Friday, May 13, 2016

မန်မာပြည်ထောင်စုကို ဘယ်သူဖြိုနေသလဲဆိုရင် ရှင်းပါတယ် လူမျိုးကြီးဝါဒသုံးတဲ့လူမျိုးတွေဖြိုနေပါတယ်။

  • ပြည်ထောင်စုပြိုကွဲတယ်ဆိုတာ မြန်မာကပထမဆုံးမဟုတ်ပါ၊ ရှေ့မှာပြိုကွဲခဲ့တဲ့ပြည်ထောင်စုတွေရှိခဲ့ကြပါတယ်။
    မြန်မာဆိုတာ မူရင်းဖြစ်ဖို့သွေးကြောင်တဲ့အမျိုးမို့ အော်ရီဂျင်နယ်ပြိုကွဲရမှာမဟုတ်ဘူးလို့ ဆိုလိုတာ။ သူတို့ဖြစ်ခဲ့တဲ့ပြဿနာတွေက အခုမြန်မာထဲမှာဖြစ်နေတဲ့ ပြဿနာတွေနဲ့ယှဉ်ရင် ပါးပါးလေးဘဲ၊ အကြောင်းပြချက်သိပ်မခိုင်လုံပေမဲ့ သဘောထားမတိုက်ဆိုင်တာနဲ့ဘဲ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ ခွဲထွက်ခဲ့ကြတယ်
    မြန်မာပြည်ထောင်စုမှာတော့ ပြိုကွဲဖို့အကြောင်းပြချက်ခိုင်လုံတယ်
    နိုင်ငံရေး စစ်ရေး လူမျိုးရေး စီးပွားရေး လူမျိုးကြီးဝါဒရေး သယံဇာတရေး ဘာသာရေး အယူဝါဒရေး စသည်စသည်၊
    တိုင်းရင်းသားတွေကိုယ်ပိုင်သဘောအရ ပြည်ထောင်စုခဲ့ကြတာဖြစ်တဲ့အတွက် ကိုယ်တိုင်သဘောအရခွဲထွက်ပိုင်ခွင့်အပြည့်ရှိတယ်။ တိုင်းရင်းသားတွေက တန်းတူရေးကိုလိုအပ်တယ်၊ မြန်မာနိုင်ငံမှာ တန်းတူအခွင့်အရေးရဖို့ဆိုတာ ခွဲထွက်တာထက်အများကြီးပိုခက်ခဲတယ်။ ခွဲထွက်တယ်ဆိုတာ မလွယ်ဘူး၊ အဲဒါထက် တန်းတူရေးက ပိုခက်တယ်။ မြန်မာနိုင်ငံမှာ လူမျိုးကြီးဝါဒသုံးတဲ့လူမျိုး ရှိနေသရွေ့ တန်းတူရေးဆိုတာမဖြစ်နိုင်ဘူး၊
    ကိုယ့်အခွင့်အရေးကိုယ်ရဖို့ မြန်မာပြည်ထောင်စုပြိုကွဲပေးရမယ်၊
    ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ မြန်မာပြည်ထောင်စုပြိုကွဲပေးရမယ်
    ကျွန်သာသာဘ၀ကနေလွတ်ဖို့ မြန်မာပြည်ထောင်စုပြိုကွဲပေးရမယ်
    အရှေ့အာရှမှာ နိုင်ငံအသစ်တွေပေါ်ထွက်လာဖို့ မြန်မာပြည်ထောင်စု ပြိုကွဲပေးရမယ်
    မဟာလူမျိုးကြီးဝါဒတွေရဲ့ မျိုးပြုတ်အောင်ဝါးမြိုနေမှုကနေ လွတ်မြောက်ဖို့ မြန်မာပြည်ထောင်စုပြိုကွဲပေးရမယ်။
    အခုမြန်မာပြည်ရဲ့ပုံစံက တစ်ပြည်ထောင်စနစ်ဖြစ်နေပါတယ်။ တစ်ပြည်ထောင်စနစ်အတိုင်းဆက်သွားမယ်ဆိုရင် ပြည်ထောင်စုဆိုတာ အဓိပ္ပါယ်မရှိဘူး၊ မလိုအပ်ဘူး၊
    တိုင်းရင်းသားတွေကိုယ်တိုင်တည်ဆောက်လာခဲ့တဲ့ ပြည်ထောင်စုနိုင်ငံနဲ့ ပြည်ထောင်စုစိတ်ဓါတ်ကို လူမျိုးကြီးဝါဒီတွေ ဖြိုခွင်းလာတာ နှစ်၇၀မှာ ပြည်ထောင်စုစိတ်ဓါတ်တွေပြိုပျက်ကုန်ပြီ၊ ဘာမှမကျန်တော့ဘူး၊
    အခု အခွံသာသာကျန်တဲ့ပြည်ထောင်စုနိုင်ငံ ပြိုဖို့ဘဲလိုတော့တယ်၊
    လူမျိုးကြီးဝါဒတွေဆက်သုံးနေရင် သို့ ဗမာမှုဘဲဆက်ပြုနေရင် သို့ တိုင်းရင်းသားတွေကို နှိပ်စက်ညင်းပန်းသတ်ဖြတ်နေရင် သို့ တိုင်းရင်းမြေတွေမှာ စစ်ဖြစ်အောက်ဆက်ဖန်တီးနေမယ်ဆိုရင်၊
    ယုတ်မာကြမ်းကြုတ်တဲ့စနစ်နဲ့မြန်မာပြည်ထောင်စုဆိုတာ သမိုင်းမှာဘဲကျန်ခဲ့လိမ့်မယ်၊ မြေပုံတွေ အစိတ်စိတ်ကွဲထွက်လာလိမ့်မယ်။
    မြန်မာပြည်ထောင်စုကို ဘယ်သူဖြိုနေသလဲဆိုရင်
    ရှင်းပါတယ် လူမျိုးကြီးဝါဒသုံးတဲ့လူမျိုးတွေဖြိုနေပါတယ်။
    တန်းတူအခွင့်ပိတ်ထားပြီး တစ်ပြည်လုံးကို လက်ဝါးကြီးအုပ်ချယ်လှယ်နေတဲ့ လူမျိုးတွေဖျက်နေပါတယ်။
    သမိုင်းတရားခံက ထိုလူမျိုးဖြစ်ပါတယ်။
    credit Tsaw Myitsu