Saturday, December 15, 2018

ဖိနှိပ်ခံ ကချင်လူငယ်၃ဦးရဲ့ နောက်ကွယ်က မိသားစုများထံ နှစ်သိမ့်အားပေးစကားများ ပြောကြားရင်း

ဒီနေ့ ဖိနှိပ်ခံ ကချင်လူငယ်၃ဦးရဲ့ နောက်ကွယ်က မိသားစုများထံ နှစ်သိမ့်အားပေးစကားများ ပြောကြားရင်း ရောက်ရှိပါတယ်..
မိသားစုတစ်ဦးချင်းဆီကို
ဆန်၁အိတ် ဆီ ၁၀ပိသာ နဲ့ စားဖွယ်စုံများ
ကူညီပေးအပ်ပါတယ်..
ဤ အကူအညီကို လောပန်းကြီး ဆွမ်လွတ်အောင်မိုင်+ဒေါ်ဂျာအိန် မိသားစု မှ လှုဒါန်းတာဖြစ်ပြီး 
ခရစ္စမတ်လက်ဆောင်ဖြစ်ခဲ့ပါတယ်..
ကိုလွမ်းဇောင်းအမေကတော့ ?????
သူ့ရဲ့သားငယ်လေး ထောင်ကျတာကို လက်မခံနိုင်ဖြစ်လျက်ရှိပြီး နောင် နိုင်ငံရေး မလုပ်ခိုင်းတော့ကြောင်း ပြောလာလို့ မိမိအမျိုးသားတို့အတွက်အလုပ်လုပ်ရင်း ဖြစ်တဲ့အတွက်
ဂုဏ်ယူခြင်းဖြင့် ဖြေသိမ့်ရန် နှစ်သိမ့်ခဲ့ပါတယ်..
ကိုဇော်ဂျတ် မိန်းမကတော့ ????
လူတွေက နှစ်သိမ့်အားပေးကြပေမဲ့
မိသားစုမှာ တဖြည်းဖြည်း စီးပွားရေး ချွို့ယွင်းလာပြီး ရုန်းကန်လာရ၍ မလုပ်စေချင်တော့ကြောင်း
ကျွန်တော်တို့လည်း အားလုံးအတူတူခံစားနေရတဲ့ ဖြစ်စဉ်တွေမို့ ကိုယ်ချင်းစာ၍ ရောက်ရှိလာရခြင်း ဖြစ်ကြောင်း ပြောပြတော့ ရီဝေသောမျက်လုံးများ
ခံစားချက်တူ ပုံရိပ်များတို့နဲ့ အိမ်ဝအထိ လိုက်ပို့ပါတယ်.
မနန်ပူ အိမ်ရောက်တော့ ????
အသက်၈၀ အဖိုးအိုတစ်ဦး ထွက်ကြိုပါတယ်.
သူမရဲ့အေဖပါ
သူ့သမီးလေး ထောင်က ပြန်လွတ်ရင် မူလအလုပ်မှ ပြန်လုပ်နိုင်ပါ့တော့မလား စိုးရီမ်ကြောင်းပြောရှာပါတယ်.
ကျွန်တော်တို့တွေ ပြန်လာတော့ !!
စီတာပူမနောကွင်းမှာ ကချင်တို့ရဲ့ အားကစားသူရဲကောင်း
အောင်လအင်ဆန်ကြိုဆိုပွဲကို သောင်းသောင်းဖျဖျကြိုဆိုရန်
စည်ကားလျက်ရှိနေပါတယ်..
တချိန်တည်းမှာ
ကချင်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှု အတွက်
နိုင်ငံရေးဘက်ပါသော လူမှု ရေး စွန့်လွှတ်စွန့်စားသူ လူငယ်၃ဦး နှင့် သူ့ရဲ့ နောက်ကွယ်က ကြေကွဲလျက်ရှိနေတဲ့ မိသားစုများကို ကျွန်တော်တို့ တွေ့လိုက်ရတဲ့အခါ ????
ကချင်တို့ စဉ်းစား ရန် အချက်များစွာ ရှိနေပြီလို့
သတိပေးချင်ပါတယ်,!!!
M Kawn La