Friday, May 13, 2016

အတ္တလန္တိတ် သဘောတူ စာချုပ် (Atlantic Charter)



အတ္တလန္တိတ် သဘောတူ စာချုပ် (Atlantic Charter) ကြောင့် မြန်မာပြည် လွတ်လပ်ရေးရ ခြင်း ဖြစ်သလို၊ ပင်လုံစာချုပ် ဖြစ်ပေါ်လာရခြင်းလဲ ဖြစ်တယ်။
အမေရိကန် က လူ့အခွင့်အရေး အလေးထားတဲ့ နိုင်ငံ မို့လို့ လူ့အခွင့်အရေး တိုးတက်မှုမရှိရင် စီးပွါးရေး ဆက်ပြီး ပိတ်စို့ ထားမယ် လို့ ပြောပါတော့တယ်။ တကယ်တော့ လူ့ အခွင့်အရေး ဆိုတာ လူသား အားလုံးအတွက်ပါ။ မြန်မာတွေက သူတို့နဲ့ မဆိုင်သလိုလို ပြောနေကြတယ်။ လူမဟုတ်တဲ့ အတိုင်းပဲ။ ဦးနေ၀င်းရဲ့ အပြောလဲ ကြည့်ပါ၊ လူ့အခွင့်အရေးက မြန်မာပြည်နဲ့ မထိုက်တန်သေးဘူးတဲ့။ မြန်မာတွေ လူစင်မမှီသေးဘူး ဆိုတဲ့ သဘော။ အခုလဲ မန့်နေကြတာတွေက ဦးနေ၀င်း အတိုင်းပဲ။
အမေရိကန် ကို မခံမရပ် နိုင် ၀ိုင်းဆဲ ကြတယ်။ ဟိုက ဂရုတောင် စိုက်တာ မဟုတ်။ ကိုယ့် အခြေအနေကိုယ်သုံးသပ်ဖို့ ကျတော့ မေ့နေကြတယ်။
အမေရိကန် ကြောင့်ပဲ မြန်မာပြည် လို ကိုလိုနီ နိုင်ငံတွေ လွတ်လပ်ရေး ရလာတာလဲ သူတို့ မသိကြဘူး။
ဗြိတိသျှကိုလိုနီ စနစ် ချုပ်ငြိမ်းဖို့ ဒုတိယကမ္ဘာစစ် အတွင်း ဗြိတိသျှအစိုးရ နဲ့ အမေရိကန် ကြားမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို အတ္တလန္တိတ် သဘောတူ စာချုပ်လို့ ခေါ်တယ်။ စာချုပ် အနှစ်ချုပ် ပြောရမယ် ဆိုရင် ဒုတိယ ကမ္ဘာစစ်မှာ အကြီးအကျယ် အထိနာ နေတဲ့ ဗြိတိသျှဖက်ကနေ အမေရိကန် တိုက်ကူမယ်။ ဒါပေမယ့် စစ်ကြီး ပြီးသွားရင်တော့ ကိုလိုနီနယ်တွေ အားလုံး လွတ်လပ်ရေး ပေးရမည့်အပြင် မည်သည့် လူမျိုးစု မဆို ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးခွင့် ပေးရမယ် လို့ ဆိုပါတယ်။ ဗြိတိသျှကိုလိုနီ စနစ် ချုပ်ငြိမ်းဖို့ အကြပ်ကိုင်တဲ့ စာချုပ်လဲ ဖြစ်ပါတယ်။ နောက်ပိုင်း မဟာမိတ် နိုင်ငံများ အားလုံးသဘောတူပြီး လိုက်နာဖို့ ဆုံးဖြတ်ကြတယ်။
ပင်လုံစာချုပ်ဖြစ်လာတာလဲ အင်္ဂလိပ်က သွေးထိုးလို့ မဟုတ်၊ Atlantic Charter ရဲ့ အနှစ်သာရ ကို ပုံဖေါ်ခြင်းသာ ဖြစ်တယ်။ အဲဒါကတော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် (all people had a right to self-determination;) ဆိုတဲ့ စာချုပ်ရဲ့ အနှစ်ချုပ် နံပါတ် (၃) ပါ အချက်ကို ပုံဖေါ် ခြင်း ဖြစ်တယ်။ တနည်းအားဖြင့် လူ့အခွင့်အရေး ဖြစ်တယ်။ အဲဒီ အချက်ကြောင့်သာ မဟုတ်ရင် မြန်မာတွေ အင်္ဂလိပ်ဆီက လွတ်လပ်ရေး ဆိုတာ အိမ်မက်တောင် မက်ရဲမှာ မဟုတ်ဘူး။ ကမ္ဘာစစ်ကိုတောင် နိုင်ထားတဲ့ နိုင်ငံကို တိုက်လို့လဲ နိုင်မှာမဟုတ်၊ ကိုလိုနီ စနစ်ပဲ ဆက်ရှိရင် ရှိနေနိုင်တယ်။
အရေးကြီးတဲ့ အချက် (၈) ချက်ကတော့

The eight principal points of the Charter were:
(1) no territorial gains were to be sought by the United States or the United Kingdom;
(2) territorial adjustments must be in accord with the wishes of the peoples concerned;
(3) all people had a right to self-determination;
(4) trade barriers were to be lowered;
(5) there was to be global economic cooperation and advancement of social welfare;
(6) the participants would work for a world free of want and fear;
(7) the participants would work for freedom of the seas;
(8) there was to be disarmament of aggressor nations, and a post-war common disarmament.
အသေးစိပ်လေ့လာချင်သူများ ဖတ်ရန် >> https://history.state.gov/milestones/1937-1945/atlantic-conf