Thursday, May 26, 2016

မန်မာပြည်မှာ တကယ် သောင်းကျန်းနေတဲ့ အဖွဲ့တွေ ဘယ်သူတွေလဲ.. သူပုန်က ဘယ်သူတွေလဲ ဆိုတာ ခွဲခြား သိမြင်နိုင်ပါစေ။


သူပုန် (Rebel) ဆိုတာ နိုင်ငံရေး ရည်မှန်းချက် တခုခုအတွက် အာဏာရ အစိုးရ ကို တော်လှန် ပုန်ကန်တဲ့ လက်နက်ကိုင် အဖွဲ့ အစည်းကို ခေါ်တာပါ။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်များ ကို သူပုန် လို့ သမုတ်ရင် တိုင်းရင်းသား တော်တော်များများ ကိုယ့်အမျိုးထိတော့ မခံမရပ်နိုင် ဖြစ်ကြတာ တွေ့ ရပါတယ်။ ကျနော် က အစ ပေါ့။
တကယ်တော့... ဗမာစကားအရ သူပုန် ဆိုလဲ မှန်တာ ပါပဲ။
ဒါပေမယ့်... အခု မြန်မာပြည်မှာ ဖြစ်နေတာက ပြောင်းပြန်... သူပုန် ဆိုသူတွေ တိုက်နေတာ NLD အစိုးရ ကို မဟုတ်ဘူးဗျ။
NLD အစိုးရ ကို KIA နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တော်တော်များများက ထောက်ခံတယ်။ ကြိုဆိုတယ်။ ဗမာ စစ်တပ် က မကြိုက်ဘူး။ မကြိုဆိုဘူး၊ အတိုက်အခံ လုပ်နေတာ တွေ့ ရတယ်။ သူတို့ကို အစိုးရ စစ်တပ် လို့ သုံးနှုန်းတာလဲ မကြိုက်ဘူး။
ဒီတော့.. အစိုးရ ကို ပုန်ကန် နေတာပေါ့။
သောင်းကျန်းသူ (insurgents) ဆိုတာ အစိုးရကို တော်လှန်ယုံ သက်သက် မဟုတ်ပဲ၊ ကိုယ့်ပတ်ဝန်းကျင်က အမြင်မတူ၊ ဘာသာမတူ၊ လူမျိုးမတူ အားလုံးကို တိုက်ခိုက်ပြီး၊ ရိုးရိုးသာမန် အရပ်သား (Civilians) များကို ပစ်မှတ်ထား အုပ်စုဖွဲ့ သောင်းကျန်းနေတဲ့ (လက်နက်ကိုင်/မကိုင်) အဖွဲ့တွေကို ခေါ်တာပါ။
မြန်မာပြည်မှာ တကယ် သောင်းကျန်းနေတဲ့ အဖွဲ့တွေ ဘယ်သူတွေလဲ.. သူပုန်က ဘယ်သူတွေလဲ ဆိုတာ ခွဲခြား သိမြင်နိုင်ပါစေ။
Yesterday at 10:59pm ·