Sunday, March 8, 2015

အစိုးရကသာ နိုင်ငံရေးကစားနေတာ ဖြစ်

အစိုးရကသာ နိုင်ငံရေးကစားနေတာ ဖြစ်
၁။ RCSS ကို တိုက်ပြီး ဘားအံ ငြိမ်းချမ်းရေးအလုပ်ရုံကနေ ပြန်လာတဲ့ RCSS ကိုယ်စားလှယ်တွေကို နာရီပေါင်းများစွာ စစ်ဆေးခြင်း၊
၂။ ကချင်တပ်မဟာ (၃)ရဲ့ ရှေ့တန်းစခန်းတစ်ခုကို ဆုတ်ပေးဖို့ မြန်မာ့တပ်မတော်က အမိန့်ပေးခြင်း၊
၃။ အခု မိုင်းလားနယ်စပ်မှာ မြန်မာ့တပ်မတော်က စစ်ရေးလေ့ကျင့်ခြင်း၊
၎။ မကြာသေးခင်က RCSS, ဝနဲ့ မိုင်လားကို တစ်နေ့ တိုက်ခိုက်ရမယ်လို့ တြိဂံတိုင်းမှူးက ခြိမ်းခြောက်ခဲ့ခြင်း
စတဲ့ အချက်များကို ထောက်ကြည့်ရင် မြန်မာအစိုးရက ပြဿနာ ရှာချင်နေကြောင်း သိသာပါတယ်။
အလားတူ ကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီး
၁။ လက်ပံတန်းမှာ ရဲမှူးကိုယ်တိုင်က အရပ်သားယောင်ဆောင်ပြီး ရိုက်ကွက်ချောင်းနေခြင်း၊
၂။ သံဃာတော်များကို စေလွှတ်ပြီး ပြည်သူတွေ တစ်မျိုး မြင်အောင် ကြံဆောင်ခြင်းဖ
၃။ မဟာဒဂုံမြို့တော်ခမ်းမမှာ ရဲနဲ့ စွမ်းအားရှင်တွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြနေတဲ့ ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊
၎။ တရားမဝင် ဆန္ဒပြသူများက ရန်ပြုလို့ ရဲတွေက လူစုခွဲရှင်းခဲ့ရကြောင်း သတင်းစာက ရေးခြင်း၊
၅။ အစိုးရမီဒီယာလို ဖြစ်နေတဲ့ 7 Days မှာ အင်တာဗျူးတစ်ခုလုပ်တော့ ပြန်ဝန် ဦးရဲထွက်က "လမ်းပေါ်ထွက်မှ ပြဿနာတွေကို ဖြေရှင်းလို့ ရမယ်လို့ ယူဆနေသရွေ့ ပဋိပက္ခတွေ ဆက်ရှိနေအုံးမှာပဲ"လို့ ဖြေကြားခြင်း၊
၆။ ပညာရေးဥပဒေကြားနာမှုမှာ မလိုအပ်တဲ့စကားတွေကို လက်ခံဆွေးနွေးခွင့်ပြုခြင်း
စတဲ့ အချက်များကို ထောက်ချင့်ရင် အစိုးရက နိုင်ငံရေးကစားလျက်ရှိကြောင်း တွေ့ရှိနိုင်ပါတယ်။