Tuesday, December 11, 2018

လွပ်လပ်ရေးကို ဗြိတိသျှတို့က ဘယ်လိုပေးခဲ့တာလဲ သိရအောင်The Atlantic Charter

Khin Maungoo is with Nang Pu and 89 others.

အတ္တလန်တစ် ချာတာ ဖတ်ကြည့်ပါ
The Atlantic Charter !
ဒုတိယကမ္ဘာစစ် စစ်ပွဲကာလအတွင်းနှင့် စစ်ပွဲအလွန်ကာလအတွက် မဟာမိတ် အင်းအားကြီးနိုင်ငံများ၏ စစ်ပွဲရည်မှန်းချက်ပန်းတိုင်နှင့် ပတ်သက်ပြီး ၁၉၄၁ ခုနှစ်၊သြဂုတ်လ (၁၄) ရက်နေ.တွင် အမေရိကန် သမ္မတ ရုဆဘဲလ်တ်နှင့် ဗြိတိန်ဝန်ကြီးချုပ်ချက်ချဲယားတို.ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။အဲဒီပူးတွဲကြေညာချက်ကို နောက်ပိုင်းမှာ Atlantic Charter အတ္တလန်တစ်ချပ်တာ ဟု အမည်တွင်ခဲ့သည်။ အဲဒီအချိန်မှာ အင်္ဂလိပ်ကို ဂျာမနီနာဇီတပ်က ဝင်တိုက်ဖို. ပြင်ဆင်နေသည့်အချိန် ဖြစ်သည်။ပြင်သစ်နိုင်ငံကို နာဇီတပ်က ဝင်သိမ်းပိုက်ခဲ့ပြီးလည်းဖြစ်သည်။အမေ ရိကန်နိုင်ငံအနေဖြင့် အဲဒီအချိန်အထိ ဒုတိယကမ္ဘာစစ်ထဲကို မပါဝင်ခဲ့ပေ။အမေ ရိကန်နှင့်မဟာမိတ်တပ်ဖွဲ.ကိုအကူအညီလိုအပ်နေသည့် ဗြိတိန်က အမေရိကန်ဆီ အကူအညီတောင်းရာကနေ အခုလို အတ္တလန်တစ်ချပ်တာဆိုတာ ပေါ်လာ ခဲ့သည်။ ပူးတွဲကြေညာချက်ထဲမှာ အဓိက (၈) ချက်ပါဝင်သည်
( ၁) ဗြိတိန်နိုင်ငံအနေဖြင့်ရော၊အမေရိကန်အနေဖြင့်ရော နယ်နိမိတ်မတိုးချဲ.ရ။
(၂) နယ်နိမိတ်ပြန်လည် ချမှတ်တဲ့နေရာမှာ သက်ဆိုင်ရာ ပြည်သူလူထုရဲ.ဆန္ဒ အတိုင်းသာ ဖြစ်ရမည်။
(၃) လူများအားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ပြဌာန်းခွင့်ရှိစေရမည်။
( ၄) ကူးသန်းရောင်ဝင်မှု လမ်းကြောင်း အတားအဆီးများ လျှော့ချမည်။
( ၅) ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုဖူလုံရေး ဖွံ.ဖြိုးမှု ဖြစ်စေ ရမည်။
(၆) ပါဝင်သူများ အနေဖြင့် လိုချင်တဲ့ကမ္ဘာနှင့် ကြောက်ရွံ.တဲ့ကမ္ဘာမှ လွတ်မြောက် အောင် ပူးပေါင်းလုပ်ဆောင်ရမည်။
( ၇) ပါဝင်သူများအနေဖြင့် ပင်လယ်လွတ်လပ်မှုအတွက် ပူးပေါင်းလုပ်ဆောင်ရ မည်။
(၈) ကျူးကျော်နိုင်ငံများ လက်နက်ချရေးနှင့် စစ်ပွဲအလွန် လက်နက်ဖျက်သိမ်းရေး ဖြစ်စေရမည် ဟု ရေးသားထားပါသည်။
ဤအတ္တလန်တစ်စာချုပ်ကို အမေရိကန်နှင့် ဗြိတိန်တို. ပူတွဲရေးသားလက်မှတ် ထိုးပြီးတဲ့နောက် ၁၉၄၁ ခုနှစ်၊စက်တင်ဘာလ (၂၄) ရက်နေ.တွင် မဟာမိတ် နိုင်ငံများက လက်ခံအသိအမှတ်ပြုခဲ့ပြီး ၁၉၄၂ ခုနှစ်၊ ဇန်နာဝါရီလ (၁) ရက်နေ. တွင်ဟစ်တလားဝါဒကို ဆန်.ကျင် ကာကွယ်သွားဖို. နိုင်ငံအများစုက စုပေါင်းပြီး ကုလသမဂ္ဂကြေညာစာတမ်းအဖြစ် အသိအမှတ်ပြု ကြေညာခဲ့ပြန်သည်။ ဤနေရာမှာ အတ္တလန်တစ်စာချုပ်သည် အာရှနိုင်ငံများနှင့်သက်ဆိုင်ခြင်းရှိမရှိ ဆန်းစစ်လေ့လာတဲ့အခါ အမေရိကန်သမ္မတ ရုဆဘဲလ်တ်၏ မိန်.ခွန်း စာရေး ဆရာ ရောဘတ် အီး ရှာဝုဒ်က ဒီလိုမှတ်ချက်ပေးပါသည်။ အိန္ဒိယ၊ဗမာ၊မလေရှားနှင့် အင်ဒိုနီရှားက ပြည်သူများမှ အတ္တလန်တစ်စာချုပ်ကို ပစိဖစ်နှင့်အာရှနိုင်ငံများအထိ တိုးချဲ.မှုရှိမရှိ မေးခွန်စထုတ် မေးမြန်လာတဲ့အချိန် မှာဘဲ ``မဟာမိတ်များ၏ကူညီမှုရယူမှသာလျှင် အောင်မြင်နိုင်မည့် စစ်ပွဲတစ်ခု အနေဖြင့် ရုဆဘဲလ်ရဲ.ဖြေရှင်းပုံက ဗြိတိန်ကို ဖိအားပေးမှုတစ်ချို.လုပ်ခဲ့သော် လည်း ကိုလိုနီနိုင်ငံများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိစ္စနှင့်စပ်လျဉ်၍ စစ်ပွဲပြီးဆုံးတဲ့ အထိ ရွှေ.ဆိုင်းထားသည်ဟု`` ရေးသားထားပါသည်။အဓိပ္ပါယ်ကတော့ စစ်ပွဲပြီး ရင် အင်္ဂလိပ်တို. သိမ်းပိုက်ထားသည့် ကိုလိုနီနိုင်ငံများကို ပိုင်ရှင်လက်ထဲ ပြန် အပ်ပေးရမည်။
Roosevelt's speechwriter Robert E. Sherwood noted that "it was not long before the people of India, Burma, Malaya, and Indonesia were beginning to ask if the Atlantic Charter extended also to the Pacific and to Asia in general." With a war that could only be won with the help of these allies, Roosevelt's solution was to put some pressure on Britain but to postpone until after the war the issue of self-determination of the colonies.
အတ္တလန်တစ် စာချုပ် ချုပ်ဆိုတဲ့သတင်းကို ကြားသိရပြီး အခွင့်ကောင်းတစ်ခုအဖြစ် အသုံးချခဲ့ ခြင်းသာ ဖြစ်သည်။ယင်းကဲ့သို. ဖြစ်ခဲ့တာတောင်မှ စာချုပ်ရဲ. ဒုတိယအချက်မှာ ပါသည့် နယ်နိမိတ်များပြန်လည် ချမှတ်တဲ့နေရာမှာသက်ဆိုင်ရာ ပြည်သူလူထု ရဲ.ဆန္ဒအတိုင်းသာ ဖြစ်ရမည်ဆိုတဲ့အချက်နဲ.အညီ ဗမာပြည်ကို လွတ်လပ်ရေး ပေးတဲ့အခါ ဗမာတစ်မျိုးတည်းလက်ထဲကို မအပ်ခဲ့ပေ။အောင်ဆန်းတို.အဖွဲ.က နှစ်ခါတောင် သွားတောင်းခဲ့ပြီး အဆင်မပြေမှ ပင်လုံစာချုပ်ဆိုပြီး တိုင်းရင်းသား ပြည်သူလူထုရဲ. သဘောတူညီချက်ကို အင်္ဂလိပ်ထံ ပြန်တင်ပြပြီး တောင်းလာတယ်။တောင်တန်းဒေသက ပြည်သူများ ဗမာနဲ.အတူ လွတ်လပ်ရေးယူမည်ဆို တဲ့ ဆန္ဒကို အင်္ဂလိပ်တို. မဖြစ်မနေ လေးစားပြီး ပေးခဲ့ရသည်။Crd
https://www.google.com/search…