Friday, March 20, 2015

( ရွေးချယ်စရာက ဒီလမ်းပဲရှိတယ် )

တရုတ်ကို အဖေခေါ်ထားတော့ အလိုလိုက်လိမ့်မယ်ထင်ပြီး သွေးတိုးသွားစမ်းတာ ....
ဟိုက တခါတည်း တော့ထည့်လိုက်တာ ဂိန်လို့တောင်မအော်နိုင်တော့ဘူး ကားယားကို ကျသွားတော့တာပဲ ။
.
မြန်မာလေယာဉ်တွေ ကောင်းကင်ကို ပျံတက်ဖို့ နေနေသာသာ ဘားတိုက်ထဲကတောင် အပြင်မထုတ်ရဲတော့ဘူး ။
ဟိုက တက်လာရင် အုပ်မလို့ မြန်မာမြေ ကောင်းကင်ယံကို ဂြိုလ်တုနဲ့ ဖမ်းအုပ်ထားလိုက်ပြီ ။
စစ်တပ်လုပ်ပြီး စစ်ရေးအမြင်မရှိတာက ကိုးကန့်နဲ့ဝ နှစ်မြို့စလုံးကို တခါတည်း ဖမ်းတုတ်ထည့်လိုက်ရမှာ ၊ ကြောက်ကြောက်နဲ့ သွေးတိုးစမ်းနေတော့ ဟိုက ခွင်မတွေ့သေးလို့ ဘေမလို့စောင့်နေတာ .. အခု ခွင်တွေ့သွားပြီးလေ မြန်မာစစ်တပ်က ကျူးကျော်တယ်ဆိုတာ ။ နိုင်ငံတကာမှာ ပြစရာ ပြယုဂ်ကောင်းသွားပြီ ။ အဲ့ဒီတော့ မြန်မာနယ်စပ်အနားမှာ တရုတ်က လေတပ်ရော ကြည်းတပ်ရော ၊ ရမုတ်ကွန်ထရိုးတပ်ရော တပ်မကြီးတစ်မ ချထားလိုက်တယ် ။
.
မြန်မာစစ်သားတွေ လှုပ်ရှားသမျှကို ဂြိုက်တုကနေတဆင့် ထောက်လှန်းရေးပုံရိပ်တွေယူပြီး ကိုးကန့်နဲ့ ဝတွေကို စစ်ရေးညွှန်ကြားမှု့တွေပေးနေတော့ ဟိုကကောင်တွေက ဂြိုလ်တုကပြောပြတဲ့တောင်ကုန်းကို အမြှောက်သုံးပြီး ပစ်ထည့်လိုက်ရုံပဲ ။
ဘာဂြိုလ်တုမှ မရှိတဲ့ မြန်မာစစ်တပ်က ရန်သူဘယ်နားရှိမှန်းသိတာမဟုတ်ဘူး ။ ထင်တဲ့တောင်ကုန်းဘက်ကို မှန်းပြီးတက်ရတာ ၊ သူတို့သွားတဲ့ဘက်ကို ရန်သူက ကြိုသိပြီး နေရာချိန်းသွားတယ် ။ သူတို့ရောက်မှ လိုအပ်တဲ့နေရာကို ဂြိုလ်တုပုံရိပ်သေချာပြီဆိုမှ အဝေးပစ်လက်နှက်နဲ့ ထုထဲလိုက်တော့ ပစ်ကွင်းထဲမှ ကားကနဲ ကျပြီး မြန်မာစစ်သားတွေ အလောင်တွေထပ်ကုန်တော့တာပါပဲ ။
ခေါင်းဆောင်ရဲ့ ဗျူဟာက စောက်သုံးမကျတော့ ငယ်သားတွေ ရန်သူနဲ့မတိုက်ရပဲ တဖက်သတ်အပစ်ခံရပြီး သေကြရတယ် ။
စစ်ရေးအမြင်ဆိုတာ ရန်သူနဲ့ ထိပ်တိုက်တွေ့ပြီး သေနတ်ချင်း ယှဉ်ပစ်တာကို ပြောတာမဟုတ်ဘူးကွ ။ ရန်သူကို ယှဉ်နိုင်တဲ့ အခင်းအကျင်းအင်အားတွေကို ဖန်တီးနိုင်တဲ့ အရည်အချင်းကိုးခေါ်တာ .. သဘောပေါက်ရဲ့လား ။
မင်းတို့မှာ ရန်သူကို ကြိုမြင်နိုင်တဲ့ မဟာဗျူဟာ စနစ်မရှိဘူး ။ ဟိုဘက်က တရုတ်ပြည်ရှိတယ် ၊ မင်းတို့စစ်တပ် ဘယ်ဘက်ကိုလာနေပြီ ဘယ်တောင်ကုန်းမှာ အင်အားဘယ်လောက်ဆိုတာ အကုန်သိနေတယ် ။
.
ဒီတော့ လုပ်စရာရှိတာက ဗြောင်တိုက်စနစ်ပဲ ။ အခု နောက်ဆုံးကျန်နေတဲ့ ဝဒေသအနီးက ကိုးကန့်ခံတပ်မြိုကို ပေါ်ပေါ်ထင်ထင် မိန်းလမ်းကြောင်းကနေ ကြည်းကြောင်းအင်အားအလုံးအရင်းနဲ့ နှစ်ဘက်ညှပ်ဝင်ပြီးတိုက်ဖို့ပဲရှိတယ် ။ တောလမ်းကတက်ရင် ရန်သူရဲ့သတ်ကွင်းထဲကို ကိုယ်ကဝင်သလိုပဲ ဖြစ်မယ် ။
ဝဒေသရဲ့ မြောက်ဘက်ထိပ်က နယ်မြေထဲကနေတဆင့် ဇွတ်ဝင်ပြီးတိုက်မှ ဖြစ်နိုင်မယ် ၊ ဝတွေကတော့ အပြင်းအထန်ကန့်ကွက်မှာပဲ ။ ဒါပေမယ့် ရွေးချယ်စရာက ဒီလမ်းပဲရှိတယ် ။ ဝကိုပါ မတိုက်ရဲရင် ကိုးကန့်ကို ဘယ်တော့မှ မနိုင်တော့ဘူး ။ 
.
ဝနဲ့ကိုးကန့်က အတူတူပဲ ။ တရုတ်လူမျိုးတွေးချည်းပဲ ။ တရုတ်တပ်က ဝဒေသထဲဝင်ပြီးတော့ ဝအမည်ခံပြီး စစ်ပွဲထဲကို ဝင်လာနိုင်တယ် ဝင်လာမယ် ။ ကွမ်းတုံရက် ၄၀ စစ်ပွဲတုန်းကလဲ တရုတ်တပ်တွေ ဝင်ခဲ့တာပါပဲ ။ ဒါပေမယ့် သူတို့တတွေက ကြည်းတပ်သီးသန့်မှာ လူအင်အားတပ်ပဲ ဝင်လာလို့ရမယ် ၊ ယန္တရားနဲ့ လေကြောင်းတပ်တွေ ဝင်လာနိုင်စရာတော့ ကမ္ဘာ့စစ်ရေးဇာတ်ခုံပေါ်မှာ အဲ့ဒီလောက်အထိ မမိုက်ရဲသေဘူးလိုတော့ ယူဆတယ် ။
နောက်မှပေါက်တဲ့ ရွှေကြာပင် ကိုးကန့်နဲ့ ဝကို လက်နှက်မဖြုတ်သိမ်းနိုင်သေးသ၍ ကျန်တဲ့ တိုင်းရင်းသားတွေကို လက်နှက်ဖြုတ်ခိုင်တယ်ဆိုတာ သဘာဝမကျသလို ၊ ဘယ်သူမှလဲ လက်ခံနိုင်မှာ မဟုတ်ဘူး ။ တရားသဖြင့်လဲ မဖြစ်ဘူး ။
( ဦးနိုင်ဝင်း လန်ဒန် )


dded 3 new photos. 3 hrs · =====================