Tuesday, March 3, 2015

ပညာရေး ပြုပြင် ပြောင်းလဲမှု လှုပ်ရှားမှု ကို ထောက်ခံ

အခု ဖြစ်နေတဲ့ ပညာရေး ပြုပြင် ပြောင်းလဲမှု လှုပ်ရှားမှု ကို အစိုးရ စွပ်စွဲသလို နောက်ကနေ ကြိုးကိုင်တဲ့ အဖွဲ့ ရှိတယ် ဆိုရင် အဲဒီ ကြိုးကိုင်တဲ့ အဖွဲ့ ကို ထောက်ခံ ပါတယ်။
ဗကပ က နောက်ကနေ ကြိုးကိုင်တယ် ဆိုရင်လဲ ဗကပ ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု ကို ဦးဆောင်နေတဲ့ အတွက် ထောက်ခံ ရလိမ့်မယ်။
ပညာရေး စနစ် မကောင်းဘူး ဆိုတာ လူတိုင်းသိနေတာပဲ... အစိုးရ က ကိုယ်ကျိုးအာဏာ တည်မြဲရေး အတွက်ပဲ ကြည့်ပြီး သူတို့ သားသမီး တွေကျတော့ နိုင်ငံခြားမှာ ပညာသင်စေတယ်။ စစ်တပ်လဲ ရုရှားမှာ ထောင်နဲ့ချီ လွတ်တယ်။ ကမ္ဘာမှာ ငါးခု ပဲ ရှိတဲ့ ဗိုလ်လောင်း ကျောင်းမျိုးကိုတော့ စားရိတ်ငြိမ်း တည်ထောင်ထားပြီး သာမန် ပြည်သူတွေအတွက် ပညာရေး ကျတော့ မပြောင်းချင်ဘူး။
ဒီတော့.. ပြည်သူတွေအတွက် ရပ်တည်ပေးတဲ့ ဘယ် အဖွဲ့ အစည်း မဆို ထောက်ခံဖို့ အဆင်သင့်ပါ။
ထောက်ခံ: -crat