Wednesday, August 27, 2014

စည်းကမ်းပြည့်ဝသော မြန်မာအစိုးရ တပ်မတော်

By
စည်းကမ်းပြည့်ဝသော သူခိုးတပ်မတော်
ကေအိုင်အေ တပ်ရင်း (၆) ဌာနချုပ် စခန်းထိုင်ထားတဲ့ ဖားကန့် -ဥရု ဆိုင်းရာ ဒေသကို မနှစ်က မြန်မာအစိုးရ တပ် အင်အား အလုံးအရင်း နဲ့ စစ်ကြောင်းထိုး ၀င်ရောက်လာတဲ့ အတွက် တိုက်ပွဲကြီး များ ဖြစ်ပေါ်လာနိုင်ပြီး ဆိုင်းရာကျေးရွာ တစ်ဝိုက်မှာ နေထိုင်နေတဲ့ အများပြည်သူ ကို ထိခိုက်နိုင်တဲ့အတွက် တပ်ရင်း(၆) စခန်းကုန်းကို ထားခဲ့ပြီး ခေတ္တ ရှောင်ပေးခဲ့ပါတယ်။ ရှောင်ပေးခဲ့ပြီးနောက် မြန်မာတပ် က စခန်းကုန်းကို ၀င်ရောက်တပ်စွဲထားခဲ့ပါတယ် ။
အဲဒီနောက်တော့ ဓါတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း ရသမျှ အကုန်သိမ်းကြုံး ပြီး ယူသွားကြပါတယ် ။ အိမ်အမိုး သွပ်ခွာတဲ့သူက ခွာ ၊ အိမ် ထရံခွာတဲ့သူက ခွာ ၊ အိမ်သာ ခွက်ပါ မကျန် အကုန် သယ်ယူသွားကြပါတယ် ။ ဘယ်လောက်ထိ စည်းကမ်း မရှိ ငတ်ပြတ် နေတဲ့ စစ်တပ် လဲ ဆိုတာ ကြည့်ရင် သိနိုင်ပါတယ် ။ အဲဒီတုန်းက ၀င်လာတဲ့ စစ်ကြောင်းတွေက လက်ရှိ ဖားကန့် ဗျုဟာကုန်းမှာ စခန်းထိုင်ထားတဲ့ တပ်မ (၆၆) နဲ့  တပ်မ (၁၀၁) တပ် တွေ ဖြစ်ပါတယ် ။ စည်းကမ်းပြည့်ဝသော နာမည်ကြီး သူခိုးတပ် တွေပေါ့ဗျာ ။
LikeLike ·  ·