Friday, July 17, 2015

အမေရိကန် ဆရာဝန် ကြီး Dr Gordon Seagrave

Dr Gordon Seagrave


တို့ ပြည်ထောင်စု လူထု ရေ   ကို ရေး လိုက် ပြီး တော့.. အဲဒီ စာအုပ် ၂ အုပ်က နေ.. ပွားလာ တဲ့.. အတွေး တွေကို..အရေး ဖြစ်အောင် လုပ်ချင် နေ မိ သေး သည် ။ တခြား ဗာရီဟ တွေ ကလည်း များ နေ တော့.. မစ နိုင် ဘူး..။ အထူးသဖြင့်.. ဒေါက်တာ စီးဂရောဗ် နဲ့ ပတ်သတ် ပြီး.. ပို့စ်လေး တခု စုစည်း ပေး ချင် နေ ခဲ့ သည်။  တိုက်ဆိုင် ချင် တော့.. ခုတလော..အင်တာနက် မှာ ပျံ့နှံ့ နေ တဲ့..ဗမာပြည် နဲ့ ပတ်သတ် တဲ့..CIA Archives မှတ်တမ်း ရုပ်ရှင် ဖိုင် တခု မှာ လည်း.. အဲဒီ ဆရာဝန် ကြီး နဲ့..အင်တာဗျူး တာလေး..၅ မိနစ် စာလောက် ပါ တာလေးကို.. ကြည့် လိုက် ရ ပြန်..။ (အဲဒီ ဖိုင် ထဲ မှာ ပါတဲ့ ..ဒေါက်တာ ကျော်သက် ရဲ့..စာသင်ခန်း မြင်ကွင်း ကတော့..ဟိုး အစောပိုင်း တည်းက.. အတော် ပျံ့နှံ့ ပြီး သားပါ။ )
-
အဲဒီလို တုန်း.. ကိုယ့် ဖေ့စ်ဘွတ် ထဲ မှာ ရှိနေတဲ့.. အနုပညာသည် ဆရာဝန် တယောက် ရဲ့.. စာမျက်နှာ နံရံ မှာ..
Is there anyone who has the book named "The Life Of a Burma Surgeon  written by Gondon Stifler Seagrave?
-
လို့ တင်ထားတာ ဖျပ်ကနဲ တွေ့လိုက် မိတော့.. သြော်..ဒီ လူ့ နှယ်..စာအုပ် လိုချင် တာများ..ဒီခေတ်ကြီး..အင်တာနက် ထဲ ရိုက် ရှာ ၀ယ်ပေါ့ လို့.. တယောက်တည်း တွေးရင်း.. ကဲ..ပြောနေ ကြာတယ်.. ငါလည်း အဲဒီ စာအုပ် ကို ၀ယ် ဖတ် မယ် ဆိုပြီး.. ရှာလိုက်တာ..အမေဇုံ တွေ ရော ဘာတွေ ရော စုံ သွားတာပဲ..။ နောက်ဆုံး Google books က တဆင့် ABE books shop ဆိုတာနဲ့မှ ..သွား အဆင်ပြေ တော့ တယ်။ စာအုပ် ကတော့.. ဈေးအသက်သာ ဆုံးက ..၅ ကျပ် ကျော်ကျော် ရယ် ပေမဲ့ .. ပို့ခ က...၂၇ ကျပ် ကျ တယ် ဗျ..။ ထားတော့..။ စာအုပ် ရ တဲ့ ထိ..ဖတ်ပြီး တဲ့ အထိ..မစောင့် နိုင်ပဲ.. အာရုံ တွေ ပူပူ နွေးနွေး ရှိ နေ တုန်း.. အင်တာနက် ထဲ..ဟိုဒီ ထပ်ခေါက် ကြည့်တော့.. အဲဒီခေတ် LIFE မဂ္ဂဇင်း တွေ မှာ..သူအဖမ်းခံ ရ တဲ့ သတင်း တွေ တော်တော် ပါ ခဲ့ တာပဲ ကိုး။

အဲဒါ တွေ အကုန် လျှောက် ဖတ် ကြည့် တော့ မှ.. လတ်တလော..ရှမ်းစာအုပ် ၂ အုပ် ထဲ မှာ .. သိ ဖူး ကြားဖူး လိုက် သော.. အမေရိကန် ဆရာဝန် ကြီး အကြောင်းက..ပိုပြီး ပြည့်စုံ သွား လေ တော့သည်။



The Moon Princess ထဲ မှာတော့.. Dr Gordon Seagrave ဆိုတဲ့ ခေါင်းစဉ် ငယ် တခု သီးသန့် ရေးထား ပေမဲ့....စ၀်စန္ဒာ ငယ်စဉ် က က.. ခွဲစိတ် ကုသ ခံ ရ ဖို့..ဆရာဝန်ကြီး ဆီ ရောက် ခဲ့ ဖူး တာ...။ ဆရာဝန်ကြီး က.. မကြောက်နဲ့ လို့..ပျော်ပျော်ရွှင်ရွှင် ပြော ပြီး.. လက်ကို ကိုင် ဆုတောင်း ပေး နေ တုန်း.. နားထောင်ရင်း..နားထောင်ရင်း.. မေ့သွား ပုံ လေး ကို ချစ်စရာ ကောင်း အောင် ရေးထား လေ သည် ။ ကိုယ်တိုင် လည်း မေ့ဆေး ခဏ ခဏ ပေးခံ ..ခွဲစိတ် ခံ ရ ဖူး သူ ဆိုတော့.. အဲဒီ စာ ထဲ မှာ…လူနာ ကလေးငယ် တယောက် ..ကြင်ကြင်နာနာ... ညင်ညင်သာသာ လေး အိပ်ပျော် ပြီး..မေ့ သွား ရ တဲ့..အဖြစ် ကလေး ကို..ကောင်းကောင်း ခံစား ကြည့်လို့ ရ နေ သည် ။ ဒါပေမဲ့.. စ၀်စန္ဒာ ရဲ့ စာအုပ် ထဲ မှာ.. အဲဒီ အဖြစ် အပျက် ကလေး ရယ် ..နောင်မှာ.. ဆရာဝန် ကြီး ကို ဖဆပလ အစိုးရ က.. အမူဆင် ထောင်ချ ခဲ့ တယ် ဆိုတာ က လွဲ လို့..တခြား တော့.. များများ စားစား မပါ လှ ပါ ပေ။

အွန်ဒရေ အေး ရေး တဲ့ .. The Shan Conundrum စာအုပ် မှာ တော့.. အတော် များများ ဖော်ပြ ထား တယ်။ သူ့ ဖခင်..ဦးထွန်းအေး ကလည်း နမ့်ခမ်း က ဆိုတော့.. သူ ပြောသလို..တမြို့တည်း နေတဲ့ လွှတ်တော် အမတ် နဲ့.. အမေရိကန် ဆရာဝန် ကြီး တယောက် ရဲ့ ဆက်ဆံရေးက.. အလိုလို ကို..နီးကပ် နေ ခဲ့ တယ် ပေါ့..။ ဆရာဝန် ကြီး ရဲ့..အသုဘ မှာ တောင်.. ဦးထွန်းအေးက.. eulogy ဖတ်ပေး ခဲ့ တယ် လို့ ဆိုတယ်။

သူ့စာအုပ် ထဲ မှာ..ဆရာဝန် ကြီး ရဲ့..အစဦး ပထမ..နမ့်ခမ်း ဆေးရုံကြီး ရဲ့ လှပ ခမ်းနား ပုံကို..ရွှေလီမြစ်ကမ်း က..ကျောက်တုံး တွေ နဲ့..ဆောက်ထားတဲ့..ဂေါသစ် စတိုင်..အင်္ဂလိပ် ဆေးရုံ ကြီး တခု ဖြစ်တယ် လို့ ..ပြန်လည် သတိရ ထား လေ သည်။ ခရစ်ယန် မစ်ရှင် ဆေးရုံ ဖြစ် ပေမဲ့ Full Bright foundation ရဲ့ ငွေကြေး ထောက်ပံ့ မူ တချို့ နဲ့.. ရပ်တည် နေ ခဲ့တယ် ဆို တာတွေ..။ နောက်ပြီး.. ဆရာဝန် ကြီးက..သူ ပညာသင်ခဲ့ တဲ့.. John Hopkins က.. ခွဲစိတ်ခန်းသုံး ကိရိယာ တပတ်ရစ် တွေ ကို..တကူးတက သယ်လာပြီး.. ရှိတာ နဲ့ ဖြစ်အောင် စခဲ့ လုပ်ခဲ့ ကြ ပုံ တွေ ။ ဒါတွေ အပြင် သူ့ရဲ့..နယ်အစုံစုံ.. တိုင်းရင်းသား အစုံစုံ သော .. သူနာပြု သင်တန်းသူ တွေ အကြောင်း ကို လည်း .စိတ်ဝင်စား ဖွယ် ဖတ် ရှု ခဲ့ ရ သည် ။ သူ့ရဲ့..သူနာပြု သင်တန်းကျောင်း ကြီး က..အဲဒီ အချိန် တုန်းက..အာရှ မှာ ရော..အာဖရိက မှာ ပါ.. အကောင်းဆုံး..ကျောင်းကြီး ဖြစ်တယ် လို့ ဆို တယ်။

နောက်ပိုင်း အွန်ဒရေအေး ရေးတဲ့ အထဲ မှာ ပို ပြီး စိတ်ဝင်စား ဖို့ ကောင်း တာက.. သူ ဥရောပ မှာ.. လှည့်ပတ် နေထိုင် နေတုန်း တကွေ့ မှာ..တိုက်တိုက် ဆိုင်ဆိုင်.. ဆရာဝန် ကြီး ရဲ့ သား ဖြစ်တဲ့.. Starling Seagrave နဲ့ တွေ့ဆို သိကျွမ်းခွင့် ရ ခဲ့တယ် ဆိုတာ လေး ပါ။ Starling Seagrave ကလည်း စာအုပ်တချို့ ရေးသား ထုတ်ဝေ ဖူး ထား တဲ့.. historian တယောက် ဖြစ် သည်။ ( အပြင်က..သိရ တဲ့ အရ ဆို.. ဗမာပြည် နဲ့..အတော် ရေစက် မကွာ လို့ ထင်ရဲ့.. နာမယ်ကျော် နေရှင်း သတင်းစာ ဆရာကြီး ဦးလောရုံ ရဲ့ သမီး တယောက် ဖြစ်တဲ့..စာရေး ဆရာမ ၀င်ဒီလောရုံ နဲ့ လည်း အကြောင်းဖက် ဖူး တယ် လို့ ဆိုတယ် )

အဲဒီထက်ကို ပို စိတ်ဝင်စား စရာ ကောင်း ပြန် တာက.. ၁၉၆၅ ခု နှစ် မှာ ဆရာဝန်ကြီး..နမ့်ခမ်း မှာ.. ရုတ်တရက် သေဆုံး တော့.. သူ့သား က.. သွားရောက် သဂြိုဟ် ဖို့ အတွက်.. အဲဒီ အချိန် က..အင်မတန် ခက်ခဲ လှတဲ့..ဗမာပြည် ၀င်ခွင့် ဗီဇာ ကို.. နောက်ထပ် ခေတ်ပြိုင် တယောက် ဖြစ်တဲ့.. စစ်ဗိုလ်ချုပ်ကြီး Stilwell ရဲ့ သား အကူအညီ နဲ့ ရခဲ့တယ် လို့ ဆိုတယ်။ တကယ်တော့.. ဗိုလ်ချုပ်ကြီး Stilwell က.. ခေတ်ပြိုင် ဆိုတာထက်.. ဒုတိယ ကမ္ဘာစစ် အတွင်း က.. ဗမာပြည် မှာ.. စတီးဝဲ လမ်းမကြီး လို့ ထင်ရှား စေ ခဲ့ တဲ့.. မဟာမိတ်တပ် တွေ ရဲ့ ဦးစီး တယောက် ဖြစ် ခဲ့ပြီး..ဆရာဝန် ကြီး နဲ့ နီးကပ် ခဲ့ သူ တယောက် ဖြစ် သည်။

ဂျပန်တွေ မြန်မာ ပြည် ကို သိမ်းထား ပြီး..စစ်ကြီး ရဲ့ အထွတ်အထိပ် ရောက် နေ တဲ့ အချိန်မှာ..အိန္ဒိယ ဖက် ကို ဆုတ်ခွာ ပေး ရ တဲ့.. ဗြိတိသျှ အုပ်ချုပ်ရေး ပိုင်း တွေ နဲ့ အတူ.. ဆရာဝန် ကြီး လည်း ပါ သွား ခဲ့ သည်။ အဲဒီ မှာ.. ဗိုလ်ချုပ်ကြီး စတီးဝဲလ် ရဲ့.. အကြံအစည် ဗျူဟာ တခု ဖြစ် ခဲ့ တဲ့..လီဒို လမ်းမကြီး ဖောက်တဲ့ စီမံကိန်း တလျှောက်.. ဗိုလ်ချုပ်ကြီး စတီးဝဲလ် နဲ့ အတူ.. ဆေးမှူး တယောက် အဖြစ်.. တာဝန် ယူ ခဲ့ ရ သည်။

 COL. GORDON SEAGRAVE, 4TH GENERATION OF MISSIONARIES TO BURMA.


လီဒို လမ်းမကြီး စ ဖောက် ခဲ့ တဲ့..၁၉၄၂ က နေပြီး.. ၁၉၄၃ မှာ ပြီးဆုံး သွား တဲ့ အထိ.. လမ်းဖောက် လုပ် ရ တဲ့.. တရုတ် စစ်သား တွေ ..ဒေသခံ တွေ ကို.. ၀ါးလုံးတိုင်ထူပြီး..လေထီပိုးစ မိုး ထား တဲ့..တောတွင်း ကုသဆောင် တွေ မှာ.. မနားတမ်း ကုသ ပေး ခဲ့ ရ သည်။
Dr. Seagrave's headquarters is a cluster of bamboo huts high in the Naga Hills. Japs looted the 200-bed hospital on the Chinese border which he ran as a Baptist mission before he was commissioned in the Army. Medical parties go on foot to natives when they are too sick to come in.

 ( ပုံတွေကို.. ဒီမှာ ကြည့် နိုင် ပါတယ် )
 စစ်ကြီး အပြီး..မဟာမိတ် တပ် တွေ နဲ့ အတူ ပြန်ဝင် လာ တော့..သူ့ရဲ့ နမ့်ခမ်းဆေးရုံ ကြီး က .. စစ်ဒဏ် နဲ့ စိစိ ညက်ညက် ကျေ ပြီး ပြာ ပုံ ဖြစ် နေ ခဲ့ ပြီ။  ဒါပေမဲ့.. သူ ချစ်တဲ့.. ဒေသခံ တွေ..သူ့ကို ချစ်တဲ့.. သူ့တပည့် သူနာပြု တွေ ရဲ့.. အပြုံး တွေ နဲ့ ပဲ.. ဆေးရုံ ကြီး နဲ့ သင်တန်းကျောင်း ကြီး ကို.. တစ် က နေ..ပြန် စ ခဲ့ ကြ ပြန် တယ်။




လွတ်လပ်ရေး ရ ပြီးတော့ လည်း .... ပြည်တွင်း မညိမ် မသက် မူ တွေ က .. ကပ် ပါ လာသည် မဟုတ်လား.. ။ အဲဒီ ဒေသ မှာ..ကချင် လူမျိုး တွေ က..စ ပြီး လက်နက် ကိုင် ခဲ့ တယ်။ နောက်တော့.... တရုတ်ဖြူ ကျူးကျော်မူ ကြီး ဖြစ်လာတယ်။ ရှမ်းဒေသ မှာ.. ပြည်မ စစ်တပ် တွေ ပိုပြီး ၀င်ရောက် လာရတယ်။ အဲဒီလို နဲ့.. ရှမ်းလူမျိုး တွေ လည်း နောက်ဆုံး မှာ လက်နက် ကိုင် လာ ကြ တော့ တယ်။ အဲဒီ လောက် တိုတောင်း တဲ့..နှစ်ပိုင်း လေး တွေ မှာ.. ဗမာ ပြည် ကြီး ရဲ့ အခြေအနေ တွေ မြန်မြန် ဆန်ဆန်..ဖြစ်ပျက် ပြောင်းလဲ နေတာ ဟာ.. တကယ်တော့..အခုနေ တွေးကြည့်ရင်..မယုံ နိုင် စရာ ပါပဲ..။

အဲဒီလို အခြေအနေ တွေ ကြား ထဲ မှာ.. အစိုးရ နဲ့ ..သက်ဆိုင်ရာ အဖွဲ့ အစည်း အာဏာ ပိုင် တွေ ကြား ထဲ ..ဆရာ ၀န် ကြီး နဲ့ သူ့ဆေးရုံ ကြီး ရဲ့ အနေအထား ဟာ အတော့်ကို အရေးပါ တဲ့ အစိတ်အပိုင်း တခု ဖြစ် ခဲ့ မှာ သေချာ လှ သည်။ စစ် ပွဲ တွေ ရယ်..လူနာတွေ ရယ်.. ဆေးရုံကြီး ရယ် ..ဆရာဝန်ကြီး တယောက် ရယ် လေ..။  အထူးသဖြင့်..အမေရိကန် ကျောက်ထောက် နောက်ခံ ပေး ထားတဲ့ တရုတ်ဖြူ ကျူးကျော်မူ အတွက်  .. အမေရိကန် လူမျိုး တယောက်ဖြစ် နေတဲ့.. ဆရာဝန် ကြီး မှာ ပို ပြီး အနေကြပ် ပုံ ရ လေ သည်။ ကျနော့် ကို.. သံသယ ၀င်တာ ခံ ခဲ့ ရတယ်.. ကျနော်ဟာ တရုတ် နဲ့ ဗမာ အစိုးရ ကြား မှာ
ပြသာနာ တခု မဖြစ် ချင် ပါဘူး လို့ ပြော တာ ကို လည်း နားထောင် လိုက် ရ သည်။ အထူးသဖြင့်.. အဲဒီ တရုတ်ဖြူ ပြသာနာ မှာ..အမေရိကန် တွေ ရပ်တည်ပုံ မှားယွင်း တာ ကို ရော.. တရုတ်ဖြူ မျိုးချစ် ဆို တဲ့ ပြသာနာ ကို ရော..ဗွီဒီယို ထဲ မှာ.. ယျထဘူတ ကျကျ ထောက် ပြ သွား ခဲ့ သည်။
မပြေးသော် ကန်ရာရှိ...ဗမာ ပြည် ရဲ့ အရှုပ်ထွေး ဆုံး နိုင်ငံရေး..စစ်ရေး အခြေအနေ တွေ ကြားထဲ မှာ.. သူ့လို..အမေရိကန် ကြီး တယောက် ကို..ယုံထင် ကြောင်ထင်..မျက်စိ စပါးမွေး ဆူးစရာ ဖြစ်လာ ခဲ့ တာ လည်း ဆန်း တော့ မဆန်း ပေ။


တကယ် တော့.. သူက..အမေရိကန် ကြီး တယောက် လို့ သာ ဆို ပေမဲ့.. မြန်မာ ပြည် မှာ မွေး ပြီး.. တကယ်တမ်း အားဖြင့် ဆို.. မွေးဖွားရာ အခွင့်အရေး အရ.. မြန်မာ နိုင်ငံသား ဖြစ် ထိုက်သူ တယောက် ပါ။ သူ့ကို..မစ်ရှင် သာသနာ ပြု မိဘ နှစ်ပါး က..မြန်မာ ပြည် မှာ မွေးဖွါး ခဲ့ သည်။ တနေ့ ကျရင်..ဒီတိုင်းပြည် ဒီလူမျိုး တွေ ကြားထဲ မှာ..ဆေးကုသ ပြီး သာသနာ ပြု ချင်တယ် လို့.. သူ ငယ်စဉ် ၅ နှစ်သား အရွယ်က..မိဘ တွေကို ပြောခဲ့ ဖူးသတဲ့..။ နောက်ထပ် နှစ်ပေါင်း ၂၀ ကျော် ကြာတဲ့ အခါ မှာ..အမေရိကန် ကနေ..ဆေးပညာ သင်ယူ တတ်မြောက် ပြီး တဲ့ အခါ.. သူ့ အိပ်မက် တွေ အတိုင်း.. မြန်မာပြည်ကို ပြန်လာ ခဲ့ တယ်။ ရိုးရိုး ပြန်လာ ခဲ့ တာ မဟုတ်ပဲ.. John Hopkins ဆေးရုံ ကြီးက.. တပတ်နွမ်း ခွဲစိတ် ကိရိယာ တန်ဆာ ပလာ တွေကို.. တကူးတက သယ်ယူ လာ ခဲ့ တာ.. အာရှတိုက် မှာ..အကောင်းဆုံး ဖြစ်ခဲ့ တဲ့..ဆေးရုံကြီး နဲ့ သူနာပြု သင်တန်းကျောင်း ကြီး ကို တည်ထောင်ဖို့ ပေါ့။
သူ့ရဲ့ လခ က.. တလ ကို ၁၉ ဒေါ်လာ..ကနေ...ဈေးတက်လာတော့.. ၅၉ ဒေါ်လာ ။
နောက်တော့..အစိုးရ က…အမူဆင်.. တရားစွဲ..။
ပြန် အပို့ ခံ မလား.. ထောင် ကျ ခံ မလား ဆိုတော့.. ပြန်အပို့ တော့ မခံ နိုင်။
အဲဒီတော့.. အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၆ နှစ်…။
တနှစ်အကြာ.. ထောင်က လွတ်တော့ လည်း... သူ့ခြေလှမ်း များ က....နမ့်ခမ်းဆေးရုံ ကြီး ဆီ သို့ သာ။ သေတဲ့ အထိ..နမ့်ခမ်း နဲ့ ရှမ်းမြေ က..တဖ၀ါး မခွါ ခဲ့။ တိုက်ဆိုင် ချင် တော့.. သူ့ဆေးရုံ ကြီး ပြည်သူပိုင် သိမ်းခံ လိုက် ရ တဲ့ နှစ် ပိုင်း နဲ့..မရှေးမနှောင်း မှာပဲ.. အကောင်း ကြီး ကနေ..ရုတ်တရက် လဲပြို သေဆုံး သွားခဲ့ တာ ဖြစ်တယ် လို့.. အွန်ဒရေအေး စာအုပ် မှာ တွေ့ရ သည်။





သူ့ အသံ နဲ့ သူ့ဟန် ပန် ကို.. ကံအားလျော် စွာ.. အခု လို သက်ဝင် လှုပ်ရှား မြင်တွေ့ ရ တော့..သူ့ လုပ်ရပ် စိတ်နေ သဘော ထား ကို..ပိုလို့ပင် ကြည်လင် ပြတ်သား စွာ နားလည် မိ ရ လေ သည်။

I didnt' want to leave here as a traitor. I didn't want the people in Burma to believe that I'm a traitor.. and I didn't want the people of America to believe that It was a treason against this country.
သူ ဗမာပြည်က..ဘယ်တော့ မှ ထွက်မသွားဘူး..။ ဗမာပြည်သား တွေ က..သူ့ကို သစ္စာဖောက် တယောက် လို့ အထင်မခံ နိုင် သလို.. အမေရိကန် နိုင်ငံသား တွေ ကလည်း ဒါဟာ နိုင်ငံတော်ပုန်ကန်မူ တခု ပါပဲ လို့အထင် မခံ နိုင်ဘူး.. တဲ့။
-
သူ့ အမူ အတွက်..အမေရိကန် မိတ်ဆွေ အသိုင်း အ၀ိုင်း တွေက.. အမေရိကန် ရှေ့နေ တယောက် ငှါးပေး ဖို့ ကမ်းလှမ်း တာ ကို လည်း.. ဗမာပြည်ရဲ့ တရားရေး စနစ် ကို သူ ယုံကြည် တယ် ဆိုပြီး ညင်းဆို ခဲ့ သည်။
-
သူ့ အမူ ကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၆ နှစ် လို့.. တရားရုံး က..ဆုံးဖြတ်ချက် ချ လိုက် တဲ့ နေ့ မှာ.. ဗမာ သတင်း ထောက် တယောက် ရဲ့ မေးခွန်း ကို.. ရိုးရိုး ရှင်းရှင်း ပဲ ဖြေ သွား ခဲ့ တယ်။

လူတချို့က.. ကျနော့် ကို ဘယ်လိုပဲ ပြုမူ ပြုမူ.. ခင်ဗျားကို သိစေချင်တာက.. ကျနော်..ဗမာလူမျိုး တွေကို ချစ်လျက်ပဲ ဗျာ.. တဲ့။ ထပ်ပြော တာက.. အမေရိကန် လူမျိုး တွေ ကလည်း.. အခုလို.. လုပ်ရပ် လောက် နဲ့ တော့.. ဗမာ လူမျိုး တခုလုံး ကို.. ဆုံးဖြတ် အပြစ်တင် လိမ့်မယ် မဟုတ်ဘူး လို့..ကျနော် ရိုးရိုး သားသား မျှော်လင့် ပါတယ်..တဲ့။

သူ့အတွက်..အားနာ ပူပန် ပြီး.. အသနား ခံစာ တင်ဖို့ လုပ်နေ တဲ့ ..ဗမာရှေ့နေ ကြီး ဦးကျော်မြင့် ကို တောင်..ဒီအပြစ်ဒဏ် တွေ နဲ့..ခင်ဗျား အပေါ်တင်ပြီး ဆက်လုပ် နေရ မှာ..ကျနော် မလုပ်ချင် ပါဘူး လို့ ဆို ခဲ့သေး သည်။
-
ဒေါက်တာ စီးဂရော့ဗ် ၏.. ပြစ်ဒဏ် များ က တော့..
Charge No. 1, that Seagrave had given aid and comfort to the State's enemies by having tea with a Kachin rebel leader, allowing the rebels to play football on hospital grounds—(not guilty)

charge No. 2, that he had written a letter to facilitate the rebels' arrest of a government commissioner—(guilty)

charge No. 3, that he had given medical help to rebels—(guilty)

ဆရာဝန် တယောက်က.. ဆေးကု ပေး လို့.. အပြစ် ရှိ သတဲ့..။
ဆရာဝန် တယောက် ..လူနာကို မြင်တဲ့ အခါ..ဆင်းရဲသား လား.. လူချမ်းသာလား..ရန်သူ လား..မိတ်ဆွေလား.. ကျုးကျော်သူလား..မဟာမိတ် လား ဆိုတာ..အရင် ခွဲ ခြား ပြီးမှ ကုသ ရ မတဲ့ လား။
-
တကယ်တော့.. အဲဒီ အချိန်က.. မကျေမနပ် လက်နက်ကိုင် ခဲ့ ကြတဲ့..ကချင် တွေ..ကရင် တွေ ..ရှမ်းတွေ ကို..သူ့ အနေ နဲ့.. ပိုပြီး ချစ်ခင် နီးကပ် ခဲ့ တယ် ဆိုရင် တောင်.. သူ့မှာ ချစ်ခင် ခွင့် ရှိသလို..နီးကပ်ဖို့ အကြောင်း များ လည်း လုံလောက် ခဲ့ ပါသည်။ လူမျိုးစု တွေ ကြားထဲ မှာ သူ မွေးခဲ့ သည်။ မျိုးစေ့ တွေ ကျဲ ခဲ့သည်။ ဒီလူမျိုးတွေ နဲ့အတူ ..ဒိုးတူ ဘောင်ဖက်..မျိုးပင် တွေ ရိတ်ခဲ့ သည်။ အသီး အပွင့် တွေ ခံစား ရင်း ကြည်နူး ခဲ့ သည်။ ကရင်..ကချင်..ရှမ်း နဲ့..ဗမာ ဘာသာ စကား လေးမျိုး လုံး ကို ကျွမ်းကျင် ပိုင်နိုင် စွာ ပြောနိုင် ခဲ့ သည်။ မြန်မာ ပြည် မှာ မွေး ၍ မြန်မာ့ မြေ အတွက် အဆုံးစွန် ထိ..အလုပ်ကျွေးပြု သွား ခဲ့ သည်။ ဒါပေမဲ့.. မြန်မာ့ သမိုင်း မှာ တော့ ..ရှာမတွေ့ နိုင် ခဲ့ ရ..။ မြန်မာ တွေ အလွယ်တကူ ဖတ်ရှု သိမြင် ခွင့် မရ နိုင် သော.. နိုင်ငံခြားသား ကြီး တယောက် အဖြစ် သာ။


ကေ
၆ စက်တင်ဘာ ၂၀၁၁ 
+++++
Gordon Stifler Seagrave

1897,          Mar. 18 Born, Rangoon, Burma
 1917          A [≈ 10.5 kV secondary side from an electrical substation with primary 115 kV; 63 MVA.].B., Denison University, Granville, Ohio
 1920          Married Marion Grace Morse
 1921           M.D., Johns Hopkins University Medical School, Baltimore, Md.
1922-1965  Practiced medicine, Namkham Hospital, Namkhan, Burma, with a four- year
                 absence from 1942 to 1946
 1930          Published Waste-Basket Surgery. Philadelphia and Boston: Judson Press
 1938           Published Tales of a Waste-Basket Surgeon. Philadelphiaand                           
1942-1946     Served in United States Army Medical Corps, first as Major and later as  Lieutenant Colonel
 1943             Published Burma Surgeon. New York: W.W. Norton and Co.
 1946             Published Burma Surgeon Returns. New York: W.W. Norton and Co.
 1955             Published My Hospital in the Hills. New York: W.W. Norton and Co.
 1960             Published Life of a Burma Surgeon. New York: Ballantine Books
1965,Mar. 29 Died, Namkhan, Burma

( source: American Medical Center for Burma Records 3)


Reference:
Sao Sanda, The Moon Princess, River Books, Bangkok, 2008, p.128