Sunday, May 6, 2012

တိုင်းရင်းသားဒေသကို စစ်သွားတိုက်တယ် ဆိုကတည်းက ခွဲထွက်ရေး မျိုးစေ့ကို စစ်တပ်က လိုက်ချပေးနေတာ

တိုင်းရင်းသားတွေက .... ခွဲထွက်ရေး အတွေးအခေါ်တွေ စဉ်းစားလာတာ၊ ခွဲထွက်ရေးသမား အမြင်တွေ တွေးလာတာတွေဟာ ... အဓိက အကြောင်းအရင်းက ... သူတို့ဒေသကို လက်နက်တွေနဲ့ စစ်တပ်က အနိုင်ကျင့်နေတယ်ဆိုတာ မြင်နေလို့ဗျ။

ခွဲထွက်ရေးသမားတွေ အားကောင်းကောင်းနဲ့ လှုပ်ရှားမှု ဖြစ်လာမယ်ဆိုရင် .. ဒါဟာ ခွဲထွက်ရေး အတွေးအခေါ်ရှိသူတွေရဲ့ အပြစ် မဟုတ်ဘူး။ အဲဒီလို ဖြစ်လာအောင် လုပ်တာ .. စစ်တပ်မှာသာ အဓိက အပြစ်ရှိတာပဲ။ သူတို့ အခုလို စစ်အင်အားနဲ့ ဖိတိုက်လေ ... ခွဲထွက်ရေး အတွေးအခေါ်နဲ့ ခွဲထွက်မယ့် စကားတွေကို စပြောလေပဲ။

တိုင်းရင်းသားဒေသကို စစ်သွားတိုက်တယ် ဆိုကတည်းက ခွဲထွက်ရေး မျိုးစေ့ကို စစ်တပ်က လိုက်ချပေးနေတာ။ ဖိတိုက်လာတာနဲ့ အမျှ ... မျိုးစေ့တွေ အပင်ရှင်သန်လာအောင် ရေလောင်း ပေါင်းသင် ပေးနေတာနဲ့ အတူတူပဲ။ အဲဒီလို စစ်တပ်က ချပေးလိုက်တဲ့ မျိုးစေ့တွေဟာ မတတ်သာလို့ ငြိမ်နေချင် ငြိမ်နေမယ် ... အခွင့်အရေး ပေါ်လာတာနဲ့ အညှောင့်ထွက်လာမှာပဲ။

မြန်မာပြည်ကို အင်္ဂလိပ်တွေ သိမ်းတာ နှစ်ပေါင်း မြောက်များစွာ .. လွတ်လပ်ရေး မျိုးစေ့ကို အင်္ဂလိပ်ကိုယ်တိုင် စသိမ်းကတည်းက ပျိုးကျဲသွားခဲ့တာ ... နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်မှာ အညွန့်ပေါက်လာတာပဲ။ ... အခုလည်း တိုင်းရှင်းသားတွေကို ခွဲထွက်ရေး မျိုးစေ့တွေ ... စစ်တပ်က လိုက်ချနေတာ။ ဒါကို ရှင်းရှင်းလင်းလင်း မြင်ထားဖို့ လိုနေပြီ။

By: FB