Tuesday, August 15, 2017

ရခိုင်ပြည်နယ်အား ကြည့်မြင်ခြင်း အပိုင်း ၁

#eaos_mms75
15/8/2017
Mg Mg Soe


ရခိုင်ပြည်သည် မြန်မာပြည်အနောက်ဖက်ခြမ်း ကမ်းရိုးတန်းဒေသ
ဖြစ်သည်။ မြောက်မှတောင်သို့ သွယ်တန်းနေသည့် မြင့်မားသော ရခိုင်ရိုးမ တောင်တန်းက ပြည်မနှင့်ရခိုင်အကြားတားဆီးထားသည်။ရခိုင်ပြည်နယ်
တောင်ဖက်ခြမ်း၌ ကမ်းရိုးတန်းသည် ကျ ဉ်းမြောင်းသေးသွယ်သော်လည်း
ရခိုင်ပြည်နယ် မြောက်ဖက်ခြမ်း နတ်မြစ် မယူမြစ် ကုလားတန်မြစ် လေးမြို့
မြစ်ဝှမ်းတို့ကား ကျယ်ပြန့်သည့် မြေဆီမြေနှစ်ပြည့်ဝသည့်လွင်ပြင်ဖြစ်သည်။
ထို့ကြောင့်လည်း ရခိုင်တို့၏နှစ်ထောင်ချီ သည့်သမိုင်းတွင် ကုလားတန်
မြစ်ဝှမ်း လေးမြို့ မြစ်ဝှမ်းတို့တွင် ဓညဝတီ ဝေသာလီ လေးမြို့ မြောက်ဦးဟူ
သည့် ရခိုင်မြို့ ပြပဒေသရာဇ်နိုင်ငံများ တည်ထောင်နိုင်ခဲ့ကြပြီး စည်ပင်ဖွံ့ဖြိုး
ခဲ့ကြသည်။ စောစီးစွာကပင် ဗုဒ္ဓဘာသာထွန်းကားခဲ့သည်။ သို့သော် ပဒေသ
ရာဇ်တို့၏အားပြို င်မှု တွင် ၁၇၈၅ ခုနှစ်တွင် မြောက်ဦးထီးနန်းဆုံးရှုံးခဲ့ပြီး
အင်းဝဘုရင်လက်အောက်သို့ကျရောက်ခဲ့သည်။ ထို့နောက် ၁၈၂၅ ခုနှစ်တွင်
အင်္ဂလိပ်တို့လက်အောက်သို့ ကျ ရောက်ခဲ့ပြန်သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာ
ပြည်၏အစိတ်အပိုင်းအဖြစ် အင်္ဂလိပ်အောက်မှ လွတ်လပ်ရေးရခဲ့သည်။
အနီးခေတ်သမိုင်းတွင် ရခိုင်ပြည်နယ်နှင့် ရခိုင်သားတို့သည် ပြသနာများ
စွာကို ရင်ဆိုင်ရုန်းကန်နေခဲ့ရသကဲ့သို့ ယနေ့တိုင်လည်း ရုန်းကန်ရင်ဆိုင်နေ
ရဆဲဖြစ်သည်။ ရခိုင်ပြည်နယ်အနေနှင့် ယနေ့ကာလတွင် ရင်ဆိုင်နေရသည့်
ပြသနာ ၃ ရပ်ရှိသည်ဟုဆိုရပါမည်။ ၎င်းတို့မှာ
၁။ ရခိုင်ပြည်နယ် နိုင်ငံရေးပြသနာ
၂။ ရခိုင်ပြည်နယ်ရှိ နိုင်ငံခြားရင်းနှီးမြှု ပ်နှံမှု ပြသနာ
၃။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြသနာ တို့ဖြစ်သည်။
အထက်ပါပြသနာ ၃ ရပ်သည် ရခိုင်ပြည်နယ် ရင်ဆိုင်နေရသည့် ပြသ
နာ ၃ ရပ်ဖြစ်သည်။ ရခိုင်သားတို့ရင်ဆိုင်နေရသည့် ပြသနာ ၃ ရပ်ဖြစ်သည်။
ထို့အတူ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်နေသူများ ရခိုင်ပြည်နယ်ပြသနာ
ကို ဖြေရှင်းရန်တာဝန်ရှိသူများ မျက်မှောက်ပြု ရင်ဆိုင်နေရသည့် ပြသနာ ၃ ရပ်လည်းဖြစ်ပေသည်။
ရခိုင်ပြည်နယ် နိုင်ငံရေးပြသနာ
ရခိုင်ပြည်နယ် နိုင်ငံရေးပြသနာတွင် နှစ်ပိုင်းရှိသည်။ ပထမပိုင်းက
ရခိုင်တို့၏ ကိုယ်ပိုင်လက္ခဏာနှင့်သက်ဆိုင်သည့်အပိုင်းဖြစ်သည်။ ဒုတိယ ပိုင်းမှာ ရခိုင်ပြည်နယ်၏ လူမှု စီးပွါးနှင့်ပတ်သက်သောအပိုင်းဖြစ်သည်။
ရခိုင်တို့၏ ကိုယ်ပိုင်လက္ခဏာနှင့်ပတ်သက်သည့်အပိုင်းသည် ရခိုင်
အမျိုးသားစိတ်ကို ဖေါ်ပြသည်။ နှစ်ထောင်ချီ ၍ မြို့ ပြနိုင်ငံကို ထူထောင်နိုင်
ခဲ့သည့် အခြေခံပေါ် ကိုယ့်ထီးကိုယ့်နန်း ကိုယ်ကြငှန်းနှင့် နေခဲ့သည်ဆိုသည့်
အခြေခံပေါ်တွင် အင်းဝဘုရင်၏ သိမ်းပိုက်မှု ကို လက်နက်ကိုင် ဆန့်ကျင်ခဲ့
ကြသည်။ အင်္ဂလိပ် ဂျ ပန်တို့အားလည်း နည်းမျိုးစုံဖြင့် ဆန့်ကျ င်တိုက်ပွဲဝင်
ခဲ့ကြသည်။ အဆိုပါ မျိုးချစ်စိတ်ဆိုသည့်အခြေခံပေါ်တွင် ရခိုင်သမတနိုင်ငံ ထူထောင်ရေးဆိုသည်ကို ဂျ ပန်ခေတ်ကထဲက စတင် ကြွေးကြော်ခဲ့ကြဘူး သည်။
လွတ်လပ်ရေးခေတ်ဦးကာလက ပြည်မနှင့်ပူးပေါင်းသော ဖဆပလ အမတ်များသည် ၁၉၄၇ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ၁၉၅၁ ခုနှစ်
ရွေးကောက်ပွဲတွင် ရခိုင်လူထုကြားသြဇာရှိသော ရခိုင်အမတ်များ အနိုင်ရခဲ့
သည်။ ထို့နောက် ထိုအမတ်များစုပေါင်းပြီး ရခိုင်တိုင်းရင်းသားညီညွတ်ရေး
အဖွဲ့ချုပ်ပါတီ ( ရတည ) ကိုဖွဲ့စည်း၍ ပါလီမန်တွင် ရခိုင်အား အမျိုးသား
ပြည်နယ်တရပ် သတ်မှတ်ရေးအတွက် ပါလီမန်အတွင်း လုံးပမ်းခဲ့ကြသည်။
ထိုစဉ်က ရခိုင်အား ပြည်မအုပ်ချုပ်ရေးနှင့်တွဲ၍ တိုင်းအဆင့်သတ်မှတ်ထား
သည်။ ရခိုင်ပြည်နယ်ရရှိရေးအတွက် ရတည ရခိုင်အမတ်များသည် ဖဆပလ အကွဲတွင် သန့်ရှင်းနှင့် ပူးပေါင်းခဲ့ကြသည်။
သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက် ရခိုင်တို့၏
ဥပဒေတွင်းလှု ပ်ရှားမှု ရပ်တန့်သွားခဲ့သည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေထွက်
ရှိလာသောအခါ ရခိုင်အား တိုင်းမှ ပြည်နယ်အဆင့်ပြောင်းလဲသတ်မှတ်ခဲ့
သည်။ ၁၉၈၈ အရေးတော်ပုံအပြီး ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲတွင် ALD ပါတီသည် ရခိုင်ပြည်နယ်တွင် အနိင်ရခဲ့သည်။ လွှတ်တော်ခေါ်ယူပေးခြင်း
မခံခဲ့ရ။ ၂၀၁၀ ရွေးကောက်ပွဲတွင် RNDP ပါတီ ၊၂၀၁၅ ရွေးကောက်ပွဲတွင်
RNDP နှင့် ALD တို့ပေါင်းထားသည့် ANP ပါတီတို့ နေရာအများစုတွင် အနိုင်
ရခဲ့သည်။
လွတ်လပ်ရေးပြီးနောက် ကျင်းပသည့် ပါတီစုံရွေးကောက်ပွဲတိုင်းတွင်
ရခိုင်ပြည်နယ်နေရာအများစုတွင် ရခိုင်အမျိုးသားပါတီများသာ အနိုင်ရကြ
သည်။ ပြည်မမှ အာဏာရပါတီရော အတိုက်အခံပါတီပါ တိုးမပေါက်ခဲ့ပေ။ ဤသည္မွာ ရခိုင္လူမ် ဳိ းတိ့ု၏ အမ် ဳိးသားကိုယ်ပိုင်လက္ခဏာစေ့ဆော်မှု ကြောင့်လည်းဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်တွင်းသို့ ပြည်မမှအခြေချ လာရောက်နေထိုင်သူ မရှိသလောက်နည်းပါးသည်ကိုလည်း ပြသည်။
ဤသို့ဥပဒေတွင်း နိုင်ငံရေးလှု ပ်ရှားမှု ရှိသကဲ့သို့ မိမိနိုင်ငံရေး ရည်မှန်း
ချက်အတွက် အစိုးရအား လက်နက်ကိုင်တိုက်ခိုက်မှု များသည် ၁၉၄၇ မှစတင်
ခဲ့သည်။ ရခိုင်လက်နက်ကိုင်တိုက်ခိုက်မှု ကို မျိုးဆက် ၃ ဆက်ခွဲခြားတွေ့ရှိရ
သည်။ ပထမမျိုးဆက်မှာ ၁၉၄၈ မှစတင်သော အဖွဲ့များဖြစ်သည်။ ၎င်းအဖွဲ့
များမှာ ဗမာပြည်ကွန်မြူ နစ်ပါတီ ရခိုင်ပြည်နယ်၊ ရခိုင်ပြည်ကွန်မြူ နစ်ပါတီ
(မူလ အလံနီ ) ၊ ပြည်သူလွတ်မြောက်ရေးပါတီ၊ ရလတ ခေါ် ရခိုင်အမျိုးသား
လွတ်မြောက်ရေးတပ်ဦး၊ ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်
(ရမလဖ) ၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးအဖွဲ့ ( ရမညဖ) စသည့် လက် နက်ကိုင်အဖွဲ့များဖြစ်သည်။ ထိုအဖွဲ့အားလုံးလုံးလိုလိုတွင် အစောပိုင်းကာလ
က လက်ဝဲအယူအဆလွှမ်းမိုးသည်။ ၁၉၆၀ နောက်ပိုင်းတွင်မှ အမျိုးသား
ရေးအလံစတင်တွေ့ရသည်။ ထိုအဖွဲ့များသည် အစောပိုင်းကာလများတွင် အင်
အားကောင်းခဲ့သော်လည်း ၁၉၈၀ ခန့်တွင် အင်အားလျော့ကျ ပြီး ဘင်္ဂလား
အိန္ဒိယ နယ်စပ်သို့ ရောက်သွားခဲ့သည်။ ၁၉၉၀ နောက်ပိုင်းတွင် အဆိုပါ ရခိုင်
လက်နက်ကိုင် ပထမမျိုးဆက်အဖွဲ့များ မတွေ့ရတော့ပေ။
ရခိုင်လက်နက်ကိုင် ဒုတိယမျိုးဆက်မှာ ALP/ALA ရခိုင်လွတ်မြောက်
ရေးပါတီ/ရခိုင်လွတ်မြောက်ရေးတပ်မတော် နှင့် AIO/AIA ရခိုင်ပြည်လွတ်
လပ်ရေးအဖွဲ့/ ရခိုင်လွတ်လပ်ရေးတပ်မတော် တို့ဖြစ်ပြီး ၁၉၆၈ ဝန်းကျင်တွင်
အပြို င်းအရိုင်းပေါ်လာခဲ့သည်။ အမျိုးသားရေးအလံလွှင်ထူ စွဲကိုင်ကြသည်။ လက်ရှိတွင် ထိုဒုတိယမျိုးဆက်မှ ALP/ALA မှာ အင်အားမကြီးထွားသော် လည်း ယခုတိုင်ရပ်တည်နေနိုင်သေးသည်။ ယခုအခါ အစိုးရနှင့် NCA လက် မှတ်ထိုးထားပြီး အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လျက်ရှိသည်။
ရခိုင်လက်နက်ကိုင် တတိယမျိုးဆက်မှာ ၁၉၈၈ နောက်ပိုင်းတွင် ပေါ်
ပေါက်လာသည်။ ၎င်းတို့မှာ ANC/AA ရခိုင်အမျိုးသားကောင်စီ/ရက္ခိုင့်တပ်
မတော်နှင့် ULA/AA ရခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်မတော် တို့ဖြစ်
သည်။ နှစ်ဖွဲ့လုံး အမျိုးသားရေးအလံစွဲကိုင်ထားကြသည်။ ANC/AA မှာ
အင်အားကြီးထွားမလာဘဲ ရပ်တည်နိုင်သည့်အဆင့်တွင်ရှိသည်။ ULA/AA
ကတော့ အင်အားထောင်အချို့ထိ ကြီးထွားလာပြီး ရခိုင်လူထုကြားတွင် ရေ
ပမ်းအစားဆုံးဖြစ်သည်။ နှစ်ဖွဲလုံး NCA လက်မှတ်ထိုးခြင်းမရှိသေးဘဲဆွေး
နွေးဆဲသာရှိပါသေးသည်။
၂၀၁၄ ခုနှစ်ပြည်နယ်အစိုးရကထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ရခိုင်ပြည်နယ်တွင် စပါးစိုက်ဧက ၁၁၁၁၈၃၅ ဧက ရှိပြီး အခြားသီးနှံစိုက်
လယ်မြေ ၁၂၃၈၅ ဧကရှိသည်။ ဝမ်းစားဖူလုံမှု ၁၄၉.၇၈% ဖြစ်သည်။ ဆန်
စပါးထွက်ရှိမှု ၏ ၃ ပုံ ၁ ပုံ ပိုလျံ သည်။ မိုင် ၃၆၀ ရှည်လျားသောကမ်းရိုးတန်း
နှင့် မြစ်ချောင်းများစွာတွင် ရေလုပ်ငန်းလုပ်ကိုင်၍ရသည်။ ဆားလုပ်ငန်း လုပ်
ကိုင်၍ရသည်။ ပုဇွန်မွေးမြူ ဧရိယာ ၁၀၀၈၉၅ ဧကရှိသည်ဟုဆိုသည်။ သစ်
ဝါးထုတ်လုပ်ခြင်းအတွက် ကြိုးဝိုင်းသစ်တော ၈၁၇ စတုရန်းမိုင် ကြိုးပြင်
ကာကွယ်တော ၁၈၀၇ စတုရန်းမိုင်ရှိသည်။ သာယာလှပသော ပင်လယ်ကမ်း
ခြေနှင့် အပမ်းဖြေလုပ်ကိုင်နိုင်နေများရှိသည်။ အခြားပြည်နယ်နှင့်တိုင်း
အများစုတွင်မရှိသည့် ရှေ့ဟောင်းယဉ်ကျေးမှု မြို့ တော်တခုရှိသည်။
သို့သော် ဤသို့သောရေခံမြေခံကောင်းသည့် ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေမှာ မစ္စတာကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော် မရှင်၏ ၂၀၁၇ မတ်လတွင် ထုတ်ပြန်သည့် ကြားဖြတ်အစီရင်ခံစာအရ မြန်
မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်နေသည်။ စီးပွါးရေးကဏ္ဏတွင်
အလုပ်သမားအများစုအတွက် အသက်မွေးဝမ်းကြောင်းမှုများပြု လုပ်နိုင်ရန် လုံလောက်သည့်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းမရှိဟုဆိုပါသည်။
ရခိုင်ပြည်နယ်မှ အလုပ်လုပ်နိုင်သည့်အရွယ် ၅ သိန်းခန့်သည် ထိုင်း မလေး ရှား တရုတ်ပြည်နှင့် ဖါးကန့်ဒေသတို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေကြ
ပါသည်။
ကိုဖီအာနန် ကော်မရှင်၏ကြားဖြတ်အစီရင်ခံစာအရ ပြည်နယ်အတွင်း
အခြေခံလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည်။
ပညာရေးကဏ္ဏတွင်လည်း တပြည်လုံးတွင် ပျမ်းမျှလုပ်ဆောင်နိုင်မှု ၏
အောက်တွင်ရှိနေသည်။ မူလတန်းအဆင့်ပြီးသည်အထိ စာသင်ကြားနိုင်
သည့် ကျောင်းသား ရာခိုင်နှုံးအလွန်နိမ့်ကျနေသည်ဟုဆိုပါသည်။ ထို့ပြင်
ရခိုင်ပြည်နယ်ရှိ မြို့ နယ် ၁၁ မြို့ နယ် မြို့ နယ်ခွဲ ၂ ခုတိုတွင် မဟာဓါတ်အား
လိုင်းမှ လျပ်စစ်စတင်သုံးစွဲနိုင်သည်မှ ၂ နှစ်မျှ သာရှိသေးသည်။ မြို့ နယ် ၆ မြို့
နယ်နှင့် မြို့ နယ်ခွဲ ၁ ခုတို့တွင် မဟာဓါတ်အားလိုင်းမရောက်သေးပေ။ ရောက်
သည့်မြို့နယ်များတွင်လည်း ကျေးရွာအများစု မရောက်နိုင်သေး။
ဤသို့သောအခြေအနေတွင် ရခိုင်လူထုကြားတွင် နိုင်ငံရေးအရ မကြေ လည်မှု များရှိနေသည်မှာ မထူးဆန်းပေ။ ANP အနေနှင့် ရခိုင်လူထုရွေးချယ်
မှု အရ ပြည်နယ်လွှတ်တော်တွင် အများစုဖြစ်သော်လည်း လက်ရှိအခြေခံဥပ
ဒေအရ ပြည်နယ်အစိုးရဖွဲ့ခွင့်မရှိ။ ပြည်နယ်လွှတ်တော်တွင် အများစုဖြစ်နေ
သော်လည်း ရခိုင်လူထုအကျိုးရှိမည့်ဥပဒေများချမှတ်နိုင်ရန် အကန့်အသတ်ရှိ သည်။ ရခိုင်ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ဆိုသည်မှာလည်း ပြည်ထောင်စု
အစိုးရဘတ်ဂျ က်၏ ၀.၇% (2016/17) သာရှိသည်။ ပြည်ထောင်စုအစိုးရ
ဝန်ကြီးဌာနများက ရခိုင်ပြည်နယ်အတွက် သုံးစွဲသည့် ဘတ်ဂျက်များကိုလည်း
ရှင်းလင်းစွာ မသိရသည့်ပြင် ရခိုင်လူထုကိုယ်စားပြု သူများ စီမံခန့်ခွဲမှု မရဟု
ကြည့်မြင်ကြသည်။ ထို့ပြင် ရခိုင်ပြည်နယ်တွင်အများစုအနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အမတ်များမှလည်း ပြည်ထောင်
စုအဆင့်တွင် ၂% မှ ၄% မျှသာ ရှိရာ မည်သည့်ထိရောက်သည့် အဆိုဆုံးဖြတ်
ချက်များကို ပြည်ထောင်စုအဆင့်တွင် ထိရောက်စွာတင်ပြဆုံးဖြတ်နိုင်စွမ်းမရှိ ဟု ရှု မြင်ကြသည်။
ထိုသို့သောအခြေအနေတွင် ရခိုင်လူထုကြားတွင် ဥပဒေတွင်းဆောင်ရွက်
မှု များက ရခိုင်လူထုအကျိုးအတွက်ဆောင်ရွက်နိုင်မှု နည်းသည်ဟုရှု မြင်ကြ
သည်။ အမျိုးသားလက္ခဏာအရ ANP ပါတီကို မဲပေးကြသော်လည်း ရခိုင်
အကျိုးစီးပွါးအတွက် လက်နက်ကိုင်တိုက်မှ ရမည်ဆိုသည့်အမြင်သည် ရခိုင်
လူထုအကြား အထူးသဖြင့် ရခိုင်လူငယ်များကြားဖြစ်ပေါ်လာပေရာ ULA/AA လည်းအင်အားကြီးထွားလာသည်။ လက်နက်ကိုင်ပဋိပက္ခသံသရာသည် လည်း အဆုံးမသတ်နိုင်ဘဲရှိနေသည်။
အဓိကပြသနာမှာ ဖက်ဒရယ်မူများနှင့်အညီ ပြည်နယ်နှင့် ပြည်ထောင်စု
အစိုးရကြား အာဏာခွဲဝေမှု လုပ်ပိုင်ခွင့်ခွဲဝေမှု များကို နိုင်ငံရေးအရဖြေရှင်း
ပေးမှသာ လက်ရှိရခိုင်ပြည်နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ပေလိမ့်
မည်။
ရခိုင်ပြည်နယ်ရှိ နိုင်ငံခြားရင်းနှီးမြှု ပ်နှံမှု ပြသနာ
လက်ရှိတွင် ရခိုင်ပြည်နယ်တွင်းရှိ နိုင်ငံခြားရင်းနှီးမြှု ပ်နှံမှု မှာ ၁၀
ဘီလျံကျော်ရှိသည်ဟုဆိုသည်။ အများစု ရခိုင်ကမ်းလွန်၌ ရေနံနှင့်သဘာဝ
ဓါတ်ငွေ့တူးဖေါ်မှုတွင်မြှု ပ်နှံထားကြသည်။ လက်ရှိတွင် ရွှေသဘာဝဓါတ်ငွေ့
ထုတ်လုပ်မှု စတင်နိုင်ပြီး ကျောက်ဖြူ မြို့ အနီးတွင် Offshore Gas Terminal
ဆောက်လုပ်၍ ၂၀၁၃ အောက်တိုဘာ ၂၁ ရက်တွင် စတင်ပို့လွှတ်နိုင်ခဲ့သည်။ ထို့ပြင် အရှေ့အလယ်ပိုင်းမှသယ်ဆောင်လာသည့် တရုတ်တို့၏ရေနံများကို ပိုက်လိုင်းဖြင့် မြန်မာပြည်ဖြတ်သန်းပို့ဆောင်ရန် ခွင့်ပြု ခဲ့ပြီးရေနံပိုက်လိုင်း တည်ဆောက်ခွင့် မဒေးကျွန်းတွင် ရေနံတင်သင်္ဘောဆိပ်ကမ်းဆောက်လုပ်ခွင့် ရေနံသိုလှောင်ကန်နှင့် ရေနံတွန်းပို့စခန်းများ ဆောက်လုပ်ခွင့် မြန်မာရေ ကြောင်းအသုံးပြု ခွင့်တို့ပေးအပ်ခဲ့သည်။ ထို့ပြင် တရုတ်အစိုးရပိုင် China International Trust Invesment Corporation CITIC သည် ကျောက်ဖြူ
တွင် အထူးစီးပွါးရေးဇုံ ပြုလုပ်ခွင့်ရရှိထားပြီး အထူးစီးပွါးရေးဇုံနှင့်ဆက်စပ်
ပြီး ပင်လယ်ကူး ကုန်တင်ကုန်ချ ဆိပ်ကမ်းတခုဆောက်လုပ်ရန် ဆွေးနွေး
နေဆဲဖြစ်သည်။
ဤသို့သောအခြေအနေတွင် ရခိုင်ဒေသခံများ လယ်မြေများစွာ လျော်
ကြေးပေးသိမ်းယူခံရသည်။ ရေနံတင်သင်္ဘောကြီးများဝင်ထွက်မှု ကြောင့်
ဒေသခံတို့၏ ရေလုပ်ငန်းများထိခိုက်သည်။ ဒေသခံတို့၏ မိရိုးဖလာ အသက်
မွေးဝမ်းကြောင်းတို့ ပြောင်းလဲရမည့်အခြေသို့ဆိုက်ပြီး အခက်အခဲရှိကုန်ကြ
သည်။ထို့ပြင် အထူးစီးပွါးဇုံတွင် ဆောက်လုပ်မည့် စက်ရုံများမှ ဘေးထွက်ဆိုး ကျိုးများရှိလာပါက ဒေသခံတို့အား သက်ရောက်မည်ဖြစ်သည်။ ဤတွင် ရခိုင်လူထုကြားတွင် မေးခွန်းပေါ်လာသည်မှာ ရခိုင်ပြည်နယ်တွင်လာရောက် ရင်းနှီးမြှု ပ်နှံမှု များမှ ရခိုင်တို့အတွက် မည်သည့်အကျိုးကျေးဇူးခံစားရပါ သနည်း ဆိုခြင်းဖြစ်သည်။
လောလောဆယ်တွင် ၂၀၁၄ အကုန် ၂၀၁၅ တွင် ၂၃၀KV ဓါတ်အား
ခွဲရုံ ၄ ရုံနှင့် မဟာဓါတ်အားလိုင်း ရခိုင်ပြည်နယ်သို့ရောက်လာခြင်းသည်
နိုင်ငံခြားရင်းနှီးမြှု ပ်နှံမှု ၏ အကျိုးအမြတ်တစိတ်တပိုင်း ရယူခံစားခြင်း
ဖြစ်သည်ဟုဆိုနိုင်သည်။ သို့သော်အဓိကပြသနာမှာ နိုင်ငံခြားရင်းနှီးမြှု ပ်နှံ
များ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာ၍ ရသည့်အကျိုးအမြတ်မှ ရခိုင်ပြည်
နယ်အတွက် ဒေသခံများအတွက် မည်ရွေ့မည်မျှ အကျိုးခံစားခွင့်ရှိသည်ဆို
သည့် ဥပဒေပြဌာန်းချက်မရှိ ပွင့်လင်းမြင်သာသည့် အကျိုးအမြတ်မည်မျှ
ရပြီး မည်သို့ခွဲဝေသုံးစွဲသည်တို့မရှိလျင် ထိုရင်းနှီးမြှု ပ်နှံများမှ ရခိုင်ပြည်နယ်
အတွက် မည်မျှ အကျိုးခံစားခွင့်ရသနည်း မေးခွန်းကား ဆက်ရှိနေပေဦး မည်။ မကြေလည်မှု များ အကြိတ်အခဲများဆက်၍ ရှိနေပေဦးမည်။
ဤ ပြသနာသည် နိုင်ငံရေးပြသနာနှင့် ဆက်၍နေသကဲ့သို့ နိင်ငံရေး
အရ မကြေလည်မှု များကို ထပ်မံအားဖြည့်ပေးသကဲ့သို့ရှိနေသည်။ ပြသနာ
ဖြေရှင်းရန်မှာ အဓိက နိုင်ငံရေးပြသနာဖြေရှင်းရန်ဖြစ်သည်။ ဖက်ဒရယ်
မူများနှင့်အညီ ပြည်နယ်နှင့် ပြည်ထောင်စုတို့ကြား အာဏာနှင့်လုပ်ပိုင်ခွင့်
ခွဲဝေသုံးစွဲခွင့်တို့အတွက် အားလုံးလက်ခံနိုင်သည့် ဥပဒေများရေးဆွဲပြဌာန်း
မှသာ ကျော်လွှားနိုင်ပေလိမ့်မည်။
ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး
ရီနေးဆင့် မဂ္ဂဇင်း ဇူလိုင်-သြဂုတ် ၂၀၁၇ တွင်
ပါရှိသော ဆောင်းပါး
LikeShow more reactions
Comment