Monday, December 10, 2018

George Soros ( သို ) White Ghost ( 2 )


Soros ကို မြန်မာပြည်က ပြည်သူတွေ အသိများတာက 
သူ့ရဲ့ Open Society Foundation နဲ့ပါ..
သူဟာ ငွေကြေးလုပ်ငန်းနဲ့ အဓိက အသက်မွေးတယ်ဆိုပေမဲ့
နိုင်ငံရေးနဲ့ လူမှု ရေးလုပ်ငန်းများမှာလည်း
သူ့ရဲ့ Open Society နဲ့ ပါဝင်ပတ်သက်နေပါတယ်.
သူ့ရဲ့ အဓိက နိုင်ငံရေး ယုံကြည်ချက်က ???
တိုးတက်သော liberal အယူအဆဖြစ်ပါတယ်..
ဒါကြောင့်
ဒီနိုင်ငံရေးအယူအဆထွန်းကားအောင် ကမာ႓့မည်သည့်နိုင်ငံကိုမဆို
ကူညီထောက်ပံ့ဖို့ Open Society ကို ထူထောင်ခဲ့တာ
ဖြစ်ပါတယ်.
ဒါကြောင့် လူမှုဖွံ့ဖြိုးရေးအကူအညီခေါင်းစဉ်အောက်မှာ
နိုင်ငံများရဲ့ နိုင်ငံရေး ဖြစ်စဥင်္တွေမှာ
တဖက်တလမ်းကနေ ပါဝင်ကူညီခဲ့တာ 1979 ကနေ 2011 အထိ
US $ 11billion အထိ ရှိခဲ့ပြီးဖြစ်တာ
တွေ့နိုင်တယ်.
2017 မှာ ဆင်းရဲမှု လျှော့ချရေးနဲ့
လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်ရေးအတွက် နိုင်ငံများရှိ အဖွဲ့အစည်းများနဲ့ အချို့တက္ကသိုလ်များ များကို
ကူညီခဲ့တာ US$ 12billion အထိ ရွိခဲ့တာဟာ
သူ့ရဲ့ သြဇာ ဘယ်လောက်ဖြန့်ကျက်ထားနိုင်သလဲ ဆိုတာ
ကြောက်ခမန်းလိလိဖြစ်ပါတယ်.
ဒီအပိုင်းမှာ ၂မျိုးခွဲမြင်နိုင်ပါတယ်.
တစ်မျိုးက ????
ကမာ႓့ လူမှု အဖွဲ့အစည်း နဲ့ ပြည်သူတွေကြားမှာ ဆင်ူရဲမှု လျှော့ချရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အသည်း ထူထောင်မှု ဟာ
အလွန်ကောင်းမွန်တဲ့ လုပ်ရပ်အဖြစ် မြင်နိုင်တယ်.
နောက်တစ်မျိုးက ????
Progressive Liberal အယူအဆသာလျှင် တော်တည့်မှန်ကန်တယ်
ယသဆစရာဖြစ်လာပြီး
အခြားသော အယူအဆတွေကို လွှမ်းမိုးချုပ်ကိုင်လာတဲ့ အချက်ဖြစ်တယ်.
ကမာ႓့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ တရားသေဝါဒ ကို တွန်းအားပေးလာတဲ့အတွက်
ခေတ်သစ် စနစ်သစ်ပေါ်ထွန်းရေးကို ဟန့်တာရာဖြစ်တဲ့အတွက်
နိုင်ငံရေးပဋိပက္ခများသို့ တချိန်မှာ ရောက်ရှိနိုင်တဲ့အန္တရယ်များ ရှိနေတာတွေ့နိုင်တယ်.
ဥပမာကောင်းအနေနဲ့
အခု အမေရိကမှာတောင် သူဟာ ဒီမိုကရက်တစ်တွေဘက်က ထောက်ခံသူဖြစ်ပြီး အမျိုးသားရေးရှေ့တန်းတင်တဲ့ Trump ရဲ့ Republic တွေနဲ့ မတည့်ပါဘူး,
ဒါကြောင့် ယနေ့ အမျိုးသားရေး လိုအပ်ချက်ရှိလာတဲ့ အမေရိကရဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ conflict ဖြစ်လာပြီး Hi Tech stock share များ ပြုတ်ကျအောင် တိုက်ခိုက်ခြင်းဖြင့်
ရန်ဘက်ဖြစ်လာတာဟာ သတိပြုစရာအချက်ဖြစ်နေပါတယ်.
သူ့ရဲ့ ငယ်စဉ်ဘဝ က စိတ်ဝင်စားစရာကောင်းပါတယ်.
သူ့ရဲ့ဖခင်ဟာ ရှေ့နေဖြစ်ပြီး သူတို့မိသားစုဟာဟန်ဂေရီဂျူးလူမျိုးများဖြစ်ပါတယ်..
ဒါကြောင့် ဂျာမဏီမှာ နာဇီတို့ အာဏာရလာပြီး ဒုတိယကမာ႓စစ် အတွင်းမှာ မနည်းအသက်မွေးခဲ့ရသူတွေ ဖြစ်ခဲ့တယ်.
Soros 13 နှစ်သား 1944 မှာ နာဇီတွေ သူ့နိုင်ငံ ဟန်ဂေရီကိုသိမ်းတော့ သူဟာ ဟန်ဂေရီဂျူးကောင်စီကို သတင်းရေးပို့တဲ့အလုပ်ကို voluntere လုပ်ခဲ့ပါတယ်.
သူ့ရဲ့ စာတိုလေးတွေဟာ
နောက်ပိုင်းမှာ ဟန်ဂေရီဂျူးကလေးငယ်တွေ ဘယ်လောက် ပြညနှင်ဒဏ်ပေးခံရခဲ့သလဲ ဆိုတဲ့ သမိုင်းဆိုင်ရာ အထောက်အကူပြုအချက်တွေအဖြစ် ဟန်ဂေရီ ဂျူး ဥပဒေသမားတွေအတွက် အကျိုးရှိခဲ့တယ်.
သူ့ရဲ့ ဉာဏ်ရည်ဟာ လျို့ဝှက်စွာ လုပ်ရတဲ့အလုပ်တွေအတွက်
ဒုတိယကမာ႓စစ်အတွင်း ရုန်းကန်လှုပ်ရှားရင်း ထူးချွန်ခဲ့တယ်ဆိုရမယ်
1947 မှာတော့ Soros ဟာ အင်္ဂလန်ကို ပြောင်းရွှေ့ခဲ့ပြီး
London School of Economics မှာ စတင်ကျောင်းနေခဲ့ပြီး Philosophy Student အနေနဲ့ ကျောင်းသားဘဝစတင်ခဲ့ပါတယ်.
ကျောင်းနေစဉ်ကာလများမှာ
လန်ဒန်မီးရထားဌါနမှာ ပစ္စည်းသယ်ပေးသူ အဖြစ် စတင်အလုပ်ဝင်ခဲ့ပြီး ပေါင်၄၀ စတင်လခ ရရှိခဲ့ပါတယ်
သူ့ရဲ့ဗီဇဟာ ကျောင်းသားဘဝမှာပဲ ရှင်သန်ခဲ့တာကို London High park Speaker Corner မှာ တခါတရံ internationalism အကြောင်း စတင်ဟောပြောခဲ့တာကို တွေ့ရပါတယ်.
1951မှာ ဘွဲ့ရခဲ့ပြီး 1954 မှာ Philosophy Master Degree ကို ရခဲ့ပြီး ဖြစ်ပါတယ်.
ဟန်ဂေရီ ဂျူးတစ်ယောက်ကို
Philosophy Master Degree ဂျို တပ်ပေးလိုက်ခြင်းဟာ
ကမာ႓ကြီးကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းမှ
နောင်တချိန်မှာ ထိန်းချုပ်စေခိုင်းဖို့
ဘုရားသခင်ကပဲ မွေးဖွားပေးလိုက်သလားဆိုတာ
ပဟေဋိ ဖြစ်မယ်ယူဆပါတယ်.
ဆက္ပါအံုးမယ္.
M Kawn La