်သားတွေ အစိုးရဘက်ကကော KIA ဘက်ကပါ နိုင်ငံရေး စားပွဲဝိုင်းကို လာနိုင်ကြမှာမဟုတ်လို့ပါဘဲ။ ကပ်သပ်ပြီးပြောနေတာမဟုတ်ပါဘူး။ ဒီနေရာမှာ စစ်ရေးနဲ့ နိုင်ငံရေးကို ခွဲခြားမြင်ရမှာပါ။ရောထွေးလို့ မရပါဘူး။ စစ်ဖြစ်ခဲ့ တဲ့ ကမ္ဘာ့ သမိုင်းတွေမှာ ကြည့်ရင်လည်း ဒီလိုပါဘဲ။
တိုက်ရင်းနဲ့ ဆွေးနွေးခဲ့ကြတာပါဘဲ။ တခါတလေများ ဆွေးနွေးပွဲတွေ အောင်မြင်လို့ ငြိမ်းချမ်းရေးတောင်ရနေပြီ ဟိုရှေ့တန်းက စစ်သားတွေက ဘာသတင်းမှ မကြားရလို့ တိုက်ကြတုန်း ခိုက်ကြတုန်းပါဘဲ။သာဓကတွေ အများကြီးရှိပါတယ်။ အဲဒီ အပစ်အခတ် အရင်ရပ် ပြီး နိုင်ငံရေး ဆက်ဆွေးနွေးမယ် ဆိုတဲ့ စကားကို KIA ယုံလို့ နမော်နမဲ့ နေလို့ကတော့ ဟိုအရင် KNU တွေ အင်းစိန် ကျ ခဲ့တဲ့ အဖြစ်မျိုးမလွဲမသေ ကြုံရမှာပါ။
နောက် "အချင်းချင်း ယုံကြည်မှုတည်ဆောက်ဖို့ လိုပါတယ်"။ သိပ်ကို မှန်တဲ့ စကားပါ။
ယုံကြည်မှုရှိမှ ဘာမဆို အောင်အောင်မြင်မြင်လုပ်ဆောင်နေနိုင်မှာပါ။
ကချင်တွေ ဗိုလ်ချူပ်အောင်ဆန်းကို ယုံကြည့် သလိုဘဲ လက်ရှိအစိုးရကို ယုံကြည်ချင်ပါတယ်။
ကချင်တွေ ဘာလို့ ဗိုလ်ချူပ်အောင်ဆန်း ကို ယုံကြည်သလဲ မေးချင်ပါတယ်။
ဒါက ရှင်းရှင်လေးပါ။ ဗိုလ်ချူပ်အောင်ဆန်း ရဲ့ လုပ်ဆောင်ခဲ့သမျှ ကိုမြင်တွေ့၊ကြားသိခဲ့ရလို့ ယုံကြည်ခဲ့ကြတာပါ။
ဒါဆိုရင် ဒီနေ့ အစိုးရကို ကချင်တွေ ယုံကြည်ရအာင်
ဒီအစိုးရရဲ့ ဘယ်လုပ်ဆောင်ချက်ကို ကြည့်ပြီး ယုံကြည်ရမလဲ။
ဒီအစိုးရရဲ့ ဘယ်အပြုအမူတွေ ကို နားစွင့် ကြားသိရပြီး ယုံကြည်ရမလဲ။
ကချင်တွေ အစိုးရကို ယုံကြည်နိုင်လောက်စရာ ဘာရှိလဲ။
ကချင်တွေ မပြောပါနဲ့။ တခြား အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ကော နိုင်ငံရေး ဆွေးနွေးနိုင်ပြီလား။
ဒီနေ့ရပ် မနက်ဖြန် ပြန်ပစ် ဒီသံသရာ ကုန်စေချင်ပါပြီ။
ကချင်တွေအားလုံး ပြည်ထောင်စုကြီးအောက်မှာ ဥမကွဲ သိုက်မပျက်ဘဲနဲ့ နေချင်ပါတယ်။
ကချင်တွေအားလုံး ဒီအစိုးရအပေါ် ဘယ်လို ယုံကြည်ရမယ်ဆိုတာ လေးသိချင်ပါတယ်။
နောက်တခုက ဒေါ်ဒွဲဘူး မယုံရင် စမ်းကြည့်ပေါ့။ဒေါ်ဒွဲဘူ သမီး(သို့)သား ကို ဒေါ်ဒွဲဘူ လက်က ဒုတ်တချောင်း ကိုင်ပြီး မုန့်ကျွေးမယ်လာခဲ့လို့ ခေါ်ကြည့်ပါလား။လာ မလား၊မလားဘူး လား ဆိုတာ ဒေါ်ဒွဲဘူ သိမှာပါ။
နောက် တစ်ခု ယုံယုံကြည်ကြည် နဲ့ လက်တွဲဖို့ လိုအပ်တယ်။
မှန်ပါတယ် ယုံယုံကြည်ကြည်နဲ့ လက်တွဲဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် လူဆိုတာ တယောက်နဲ့ တယောက် ယုံကြည်ဖို့ ဆိုတာ အပြုအမှု၊ဆက်ဆံ မှုတွေပေါ်မှာ အခြေခံပါတယ်။
လွတ်တော်အမတ် ဒေါ်ဒွဲဘူ နားလည်လွယ်အောင် ဥပမာလေး တစ်ခုပေးစမ်းပါရစေ။
ဒေါ်ဒွဲဘူရဲ့ ချစ်သည်းညှာ လင်တော်မောင်က အသစ်သစ်ကလေးနဲ့ ပျော်နေတာကို ဒေါ်ဒွဲဘူအနေနဲ့
မျက်စိနဲ့တပ်အပ် မြင်ခဲ့၊သိခဲ့ ဖူးသည် ဆိုပါစို့။ လင်တော်မောင်ရဲ့ နောက်တခါမလုပ်တော့ပါဘူးဆိုတဲ့ စကားကို
ဒေါ်ဒွဲဘူး ယုံနိုင်ပါမည်လား။ပထမ တခါ အတွက် ယုံနိုင်ပါသည်။ထားပါတော့။ နောက်ထပ် တခါ အဲဒီအဖြစ်အပျက်မျိုး ပျော်တော်ဆက်နေရာမှာ ပြန်တွေ့ပါသည် ဆိုပါတော့ ဒေါ်ဒွဲဘူ မည်သို့ ခံစားရမှာပါလိမ့်။
နောက်တခါ မလုပ်တော့ပါဘူးဆိုတဲ့ စကားကို ဒေါ်ဒွဲဘူ ယုံနိုင်ပါအုန်းမလား။ တကယ်လို့ ယုံနိုင်ပါသည် ဆိုလျင် ဘာ့ကြောင့်များ ယုံနိုင်ပါသလဲ။ မယုံနိုင်ပါ ဘူးဆိုလျင် ဘာကြောင့်များ မယုံ နိုင်ပါသလဲ ဆိုတာ ဒေါ်ဒွဲဘူ ကိုယ်တိုင်အဖြေရှိနေပါလိမ့်မယ်။
နောက် စကားပုံလေး တစ်ခုက
ပထမညာခံ ရပါက ညာတဲ့သူရဲ့ အပြစ်။
ဒုတိယတခါ ထပ်ညာခံရပါက နှစ်ယောက်လုံး ရဲ့ အပြစ်။
တတိယတခါ ထပ်ညာခံပါက ညာခံရသူရဲ့ အပြစ်ဘဲပါတော့တယ် တဲ့ဗျာ။
ကဲ အဲဒီလို အဖုအထစ်လေးတွေ ရှိခဲ့ကြတော့ ယုံယုံကြည်ကြည်ဆိုတဲ့ စကား လေထဲမှာဘဲ ပျောက်ကွယ်သွားမှာပေါ့။
အစိုးရအနေနဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းတိုးတက်စေချင်တယ်ဆိုတာ ယုံပါတယ်။
ကချင်တွေအနေနဲ့ကလည်း နေပြည်တော်ကြီး တိုးတက်စည်ပင် ၀ပြောနေတာ မြင်ချင်တွေ့ချင်ပါတယ်။
ဒီတော့ ကိုယ့်နေရာ ကို ငြိမ်းချမ်း၊တိုးတက်၊စည်ပင်ဝပြောအောင်လုပ်ကြ ပြီးမှ ယုံယုံကြည်ကြည် လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတည်ဆောက်ကြ။မကောင်းဘူးလားဗျာ။
ဒီလိုပါဘဲ အစိုးရ အဆက်ဆက်နဲ့ KIA ဆက်ဆံရေးနှစ်သည် ကြာခဲ့ပါပြီ။
နောက်ဆုံး အနေနဲ့ အစိုးရကအမှန်တကယ် အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးလိုတယ်ဆိုရင်
အစိုးရတပ်တွေ အပစ်ရပ်ပြီး နေလိုက်ပါ။ဒါတောင်မှ KIA က လိုက်တိုက်တယ် နေဆိုရင်
ကျွန်တော်အနေနဲ့ ပြောစရာမရှိပါဘူး။KIAကို ကန့်ကွက်ပါတယ်။
KIA ကို အစိုးရစစ်အင် အားနဲ့ တိုက်ခိုက်ချေမှန်းနိုင်တယ် ဆိုတာလဲ သိပါတယ်။
ဒါမှမဟုတ် အပစ်ရပ် တယ်ဆိုတာ နိုင်ငံရေးဆွေးနွေးဖို့ မဟုတ်ဘဲ။
တပ်အင်အားဖြည့်တင်းဖို့၊ရန်သူအလစ် ၀င်သုတ်ဖို့၊တပ်ကူပို့ဖို့ ဆိုရင်တော့
KIAကို ပြောချင်တာကတော့ လိုင်ဇာ တစ်တည်း ကချင်ပြည်မဟုတ်ပါဘူး။
နော်မန်ဒီ ခံတပ်ကြီးတောင် ပြိုကွဲ သွားခဲ့ဖူးတယ်။တိုက်ခြင်းက ဘဲ အောင်နိုင်ခြင်းကို ရစေတယ် ဆိုတဲ့ စကား
ကြားဖူးပါရဲ့ဗျာ။
ဒါကတော့ ကချင်ပြည် မံစီမြို့နယ် အင်ဘာပါဆိုတဲ့ ရွာလေးက ကျွဲကျောင်းသား အဆင့်သာသာ ကျွန်တော်ရဲ့ အမြင်ပါ။

ဒီးဒိုး။
၁၇၊၀၃၊၂၀၁၂။