Monday, April 30, 2018

ကချ့င်စစ်ဘေးရှောင်များ တားဆီးပိတ်ပင်မှု ကန်ကွက်ဆန္ဒပြပွဲ Kachin ethnics stage protest to rescue trapped residents in clashes




Kachin ethnics stage protest to rescue trapped residents in clashes in Myitkyina
 
 
Tu Ja Manam
ဒီမနက်မြစ်ကြီးနားမြို့စီတာပရီုရပ်ကွက်တွင်ကျင်းပပြုလုပ်သောယခုအချိန်၌ကချင်ပြည်နယ်တွင်တိုက်ပွဲကြောင့်ပိတ်မိခံနေရသည့်အပြစ်မဲ့ပြည်သူများလုံခြံသောအရပ်
ဒေသများသို့အမြန်ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက်
ပြည်သူ့ဆန္ဒဖေါ်ထုတ်ပွဲအဖွင့်ဆုတောင်းပွဲသို့တ
ရောက်ခဲ့ပါတယ်။
 
 
 
Hkinseng Brang
7Day News Journal added 8 new photos to the album: ပိတ်မိစစ်ရှောင်များကယ်ထုတ်ပေးရန် မြစ်ကြီးနားတွင်ဆန္ဒထုတ်ဖော်.
47 mins · 
တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့(KIA) တို့၏ ဧပြီလအတွင်း တိုက်ပွဲများကြောင့် တောထဲတွင် ပိတ်မိကာ အခက်အခဲများ ကြုံနေရသည့် ဒေသခံများအား အမြန်ဆုံးကယ်ထုတ်ပေးရန် တောင်းဆိုသည့် ဆန္ဒထုတ်ဖော်မှုကို ယနေ့(ဧပြီ ၃၀ရက်) နံနက်တွင် မြစ်ကြီးနားမြို့၌ ပြုလုပ်လျက်ရှိသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ကချင်လူငယ်များ၊ ကချင်ဘာသာရေးအဖွဲ့အစည်းများ နှင့် လူမှုအဖွဲ့အစည်းများ၊ မြစ်ကြီားနားမြို့ခံများ စုစုပေါင်း လူဦးရေ ထောင်ချီ ပါဝင်၍ " တိုက်ပွဲကြား ပိတ်မိခံ ပြည်သူများအား လွတ်လပ်စွာ စားနပ်ရိက္ခာအမြန်ဆုံး ထောက်ပံ့ပေးရေး" “ပိတ်မိပြည်သူများ၏ အသက်ကို လျစ်လျူမရှုပါနဲ့” “ ပြည်သူသည် ရန်သူမဟုတ်” စသည့်တို့ကို ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ မြို့ပေါ်တွင် လှည့်လည်ဆန္ဒပြနေကြခြင်းဖြစ်သည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် ဒုက္ခကြုံနေရသည့် ပြည်သူလူထု၏ အရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရက နှုတ်ဆိတ်မနေရန်လည်း ဆန္ဒထုတ်ဖော်သူများက တောင်းဆိုသည်။
အဆိုပါ လှုပ်ရှားမှုတွင် ဘုန်းတော်ကြီးအချို့လည်း ပါဝင်၍ စစ်ကြောင့် လူထုများ အတိဒုက္ခရောက်နေရသည့် အခြေအနေကို အဆုံးသတ်ကြရန် မိန့်ကြားသည်။
စစ်ပွဲများကြောင့် တိုင်းပြည်မှာ အဖက်ဖက်မှ ချွတ်ခြုံကျခဲ့ရပြီး ကမ္ဘာ့အလယ်တွင် မျက်နှာငယ်ခဲ့ရသည်ဟု မနောကွင်း၌ ပြုလုပ်သော ဟောပြောပွဲတွင် ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။
" ငြိမ်းချမ်းရေးမရလို့၊ အချင်းချင်း တိုက်နေရတဲ့ တိုက်ပွဲတွေ ရှည်ကြာလို့၊ ပန်းနဲ့ ပေါက်တာ မဟုတ်တဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက် သေကြေပျက်စီးရတယ်။ အိုးမဲ့ အိမ်မဲ့ အားလုံးဟာ ဒုက္ခအတိဖြစ်ရတယ်။ တိုင်းရင်းသားညီအကိုတွေ အချင်းချင်း တိုက်နေတာဆိုလို့ရှိရင် ဦးဇင်းအနေနဲ့ တရားသောစစ်ရယ်လို့ ဦးဇင်း မယူဆဘူး" ဟု ဘုန်းတော်ကြီးက မိန့်သည်။
တိုင်းရင်းသားအချင်းချင်းအကြား စားပွဲဝိုင်းတွင် ဆွေးနွေးနိုင်ပါလျက်ဖြင့် တိုက်ခိုက်နေကြခြင်းသည် အရိုင်းအစိုင်းဆန်သည်ဟု လည်း ဘုန်းတော်ကြီးက မိန့်ကြားသည်။
ကချင်ပြည်နယ် ဖားကန့်၊ တနိုင်း၊ မိုင်းကောင်းနှင့် အင်ဂျန်းယန် မြို့နယ်များရှိ KIA အခြေပြုနေရာများဖြစ်သော မံဝယ်ဒေသ၊ အောင်လောဒ့်ဒေသ၊ ကဆုန့်ဒေသ နှင့် အင်ဂျန်းယန်ဒေသ များ၌ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယင်းဒေသရှိ ပြည်သူ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အောင်လောဒ့်ဒေသခံ တစ်ထောင်ကျော်မှာ တောထဲတွင် ပိတ်မိနေဆဲဖြစ်သည်ဟု ကူညီရေး အဖွဲ့တာဝန်ရှိသူများက ဆိုသည်။
သတင်း-အောင်ဇော်ထွန်း
ဓာတ်ပုံ- ဆွတ်ဆိုင်းထွယ်

M kawn la
ကချ့င်စစ်ဘေးရှောင်များ တားဆီးပိတ်ပင်မှု ကန်ကွက်ဆန္ဒပြပွဲ မှာ ကချင်အမျိုးသားကွန်ဂရက်ပါတီက ဒုဥက္က Dr. အောင်ဒွန်းမှ KNC ကိုယ်စားတက်ရောက် ပါဝင်ပါတယ်..