Tuesday, August 15, 2017

မြန်မာစစ်တပ်မှ ကဆုန့်၊ RC ဘုရားကျောင်း ထဲမှ အလှူပုံး ရိုက်ခွဲ ပြီး အလှူ ငွေ များ ခိုးယူ


Lachid Kachin 
14,8,2017
ကချင်ပြည်နယ် ၊ နမ္မတီး မြို့နယ် ၊ ကဆုန့် ကျေးရွာ သို့ မြန်မာ စစ်တပ်
(ခမ၇-၃၈၁) တပ်ဖွဲ့ များ သည် (၁၁၊၈၊၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀)
နာရီအချိန်ခန့် တွင် ရောက်ရှိလာပြီး ရွာထဲ ရှိတွေ့ သမျှ ၇ွာ သားများအား
အကြောင်းမဲ့ သေနတ် ဖြင့် ပစ်ခတ် တိုက်ခိုက် ခြင်းကြောင့် ရွာ သားအချို့
ထိခိုက်သေဆုံးပြီး အချို့ ဒဏ်ရာ ရရှိကာ ကဆုန့် ရွာသား (၁,၀၀၀) ကျော်
(ရွာလုံး-ကျွတ်)တို့ သည် မြန်မာ စ်တပ် ၏ ရန်မှ လွတ်ရန် အတွက် နမ္မတီး
၊လမ်ဘရော့ယာန် (Lam Braw Yang) သို့ အသက်လု က ကိုယ်လွှတ်
ထွက်ပြေးခဲ့ ရသည်။
မြန်မာ စစ်တပ် (ခမရ-၃၈၁) တပ်ဖွဲ့ များသည် ကဆုန့် ကျေးရွာ ရှိ RC
ကက်သလစ် ဘုရားကျောင်း ဆောင် အထဲတွင် စခန်းချ ပြီး ဘုရားကျောင်း
အတွင်းရှိ ၊ဘုရားစဉ် ရှိ အလှူ ပုံး အား တော့ ရိုက်ဖျက် ကာ ၊ အတွင်းရှိ
အလှူ ငွေ အားလုံးကို ခိုးယူလိုက်ကြောင်းသိရှိရပါသည်။
ထို့ အပြင် မြန်မာ စစ်တပ်(ခမရ-၃၈၁ )တပ် များ သည် ၊ မိမိတို့ ကက်သလစ်
(RC) ဘာသာဝင်များ အထွုတ်အမြတ် ထားရာ ဘုရား ဗိတ်မာန်တော် အတွင်း
ချက်ပြုတ် စားသောက်၊ မဖွယ်မရာ အရေက်သေစာများ သောက်စား ကာ
ပွစာကျဲ အောင် မွှေနှောက်ထားခဲ့ ကြသည် ကို ဒေသခံ များက ဓါတ်ပုံ အထောက်
အထားများနှင့် တကွ ပေးပို့ လာ ကြပါသည်။
ဘုရားကျောင်း အတွင်း မှ (၇၅-မမ) လက်နက်ကြီးများပစ်ခတ် ထားသည့်
ကျည်ဆံ ခွံ များလည်း ပြန့် ကျဲ လျှက် ရှိသည် ကို တွေ့ရပါသည်။
(၄င်း မြန်မာ တပ်(၁၂.၈.၂၀၁၇) ရက်နေ့ တွင် ကေအိုင်အေ တပ်ရင်း (၁၁) မှ
လာရောက် ရှင်းလင်း ကာ ကဆုန့် ကျေးရွာမှ တိုက်ထုတ် လိုက် ပြီဖြစ်ကြောင်း
သိရှိရပါသည်.)
Kasung,mare na RC nawku jawng kata na A Lu, sadek hpe myen
hpyen ni a dup hpaw di A Lu, gumhpraw hpe la kau.
Photo-TNK