Friday, November 18, 2011

ဇော်ရှန် (wunpawng )၁၇ ၁၁ ၂၀၁၁ ၁၇ ; ၁၂ ဒိသတင်း အမြန်ဆုံးပေးပို့ နိုင်သည် ။ စစ်အစိုးရ စစ်တပ် စစ်အင်အား (၃၀၀) ကျော် တို့ဟာ ကေအိုင်အေ ရှိရာ ရှေ့တန်းနယ်မြေသို့ ဓါတုလက်နက်ဖြင့် အရင်ပစ်ပြီး ဓါတုဓါတ်ငွေ့ကြောင့် ကေအိုင်အေ စစ်သားအားလုံး သေလောက်ပြီထင်ပြီး သူတို့ရဲ့ သေနတ်များကိုပင် နောက်ဘက်လွယ်ပြီး ချီတက်လာရာ ကေအိုင်အေ စစ်သားများ သေဟန်ဆောင်နေရာမှ ထပြီး အနီးကပ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်မှ အနည်းဆုံး (၁၅၀) ပွဲချင်းပြီး ကျဆုံးသွားပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။
မြောက်ကိုးရီးယား (North Korea) ကေအိုင်အေ ဘက်မှလည်း ဗိုလ် တစ်ဦး အပါအဝင် စစ်သည် (၁၁) ဦး
ကျဆုံး သွားကြောင်း သိရတယ်။ စစ်အစိုးရ စစ်တပ်တွင် မြောက်ကိုးရီးယား စစ်သားတစ်ဦးကို ကေအိုင်အေ တို့မှ အရှင် ဖမ်းဆီး ထားကြောင်း သိရတယ်။ ကေအိုင်အေရဲ့ သုံးသပ်ချက်အရ ဒီ မြောက်ကိုးရီးယား စစ်သားဟာ ဓါတုလက်နက် အသုံးပြုရန် နည်းပြသို့မဟုတ် ပညာရှင် ဖြစ်နိုင်ကြောင်းနှင့် ယင်း စစ်သားကို အနီးကပ် စောင့်ကြပ်ကြည့်ရှုနေတယ်လို့ သိရတယ်။ အပြည့်အစုံမသိရှိသေးသည့်အတွက် ရလျင်ရချင်းဖော်ပြ ပေးပို့ သွားမည် ။

ဆက်ပြီးသတင်းဖြန့်ပေးပါ ။
ဇော်ရှန် (wunpawng news )