Thursday, July 23, 2015

ဒီလမ်းကြောင်းဟာ အန္ဒိယ မြန်မာနယ်စပ်မှ ပူတာအိုအထိ လမ်းဖောက်ပြီး ပူတာအိုမှ တရုတ်နိုင်ငံအထိ လမ်းဖောက်မဲ့ နိုင်ငံကူး လမ်းမကြီးနဲ့ တထပ်တည်း နီးပါး ကျနေတယ်

မြန်မာ့ တပ်မတော်မှ ကချင်ပြည်နယ်မှာ ထိုးစစ်တွေ ပေါ်တင် ပြင်းထန်စွာ ပြုလုပ်နေတယ်။
ဇူလိုင်လအတွင်း လေယာဉ် တခါ အသုံးပြုပြီးဖြစ်တယ်။
KIA တပ်စခန်းများကို မော်တာနဲ့ လာထုနေတယ်။
ဒီလမ်းကြောင်းဟာ အန္ဒိယ မြန်မာနယ်စပ်မှ ပူတာအိုအထိ လမ်းဖောက်ပြီး ပူတာအိုမှ တရုတ်နိုင်ငံအထိ လမ်းဖောက်မဲ့ နိုင်ငံကူး လမ်းမကြီးနဲ့ တထပ်တည်း နီးပါး ကျနေတယ်။ တရုတ်ကုမ္မဏီက ဆောက်လုပ်မယ်လို့ သိရတယ်။
စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော် ရှိပြီး တချို့ တောထဲက ထွက်မလာနိုင်သေးပါဘူး။
ဒါဟာ ကချင်လူမျိုး အရေး တခုထဲမဟုတ်ပါဘူး။
ဒါဟာ တိုင်းရင်းသားအရေး တခုထဲ မဟုတ်ပါဘူး။
ဒါဟာ မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံး နိုင်ငံ့အရေးထဲမှာ ပါဝင်နေပြီဖြစ်တယ်။
၁) KIO ကို ထိုးစစ်မရပ်သရွေ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု စားပွဲပေါ်ကနေ KIO ကို ထွက်ခွာသွားအောင် ဖိအားပေးနေတာဖြစ်တယ်။
၂) အရှေ့တောင်အာရှရဲ့ တခုတည်းသော ရေခဲတောင်ဟာ မြန်မာတနိုင်ငံလုံးရဲ့ ရတနာဖြစ်တယ်။ ဒီ ရတနာကို အန္ဒိယနဲ့ တရုတ်က တိုက်ရိုက် သွားလာနိုင်မယ်။
၃) ဒီလမ်းကြောင်းပေါ်ကနေ တရုတ်နဲ့ အန္ဒိယ ၂ နိုင်ငံ ဖြတ်သန်းသွားလာ ကုန်စည်ကူးသန်းရုံသာမ ကမ္ဘာ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းပါ ကုန်စည်ကူးသန်းကြမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ငယ်ထိပ်ကို ဖြတ်သွားတာနဲ့ တူနေပါ။ မြန်မာအတွက် အကျိုးအမြတ်ရဖို့တော့ သိပ်မရှိပါဘူး။
၎) ဒီဒေသဟာ ဧရာဝတီ၊ ချင်းတွင်းမြစ်တို့ရဲ့ ရေဝေရေလဲ ဒေသဖြစ်တယ်။ ဒီနေရာ ပျက်စီးသွားရင် ဧရာဝတီနဲ့ ချင်းတွင်းလည်း ကမောက်ကမ ဖြစ်ဖို့ဘဲ ရှိပါတယ်။
ဒါတွေအတွက် အကြံပြုချက်ကတော့။
၁) ထိုးစစ်ကို ချက်ချင်းရပ်ဆိုင်းဖို့
၂) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုကို ခေတ္တရပ်ဆိုင်းထားပြီး ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြဖို့။
၃) ခိုင်မာတဲ့ ငြိမ်းချမ်းရေးအာမခံချက် မရှိသရွေ့ ဒီလို စီမံကိန်းကြီးများကို ရပ်တန်းက ရပ်ထားဖို့နဲ့ ဒီလုပ်ငန်းတွေကို အကြောင်းပြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှောက်အယှက် မပေးဖို့ လိုအပ်ပါတယ်။
ဒီလမ်းကြောင်းဟာ အန္ဒိယ မြန်မာနယ်စပ်မှ ပူတာအိုအထိ လမ်းဖောက်ပြီး ပူတာအိုမှ တရုတ်နိုင်ငံအထိ လမ်းဖောက်မဲ့ နိုင်ငံကူး လမ်းမကြီးနဲ့ တထပ်တည်း နီးပါး ကျနေတယ်