Wednesday, July 29, 2015

အိန္ဒိယရောက်တုန်းရောက်ခိုက် လေ့လာခဲ့ပါ




မအလက အိန္ဒိယကို သွားနေပြီ။ အိန္ဒိယရောက်တုန်းရောက်ခိုက် အိန္ဒိယတပ်မတော်မှာ ရှိနေတဲ့ တိုင်းရင်းသားတပ်ရင်း (၃၂)ရင်းအကြောင်းကိုလည်း လေ့လာခဲ့ပါအုံး မအလ။
အခု သွားရတဲ့အကြောင်းက မဏိပူရပြည်နယ်မှာ အိန္ဒိယတပ်မတော်သား (၁၈)ဦးက နာဂသူပုန်လက်ချက်ကြောင့် ကျဆုံးရတာကို ဆွေးနွေးဖို့ပဲမဟုတ်လား။
မဏိပူရနဲ့ ကပ်ရက် အာသံပြည်နယ်ရဲ့ ရှမ်းတပ်ရင်းတွေကိုလည်း လေ့လာခဲ့ပေါ့လေ။
ပြီးတော့မှ စစ်တပ်က မဟုတ်တဲ့ သမ္မတက ဘာကြောင့် စစ်သေနာပတိချုပ်ရာထူးကို ရရှိခဲ့ပါသလဲ၊ တိုင်းရင်းသားတပ်မတော်တွေ ဒီလောက်များနေတဲ့ အိန္ဒိယစစ်တပ်ဟာ တစ်ခုတည်းသော တပ်မတော်လို့ ညွှန်းလို့ရမလား တစ်ခါထဲနဲ့ မေးခဲ့ပါလေ။
တိုင်းရင်းသားလူမျိုးပေါင်းများစွာ ရှိပြီး မြန်မာနိုင်ရှိ ပြည်နယ်များရဲ့ (၄)ဆတဲ့ ပိုရှိတဲ့ တပ်ရင်း(၃၂)ရင်းတို့ကို ဘယ်လိုကွပ်ကွဲပါသလဲ ဒါလည်း မေးကြည့်စရာပါပဲ။
တစ်ခါထဲနဲ့ အိန္ဒိယရှိ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အကြောင်းကိုလည်း မဖြစ်ဖြစ်အောင် လေ့လာခဲ့ဖို့ လိုပါ့မယ်။ ဂိုအာနဲ့ ဘင်္ဂလိုကိုပဲ မသွားပါနဲ့၊ တတ်နိုင်ရင် ဘင်္ဂလားပြည်နယ်နဲ့ တမီလ်နာဒူပြည်နယ်ကိုလည်း သွားခဲ့ပါအုံး။ ဒါမှ ဒီရောက်ရင် ဖက်ဒရယ်အကြောင်း ကောင်းကောင်းဆွးနွေးလို့ရမှာပါ။
နောက်ပြီး အိန္ဒိယမှာ ကွန်မြူနစ်သူပုန်တွေ၊ နာဂခွဲထွက်ရေးသူပုန်တွေ ရှိရက်သားနဲ့ အိန္ဒိယစစ်တပ်က ဘာကြောင့် အာဏာမသိမ်းခဲ့သလဲ မေးခဲ့ပါအုံး။ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံမှာ ဟိန္ဒူဘာသာဝင်တွေက အင်အားယုတ်လျှော့ခဲ့သလား၊ ပိုမိုတိုးတက်လာသလား မေးကြည့်ပါအုံး။
လမ်းလွှဲလို့ ဗုဒ္ဓဂယာဘက်ကို လှည့်မကြည့်ပါနဲ့။ အကုသိုလ်များသူများဟာ ဗုဒ္ဓဂယာကို ရောက်ပြီးတာနဲ့ အပါယ်ငရဲကနေ လွတ်မယ်လို့ မယူဆလိုက်ကြပါနဲ့။ ဗုဒ္ဓဂယာကအပြန် မြန်မာနိုင်ငံပြန်ရောက်တဲ့အခါ ဘုန်းကံမကြီး၊ ကြီးခဲ့သော် အသက်မရှည်ဘူးတဲ့။
ဓာတ်ပုံ
(၁) ဂေါရခါးတပ်
(၂) ရာဇပုတ်တပ်
(၃) ဆစ်ခ်တပ်
(၄) မဒရတ်တပ်
(၅) ရှမ်းတပ်
အိန္ဒိယရောက်တုန်းရောက်ခိုက် လေ့လာခဲ့ပါ