Monday, December 10, 2018

George Soros ( သို့ ) White Ghost ( 4 )


Black.Wednesday ကို ဖန်တည်းသူ !!!!!
White Ghost ကြီးရဲ့
Bank of England မဖြိုခွဲခင်???
သူအားယူခဲ့တာတွေ အရင်သိဖို့လိုမယ်.
သူဟာ သူ့ရဲ့ အင်အားကို ဘယ်လိုတည်ဆောင်ရမလဲ ဆိုတာ
ကျွမ်းကျင်သူဖြစ်တယ်.
1963 1973 ၁၀နှစ်တာ အပိုင်းအခြားဟာ
Soros ရဲ့ အင်အားတည်ဆောက်ချိန်ကာလဖြစ်တယ်..
အလွန်ငယ်ရွယ်တဲ့ အသက်၃၃နှစ်အရွယ်မှာ
Armhold and S.Bleichroder Company မှာ ဒုဥက္ကအဖြစ် စတင်ဆောင်ရွက်ပြီး ဥရောပရဲ့ ကုန်သွယ်ရေးကို ထဲထဲ ဝင်ဝင်ဆောင်ရွက် နေချိန်ဖြစ်တယ်. ကုန်သွယ်ရေး အခွန်အကောက်ဆိုင်ရာ အကျိုးစီးပွား ဆက်စပ်မှု တွေ လေ့လာစဲ ကာလပါ.
ဒါကြောင့် Soros ဟာ အဲဒီ ကတည်းက ကုန်သွယ်ရေးအခွန်အကောက် Tariff တွေမှာ သေချာလေ့လာနေခဲ့တယ်ဆိုတာ တွေ့ရပါတယ်.
သူဟာ ပညာနဲ့ သူ့ရဲ့အင်အားကို တည်ဆောက်သူဖြစ်ပါတယ်.
1963 ကနေ 1966 အထိ သူ့ရဲ့ Economic Phylosophy ကို အသေးစိပ်ထပ်မံ လေ့လာနေတာကိုလည်း တွေ့ရပါတယ်.
ကြောက်စရာကောင်းတဲ့ White Ghost ကြီးဟာ
1966 မှာ စတင် နိုးထလာပါတော့တယ်.
ပထမဆံုး
သူ့ ရဲ့ ကိုယ်ပိုင်ငွေ US$ 100,000 ကို ကုန်သွယ်ရေးဆိုင်ရာ မဟာဗျူဟာ များလေ့လာရန် Fund တစ်ခုကို စတင်ထူထောင်ပါတယ်.
အဲဒီခေတ်အချိန်က US $100,000 ဆိုတာဟာ
နည်းတဲ့ငွေမဟုတ်ဘူး,
သူဟာ စူးစမ်းလေ့လာဖို့ ဒီငွေပမာဏ ကို မြုပ်နှံရဲ တာဟာ
ပညာအပေါ်မှာ စူးစမ်းလေ့လာမှု နဲ့ တွဲပြီး အရာရာကို ကျော်လွှားနိုင်တယ်ဆိုတာ ယုံကြည်လို့ပဲ!!!
ဒါပေမဲ့ သူဟာ သူ့ရဲ့လေ့လာမှု တိုင်းကို သူ့ရဲ့ reflexivity theory အပေါ်မှာပဲ အခြေခံခဲ့တယ်.
ကမာ႓ ကို ကိုင်လှုပ်နိုင်သူတိုင်းဟာ ပညာနှင့် စူးစမ်းလေ့လာမှု အထူးအလေးပေးခဲ့တာ
ကျွန်တော်တို့ သင်ခန်းစာယူစရာပါ..
1969 မှာ သူ့ရဲ့ ကိုယ်ပိုင်ငွေ US$ 250,000 နဲ့
ကမာ႓့ငွေကြေး အရောင်းအဝယ်လောကကို Double Eagle Hedge Fund ကို ထူထောင်ခြင်းနဲ့ ယှဉ်ပြိုင်မှုခြေလှမ်း စတင်ခဲ့တယ်..
FM Mayer လိုပဲ သူ့ဘဝ ကို စတင် ပြောင်းလဲ ပေးခဲ့ တဲ့ fund ဖြစ်တယ်.
1973 ရောက်လာတဲ့အခါ Double Eagle ဟာ US$ 12 million လောက် ချမ်းသာကြွယ်ဝနေပြီး တစ်နှစ်ကို အမြတ်ငွေ 20% လောက် ထုတ်ယူသုံးစွဲနိုင်နေပြီ ဖြစိတယ်.
1970 သူ့အသက် ၄၀ ပြည့်နှစ်မှာ
သူ့ဘဝ အသက်တာလုံး ငွေကြေးစျေးကွက်မှာ အရေးပါတဲ့
ရောင်းဝယ်မှု တွေ လုပ်ခဲ့တဲ့ Soros Fund Management ကြီးကို
အောင်မြင်စွာ ထူထောင်နိုင်ခဲ့တယ်.
အဲဒီမှာ သူ ဥက္ကဌအဖြစ်ဆောင်ရွက်တယ်.
ကမာ႓့ ငွေကြေးစျေးကွက်ကို အဲဒီ Fund ကြီးနဲ့ ကြိုးကိုင်ချယ်လှယ်ပါတော့တယ်.
1973 ရောက်လာတဲ့အခါ Soros ဟာ Fund ၂ခုစလုံးမှာ တပြိုင်နက်တည်းကြီးကြပ်ဖို့မဖြစ်နိုင်တဲ့အတွက် Double Eagle ကနေ နှုတ်ထွက်ပြီး အကြံပေးနဲ့ ပြင်ပရင်းနှီးမြုပ်နှံသူအဖြစ် ဆောင်ရွက်တော့တယ်.
Double Eagle ကိုလည်း Quantum Fund လို့အမည်ပြောင်းခဲ့ပြီး
အဘက်ဘက်က ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့ရာမှာ 2013 ရောက်လာတဲ့အခါမှာ 40 US$ Billion လှည့်ပတ်လုပ်ကိုင်နေတဲ့ Fund အဖြစ် ရပ်တည်နေပြီဖြစ်တယ်.
ဒါတွေဟာ Soros ရဲ့ Bank of England ကို မတိုက်ခိုက်မီ
သူ့ဘဝ ဇတ်ကြောင်းမှာ အရေးပါတဲ့ Fund့ကြီး ၂ခု တည်ဆောက်ပုံနဲ့ သူ့ရဲ့ ပညာရပ်ဆိုင်ရာ Economic Philosophy
ကို မြှင့်တင်ကြိုူစားပုံတွေဟာ
ဒီနေ့ခေတ် မြန်မာလူငယ်အများအပြား နဲ့ ကချင်ပညာတတ်တို့
အတုယူရမဲ့ ကိသ္စတွေ ဖြစ်ပါတယ်.
White Ghost ကြီး Soros ဟာ ပညာ , လေ့လာစူးစမ်းမှု တွေ
Financial Fund ကြီးတွေ တည်ဆောက်ပြီးတဲ့အခါ ????
မထင်ရင်မထင်သလို
သူ့ရဲ့ reflexivity theory နဲ့ မကိုက်ညီတော့ဘူးလို့ူဆရင် ???
world financial crisis ေတြကို
ဖန်တည်းပါတော့တယ်..!!!!
ပထမ ဆံုး Financial Crisis attack ကေတာ့ ????
Black Wednesday လို့ကျော်ကြားတဲ့ 1992 Sept 16ရက် ဗြိတိသျှပေါင်စတာလင်ကို တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်တယ်..
အဲဒီတစ်ရက်တည်းမှာပဲ US $ 10 billion ထက်ပိုတဲ့ ဗြိတီလျှ ငွေကြေး ပေါင်စတာလင်ကို တပြိုင်တည်းထုတ်ရောင်းခဲ့တယ်.
အဲဒီဂယက်ကြောင့်
ဗြိတိလျှအစိုးရဟာ သူ့ငွေကြေး ပေါင်စတာလင်ကို ဥရောပ ငွေကြေးစျေးကွက်ထဲ ကို နှုန်းရှင်မျောချပစ်ရတယ်..
ပေါင်စတာလင် တန်ဖိုးကျဆင်းတာမရပ်ပဲ
အင်္ဂလန်ဘဏ်ကြီး ပြိုကွဲခဲ့ရတယ်..
ဖြစ်ပုံက ???
1992 ကာလက ျဗိတိလ်ွေပါင္စတာလင္တန္ဖိုးဟာ
အခြားသော ဥရောပ ငွေကြေးစျေးကွက်ထက် စျေးနှုန်းမြင့်နေတာဟာ European Exchange Rate Mechanism အတွက် မျှတတဲ့ အချက်အဖြစ် Soros က လက်ခံခြင်းမရှိပါဘူး.
ဗြိတိလျှပေါင်စတာလင် တန်ဖိုးမြင့်လေလေ
အခြားသော ဥရောပ ငွေကြေးဖေါင်းပွလေလေ ဖြစ်ခဲ့တယ်.
ဒါကြောင့် ပေါင်စတာလင်တန်ဖိုး တဖြည်းဖြည်းမြှင့်တက်လာအောင်
1992 Sept လ အထိ ဆြဲတင္ခဲ့တယ္.
ပြီးမှ Sept 16 ရက်မှာ US$Billion 10 ထက်ပိုတဲ့ ဗြိတိလျှပေါင်စတာလင်ကို စျေးကွက်ထဲ တစ်ကြိမ်တည်း ထုတ်ရောင်းခဲ့ခြင်းဖြင့် ခိုင်မာနေတဲ့ ပေါင်စတာလင်ကို ကမောက်ကမဖြစ်အောင် ဆောင်ရွက်ခဲ့တယ်.
ယခုလက်ရှိ မြန်မာပြည်မှာ ဖြစ်နေတဲ့
ဒေါ်လာစျေးကို လူတစ်စုကပဲ ကစားနေသလိုမျိုး ..
ဖြစ်ချင်တိုင်းဖြစ်နေတော့တယ်.စျေးနှုန်းကို အမြင့်ဆုံးဆွဲတင်ပြီး တပြိုင်နက်ထဲ စျေးကွက်ထဲ ထုတ်ရောင်းပြီး စျေးအကျမှာ အဟ ကို ကစားတယ်.
ကြာတော့ တိုင်းပြည်ရဲ့ ငွေကြေးမတည်ငြိမ်ပဲ
စီးပွားရေးပုံမှန်လုပ်မရ အောင်ဖြစ်လာတယ်.
နောက်ဆုံးတော့ ဗြိတိန် Jhon Mayer Conservative အစိုးရဟာ ပေါင်ငွေကို devaluing လုပ်ရတယ် ..
Floating currency လုပ်ရတယ်
အဲဒီတစ်ရက်တည်းမှာကို ပေါင်စတာလင် 3.4 billion
ဆုံးရှုံးတယ်.
White Ghost ကြီးကတော့ US $ 1 billion အမြတ်ထွက်တယ်.
Bank of England လည်း ပြိုလဲ ခဲ့ရတယ်..
အဲဒီတုန်းက စာရင်းဇယားအရ ??
ပေါင်ငွေကို လိုက်ထိန်းရာမှာ ဗြိတိန် ဂျွန်မေယာအစိုးရဟာ US$ 24 billion နဲ့ညီတဲ့ ပေါင်ငွေကို ထုတ်သုံးလိုက်ရတယ်.
ဒီကိစ္စလည်းပြီးရော ဗြိတိန်ရဲ့ အရံငွေကြေး ချိနဲ့သွားတာ တော်တော်နဲ့ နလံမထူပါ..
ဒီနေရာမှာ White Ghost ကြီးရဲ့ လုပ်ပုံက သင်းတယ်,
Sept 15 ရက်မှာ သူ့ရဲ့ Quantum Fund ကနေ ပေါင်စတာလင်ကို massive sell out စလုပ်ပြီး European Exchange Rate Mechanism ကို စပြီး လှုပ်နှိုးလိုက်တယ်.
Bank of England က သိတော့ သူ့ငွေကိုထိန်းဖို့ ဝယ်ဖို့ပြင်ရတယ်.
စျေးကတော့ တက်စျေးအတိုင်းဖွင့်တယ်.
နောက်နေ့မနက် Sept 16 ရက် ဗုဓ္ဒဟူးနေ့မှာ မနက် 8:30 အတွင်း
300 million ပေါင်စတာလင် ၂ကြိမ်တိုင် ဝယ်ခဲ့ပေမဲ့ စျေးကစတင်ကျမြဲကျလာတယ်..
ဘာမှန်းမသိခင်မှာပဲ Soros ရဲ့ Quantum.Fund ဟာ US $ 10billion ဖိုးရောင်းပြီးနေပြီ .
မနက် 10:30 မှာတော့ ဗြိတိန် ဝန်ုကြီးချုပ် ဂျွန်မေယာနဲ့ England Bank Chancellor Robin Leigh Pemberton တို့ဟာ basic interest rate ကို 10 -12% အထိ မြင့်ပေးလိုက်ရပြီး floating currency နဲ့ Pound Sterling ကို devalue မဖြစ်မနေလုပ်လိုက်ရတော့တယ်.
ရက္စက္လွတဲ့ White Ghost Soros ပါပဲ !!!
ဒီနေရာမှာ သုံးသပ်ရရင် ????
Soros ရဲ့ အမေရိကဟာ Dollorization ကို ကမာ႓ သုံးဖြစ်အောင်
ကြိုးစားစဲ ကာလဖြစ်တယ်.
အမေရိကဟာ 1980 နောက်ပိုင်းမှာ Hi Tech Firm တွေထူထောင်ပြီး နည်းပညာအသစ်တွေ နဲ့ ကမာ႓့ စီးပွားရေးကို
လွှမ်းမိုးဖို့ ပြင်ဆင်နေစဲ .,
အရှိန်ယူနေစဲ...
ကာလျဖစ္တယ္.
ခေတ်သစ် ကိုလိုနီ ချဲ့ထွင်မှုဟာ ငွေကြေးလွှမ်းမိုးမှု ဟာ အဓိကကျတယ်ဆိုတာ
အမေရိကရော ဗြိတိန်ရော ဂျာမဏီပါ သိကြတယ်.
အမေရိကန်တို့ရဲ့ ရှေ့မှာ ဗြိတိန်ဟာ ပေါင်စတာလင်ငွေကြေးနဲ့ ပိတ်ဆို့တားဆီးထားစဲ ပါ.
ဒါကို ပေါင်စတာလင် ပြိုကျအောင် လုပ်နိုင်မှ
အမေရိကန်ဒေါ်လာဟာ ကမာ႓ ကိုလွှမ်းမိုးနိုင်မှာ အသေအချာပါ.
ဒါကြောင့်
အမေရိကန် ဒီမိုကရက်တို့ဟာ Soros ရဲ့ Quantum Fund နဲ့ ပေါင်းပြီး အလဲ ထိုးလိုက်သလားဆိုတာ
များစွာ ဆင်ခြင်သုံးသပ်ဖို့ လိုကြောင်းပါ.
ဘာပဲ ဖြစ်ဖြစ် ကမာ႓့ ဦးဆောင်နေရာကို ဘယ်လိုတွေ ဘယ်နည်းလမ်းတွေနဲ့ တည်ဆောက်ရသလဲ ဆိုတာ မြင်တွေ့ ဆန်းစစ်နိုင်တာ အမြတ်လို့ပဲ ပြောပါရစေ !!
နောက်အပိုင်းမှာ အရှေ့တောင်အာရှ ငွေကြေးစျေးကွက်ကို
ဘယ္လို
ဘာကြောင့်
တိုက်ခိုက်သလဲ ????? တင်ပြပါမယ်..
ဆက်ပါအုံးမည်