Friday, May 18, 2012

ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးဖို့

ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာအစိုးရ 
တပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးဖို့
ကေအိုင်အေ ဥက္ကဋ္ဌ ဦးဇောင်းဟရားက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်းထံ စာရေးသား တိုက်တွန်း လိုက်ပါတယ်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ ကချင်ပြည်နယ်အတွင်း
ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လက်တွေ့ သိရှိနိုင်အောင်၊
လေ့လာရေးအဖွဲ့ ဒါမှမဟုတ် ကြားဝင် ဖျန်ဖြေရေး အဖွဲ့စေလွှတ်ဖို့
တောင်းဆိုရတာ ဖြစ်တယ်လို့ ကေအိုင်အိုရဲ့ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လန်းဒေါင်းက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်မှာ တိုင်းရင်းသားတွေအပေါ် လူမျိုးတုံး စစ်ဆင်ရေး ဆင်နွှဲနေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားမဆန်တဲ့ ရာဇ၀တ်မှုတွေ တိုးများလာနေတယ်လို့ ကေအိုင်အိုက
ပြောပါတယ်။ အခြေအနေတွေ ဒီထက်ပိုပြီး ဆိုးဝါးမလာခင် ကုလသမဂ္ဂ အနေနဲ့ ကြားဝင်ပြီး၊ ကချင်ပြည်နယ်က စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို 
လာရောက်လေ့လာဖို့ တောင်းဆိုထားပါတယ်။ 

ဒါ့ပြင် စစ်ပြေးဒုက္ခသည် စခန်းတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ IDP ဒုက္ခသည်တွေကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက အကူအညီ ပေးအပ်နေမှုတွေ အပေါ် ကျေးဇူးတင်ရှိကြောင်းကိုလည်း မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ လက်မှတ်ရေးထိုး
ပေးပို့လိုက်တဲ့ ကေအိုင်အို ဥက္ကဋ္ဌရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။
(ဓာတ်ပုံ-RFA- ကေအိုင်အိုရဲ့ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လန်းဒေါင်း)