Thursday, August 7, 2014

ဦးခင်ညွန့် ရဲ့ သင်္ခန်းစာ

၂၀၀၀ ခုနစ် လောက်က ဒီအေဘီ နဲ့  ဗိုလ်ချုပ်ခင်ညွန့်  တို့ လျိုလ်ဝှက်ဆွေးနွေးကြတယ်။ ကေအင်ယူ က ခေါင်းဆောင်များဖြစ်တဲ့ ဗိုလ်ချုပ်မြ၊ ဖဒို စောသန်းအောင်၊ ဗိုလ်ချုပ်မောင်မောင် နဲ့  ကျနော် တို့ ပါဝင် ပါတယ်။ 

ဓာတ်ပုံ အညွှန်း- ဗိုလ်ချုပ်မြ၊ ပါမောက္ခဦးထွန်းအောင်ချိန် ( ရန်ကုန်တက္ကသိုလ် သမိုင်းဌာန) ၊ ကျနော် -၁၉၉၆ ခုနစ်ခန့် ။ ကေအင်ယူတပ်မဟာ ၆ နယ်မြေ။ ဆရကြီးဦးထွန်းအောင်ချိန်ကို န၀တ ကလွတ်ပြီး ကျနော် တို့ နဲ့ စေ့စပ်ရေးလာဆွေး စဉ်တုံးကပါ။

သူဖက်ကလွတ်လိုက်တဲ့ သူတွေထဲမှာ ဦးခွန်မြတ်၊ ပါမောက္ခ ဦးထွန်းအောင်ခြိမ် တို့ ပါပါဝင်ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်  ရဲ့ ကမ်းလှမ်းချက်ကတော့ 

၁။ ကိုယ်လက်နက်ကိုယ်ကိုင်ထား၊ 

၂။ ကိုယ်နယ်မြေ ကိုထိမ်းထား။ 

၃။ တပ်မတော်နဲ့ ဒေသဖွင့်ဖြိုးရေး တွဲလုပ် ဆိုတဲ့ အချက်ဖြစ်တယ်။ 

ဒီကမ်းလှမ်းချက်မှာ ကချင် ၊ မွန် နဲ့ တခြား လက်နက်ကိုင်အဖွဲ့ စည်းများ ပါသွားပါတယ်။ 

ပြည်ပ မှာ တချို့ လည်း ပါသွားပါတယ်။ 

စေ့စပ်သွားသူများကို ဗိုလ်ချုပ်ခင်ညွန့် က အခွင့်အရေး တွေ တော်တော် ပေးလိုက်ပါတယ်။ လက်တွေမှာ
တော့ ဒေသဖွင့်ဖြိုးရေးတွေမဖြစ်ခဲ့ပါ။ 

ကချင်ဆိုရင် ၁၇ နစ် အပြစ်ခတ်ရပ်စဲ ခဲ့ပြီးမှာ ပြန်လည် တိုက်ခိုက်ခိုက်ကြရတဲ့ အထိဖြစ်လာပြန်ပါ တယ်။ အေဘီနဲ့  ကရင်ကျန်ခဲ့တယ်။ 

နောက်ပိုင်းအထိ ကရင်နဲ့ ကျနော်တို့ ကိုဆက်လက် ကမ်းလှမ်းနေပါတယ်။ သူဆွေးနွေးချက်တွေမှာ သူက အပြောင်းလဲလုပ်ခြင်တယ်။ တပ်ချုပ်ကြီး ( ဦးသန်းရွှေ ကိုရည်ညွန်း ) နဲ့  ဦးမောင်အေးတို့ က မလုပ်ခြင်ဘူး။ 

ဒါကြောင့်သူမှာအခက်အခဲရှိတယ်လို့ ဆိုတယ်။ သူကိုနားလည်မှုပေးဖို့  လိုကြောင်းပြောတယ်။ ကျနော်တို့  လည်း နားလည်မှုပေးပါတယ်။ 

၂ နှစ်လောက် လေး ငါးကြိမ်လောက်ဆွေးနွေးပြီးတဲ့အခါမှာလဲ ဒီအချက်ကိုပဲ သူက ပြောနေပါတယ်။ ဒါလဲ ဖြစ်နိင်ပါတယ် ။ 

သူက အပြောင်းလဲ လုပ်ခြင်ပေမယ့် သူ့ အထက်က လူ ၂ ဦးက မလုပ်ချင်တော့ သူ့မှာ အခက်ရှိနိင်ပါတယ်။ 

၂၀၀၃ ခုနစ်လောက်မှာ သူ့ဆီက စေလွှတ်လိုက်သူနဲ့  ကျနော် နယူးယောက်မြို့မှာနောက်ဆုံး တွေ့ ကြပါ တယ်။ ဒီအချိန်က ကျနော် ကိုလံဘီယာတက္ကသိုလ်တက်နေချိန်ဖြစ်တယ်။ 

သူ့ကို ကျောင်း ကင်တီးမှာပဲ ချိန်းတွေ့ လိုက်ပါတယ်။ သူက ဗိုလ်ချုပ်ခင်ညွန့်  ပြောင်းလဲဖို့ ကြိုးစားပေမယ့် မရကြောင်း၊ အခက်ခဲရှိကြောင်း ကျနော့်ကို ပြောပါတယ်။ 

အမေရိကန် အစိုးရကိုနားလည်အောင်ပြောပြပေးစေလိုကြောင်း မက်ဆေ့ခ်ျ ပေးလာပါတယ်။ ကျနော် အကြံပေးတာကတော့ ခင်ဗျား အပြောင်းလဲ ကို လိုချင်တယ်ဆိုတာ ကျနော်တယောက်ထဲ ယုံကြည် လို့ မရဘူး။ လက်ရှိ လူအခွင့်ရေးချိုးဖေါက်မှု၊ တိုင်းပြည်အဖက်ဖက်ကယိုယွင်းသွားမှုတွေမှာ ခင်ဗျား လည်း ပတ်သက်နေတယ်လို့ လူအများက ယုံကြည်နေတယ်။ 

ခင်ဗျားတို့ ကြိုးပမ်း ဆောင်ရွက်မှုတွေကို လူအများက လက်ခံဖို့ လုပ်ဖို့ လိုတယ်လို့ ကျနော် အကြံပေးခဲ့ ပါတယ်။ ကျနော်တို့  ၂ နာရီလောက်ဆွေးနွေးပြီးတော့ လူချင်းခွဲကြဖို့ လုပ်တယ်။ 

နောက်တကြိမ် တွေ့  ဖို့  စီစဉ်တယ်။ သူက ငြှိုးငယ်တဲ့မျက်နာ နဲ့  အေး ဗျာ .. ခင်ဗျား ကျနော်ပြောတာ မယုံဘူး။ တချိန်ကြရင် Free U Khin Nyunt လုပ် ဖို့ လိုလာရင်တော့ ခင်ဗျား ကျနော်တို့ကို မမေ့ပါနဲ့  လို့  ပြောသွားတယ်။ 

နောက်မကြာခင်မှာပဲ ဦးခင်ညွန့်နဲ့ သူရဲ့ ထောက်လှမ်းရေး တဖွဲ လုံး ( Intelligence Community) အဖမ်းခံ ရ၊ အဖြုတ်ခံလိုက်ကြရတယ်။ ထိုလူလဲ ပါသွားတယ်။ 

သူပြောသွားတဲ့ Free U Khin Nyunt အစီအစဉ်ကို ကျနော်မလုပ်ပေးနိင်ခဲ့ပါဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ သူ အဖမ်းခံရတဲ့ကိစ္စမှာ လူတွေက ရှုပ်ထွေးကုန်ပါတယ်။ 

အာဏာလုပွဲ Power Struggle ပုံစံ ပို ဆောင်နေလို့ ဖြစ်ပါတယ်။ သူက အပြောင်းလဲ လိုချင်တယ်။ တဖက် က မလိုချင်ဘူးဆိုတာကို မပေါ်ဘူး ဖြစ်သွားတယ်။ 

သူဖက်က အားနည်းချက်တော့ သူတို့ ကြိုးပမ်း ဆောင်ရွက်ချက်ကို နိုင်ငံတကာနဲ့  လူထု သိအောင် မပြော
ပြခဲ့ကြ တာပဲဖြစ်တယ်။ 

အခုလည်း အပြောင်းလဲကို လိုချင်ပါတယ်၊ လုပ်နေပါတယ် ဆိုတဲ့ အစိုးရထဲက လူတွေကို ကျနော်တွေ့  ခဲ့ပါတယ်။ သူတို့ ကလဲ ဦးခင်ညွန့်  ပြောခဲ့တဲ့ စကားများ၊ ဦးခင်ညွန့်  ဗျူဟာ အတိုင်း ပြန်ဖြစ်နေ တာကို တွေ့ ရပါတယ်။ 

ဒါကတော့ သူတို့ ကပြောင်းချင်တယ်။ ဦးသန်းရွှေ နဲ့ အမာလိုင်းတွေက ဆက်လက်ရှိနေသေးတယ်။ မပြောင်းခြင်ဘူး။ သူတို့ ကိုပေးထားတဲ့ ကျဉ်းမြောင်းတဲ့ နေရာ ( Narrow Space) ထဲက သူတို့ လှုပ်ရှား
နေရပါတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအတွက် ကျနော် စိုးရိမ်ပါတယ်။ 

အကြံပေးခြင်တာတော့ 

၁။ သူတို့ အနေနဲ့  အပြောင်းလဲ လိုချင်တယ်၊ ပြောင်းဖို့ ကြိုးပမ်းနေတယ်ဆိုရင် လူထု ယုံကြည်မှုရအောင် လုပ်ဆောင်ပြပါ။ 

 ၂။ လဘ်စားမှုများ၊ တရားဥပဒေ ကင်းမဲ့ စွာလုပ်ဆောင်နေမှုများထိထိရောက်အရေးယူပါ။ မတရားမှု များကို ရပ်ဆိုင်းပါ။ 

၂။ ဘယ်သူတွေက အပြောင်းလဲကို ဟန့် တားနေတယ်ဆိုတာကိုလဲ မီဒီယာနဲ လူထုကိုပြောပြသင့်ပါတယ်။ 

၃။ ဒီလိုပြောခြင်း အားဖြင့် မပြောင်းလဲ ခြင်တဲ့အင်အားစုတွေအတွက် အားလုံးက ပြောင်းလဲ ချင်နေပြီ ဆိုတာကို ပိုသိစေနိင်တယ်။ 

သူတို့ အတွက် ပြောင်းလဲ ဖို့  လုပ်ကိုလုပ်ရမယ်ဆိုတဲ့အသိတရား ရရှိစေနိင်တယ်။ ပူးပေါင်းလာစေနိင်ပါ တယ်။ ဒါကို ပွင့်ပွင့်လင်းလင်း လူတိုင်းသိအောင်ချပြ ဝေဖန် ကြဖို လိုတယ်။ 

၎။ ဒီလိုမှာ အသိတရားမရ ကြဘူးဆိုရင် မပြောင်းချင်သူတွေကို ထားခဲ့ဖို့ လိုတယ်။ 

နိဂုံး ဗိုလ်ချုပ်ခင်ညွန့် မှာ အောင်မြင်မှု  ၂ ခုရှိခဲ့တယ်။ သူဟာ ကျနော်တို့ ကို ဒုက္ခအပေးဆုံးဖြစ်တယ်။ ဒါကတော့ ၁၉၈၈ အရေးတော်ပုံကို ဖြိုခွင်းနိင်ခဲ့တယ်။ ကရင်ကို ၂ ဖွဲ့ ခွဲ ပစ်နိင်ခဲ့တယ်။ တရုတ်စစ်ပါရဂူ ဆွန် စုဝူ ပြောတဲ့ အကောင်းဆုံး စစ်ဗိုလ်ချုပ်တဦးလို့ ဆိုနိင်ပါတယ်။ 

ရန်သူကို သေနပ်မဖေါက်ပဲ သူကအနိင်ယူနိင်ခဲ့လို့ ဖြစ်တယ်။ ဒါကြောင့် ကျနော်စစ်ကော်မရှင် အတွင်းရေးမှူးအဖြစ် ဒီအေဘီ မှာ တာဝန်ယူစဉ်ကာလ တလျှောက်လုံး သူ့ လှုပ်ရှားမှုတွေကို မျက်ခြေ မပြတ်ကြည့်ရှု ပြီး တန်ပြန် လှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ်။ 

နောက်ဆုံး သူပြုတ်သွားတဲ့အထိ တန်ပြန်လှုပ်ရှားမှုတွေကိုလဲ လုပ်ခဲ့ ကြောင်းဝန်ခံလိုပါတယ်။ 

သူအကြောင်းကို သူ့ မိန်းမ၊ သူ့ သားသမီးများ ထက်ပို သိအောင်သုတေသနပြုခဲ့ရပါတယ်။ 

အချိန်ရရင် သူကို ပြစ်မှတ်ထားလှုပ်ရှားခဲ့တဲ့ Operation အချို့ ကို ကျနော် ဆက်လက်ရေးသားပါမယ်။ သူရဲ့ ဖြစ်ရပ်ကတော့ လက်ရှိ တာဝန်ယူနေတဲ့ဝန်ကြီးများအတွက် သင်္ခန်းစာယူဖွယ်ဖြစ်ပါတယ်။ အကောင်း ဆုံး သခန်းစာ တခုလည်း ဖြစ်ပါတယ်။ 

ဦးခင်ညွန့် လုပ်ခဲ့တဲ့အပြောင်းအလဲလိုပဲ ဖြစ်သွားရင် မိမိလဲ အကြိုးမရှိ၊ တိုင်းပြည်လဲ အကျိုးမရှိ၊ အချည်းနှီး
ဖြစ် သွားနိင်ပါတယ်။ 

ဦးခင်ညွန့် ရဲ့ အပြောင်းလဲ လုပ်ဆောင်မှု ဘာကြောင့်မအောင်မြင်သလဲ လို့ ကျနော်ကို တခွန်း ထည်း ပြော ပါ လို့  မေးလာရင်တော့ '' လူထု ရဲ့  ယုံကြည်မှုမရခဲ့ခြင်း '' လို့  ကျနော် ရင်းနှီးစွာမှတ်ချက်ပေးပါမယ်။ 

၂၀၁၂ ခုနစ်မှာ ပထမအကြိမ် မြန်မာပြည်ကို ကျနော်ပြန်ရောက်ပါတယ် ။ ၀န်ကြီးဦးအောင်မင်းရဲ့ ဖိတ်ခေါ် မှုကြောင့်ဖြစ်ပါတယ်။ သူရဲ့ ရုံးတည်ရှိရာ MPC မှာသူနဲ့  ဆွေးနွေးခဲ့ပါတယ်။ ပြန်ခါနီး ဆင်ဝင်အောက်မှာ သွှူ ကို ကျနော်စကားတခွန်းပြောခဲ့ပါတယ်။ 

ဒါကတော့ ဦးအောင်မင်း အန်ကယ်တို့ ပြောင်းလဲ နေတာကို ကျနော် ယုံဖို့ထက် လူထု ယုံအောင် ပိုလုပ်ပါ လို့ အကြံပေးခဲ့ပါတယ်။ 

သို့ သော်သူသည် အလေးအနက် ထားပုံမရပါ။ အဖွဲ့ ပေါင်းဆုံနှင့် စကားပြောဖို့  ကို ပိုပြီး စိတ်အားထက် သန် နေပါသည်။ 

မိုးသီးဇွန် ~