Friday, August 9, 2013

"ငြိမ်းချမ်းရေးဖခင်ကြီး သခင်အောင်မင်းတို့အဖွဲ့က ပြည်တွင်းမှာပဲ ဆွေးနွေးပွဲတွေ လုပ်ရအောင်ဆိုလို့


by-Facebook
Zau Man Hpunggan updated his status: "ငြိမ်းချမ်းရေးဖခင်ကြီး သခင်အောင်မင်းတို့အဖွဲ့က ပြည်တွင်းမှာပဲ ဆွေးနွေးပွဲတွေ လုပ်ရအောင်ဆိုလို့ နှစ်ဖက်စလုံးအတွက် အဆင်ပြေတဲ့နေရာ Prang Ngawn ရွာမှာ Peace and Negotiation Center ကို KIO က တရုတ်ယွမ်သောင်းချီ အကုန်ခံပြီး တည်ဆောက်ခဲ့တယ်။ ဆောက်ပြီးသွားတော့မှ ရန်ကုန်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Center) ဆိုတာကြီး ကောက်ဖွင့်ပြီး EU က အကူအညီတွေ အကုန်သိမ်းကြုံးယူသွားတယ်။ Egress အဖွဲ့သားတွေလည်း အမြီးတနံ့နံ့နဲ့ ၀ိုင်းပံ့ပိုးကြရှာပါတယ်။ KIO ရဲ့ Prang Ngawn Center ကြီးကတော့ ဖုန်တက်လို့ နေလေရဲ့။
ဒီလောက် မျိုဆို့နေရတာတောင် အားမရသေးဘူး ... ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော်ဖို့ နိုင်ငံတော်ဘတ်ဂျက် တစ်ဝက်လောက်လိုပါသတဲ့ ... အရှက်မရှိ ပြောရဲတဲ့ ပါးစပ်၊ အံ့သြလို့ မဆုံးဘူး...
မြစ်ကြီးနားက ကချင်လူထုအခြေပြု KIO Technical Advisory Team (Machyoi Hpung Rapdaw) နဲ့ MPC ထိပ်တိုက်တွေ့ကြပြီပေါ့ကွာ... MPC က Scholar ကြီးတွေ ကိုယ့်ရာထူး၊ ဘွဲ့ထူးဂုဏ်ထူးတွေကိုမှ အားမနာ ... မုန်လာဥတော့ မလုပ်လောက်ဘူး ထင်တယ် ... "