Thursday, April 19, 2018

Genocide နဲ့ စွဲချက်တင်ပီး အပြစ်ပေးခဲ့ပါတယ်

၁၉၇၅ ခုနှစ် 
ကေမၻာဒီးယားနိုင္ငံ 
ခမာနီ ဆိုတဲ့ ကွန်မြူနစ်သူပုန်အဖွဲ့ဟာ
ပြည်တွင်းစစ်မှာ အနိုင်ရပီး အစိုးရဖြစ်လာခဲ့တယ်
ခမာနီ တွေဟာ စစ်ပွဲအနိုင်ရ ရှိမှုတခုနဲ့ မတင်းတိမ်နိုင်ပါဘူး
သူတို့ရဲ့ အောင်မြင်မှု ကို ဒီထက်မက ကျယ်ပြန့်ချင်တယ်
နက်ရှိုင်းချင်တယ် 
စံပြကွန်မြူ နစ် အန်ကာ နိုင်ငံတော် တည်ထောင်ပြမယ်
ဒီအတွက် လူတန်းစားသန့်စင်မှု အစီအစဉ်ကို
အကောင်အထည်ဖော်တယ်
ဒီ အစီအစဉ်ရဲ့ ပစ်မှတ်ကတော့ 
တနိုင္ငံလံုးမွာ ရွိတဲ႕ 
ပညာရှင် ပညာတတ် ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာမှသည် ရုံးစာရေးမကျန် အန်ကာပစ္စည်းမဲ့နိုင်ငံရဲ့ရန်သူအဖြစ် သတ်မှတ်လိုက်တယ်
(မျက်မှန်တပ်သူတေဟာ စာတတ်သူတေလို့ သတ်မှတ်ခံရပီး
အကုန် ရန်သူစာရင်းဝင်ကုန်ကြတယ်)
စာတတ်သူချည်းပဲလားဆိုတော့ မကဘူး
မြို့ပြမှာ နေထိုင်တဲ့သူအားလုံးဟာ အန်ကာနိုင်ငံတော်ရဲ့ 
ရန်သူတွေ လို့သတ်မှတ်ပီး 
မြို့ပေါ်နေ လူတန်းစားအားလုံးကို ကျေးလက်ကို မောင်းထုတ်တယ်
အားလုံးခြေလျင် ဘာယဉ်မှစီးနင်းခွင့်မရှိ 
အစာမပေးပဲ သေနတ်နဲ့ ချိန်ပီး မောင်းတာ
ပြည်တွင်းစစ်ကြောင့် ကျေးလက်ကနေ မြို့ပေါ်ထွက်ပြေးလာခဲ့သူတွေ အားလုံးဟာ 
ဘုမသိ ဘမသိနဲ့ အန်ကာရဲ့ ရန်သူတေ ဖြစ်ကုန်တယ်
ဒါဆို ကျေးလက်ကလူတေကော သက်သာလားဆိုတော့
မသက္သာဘူး 
မြေပိုင်ဆိုင်မှု ရှိခဲ့ရင် ကျွဲ နွား နဲနဲပါးပါး ပိုင်ရင်
စက်ဘီးတစီးလောက်ရှိရင်ကို အန်ကာနိုင်ငံတော်ရဲ့ ရန်သူတေ ဖြစ်ကုန်တယ်
ကျန်သေးတယ် 
အသက်ကြီးရွယ်အိုတေက အလုပ်မလုပ်နိုင်တဲ့ အရွယ်တေမို့
အန်ကာကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ် 
ဒါ့ကြောင့် အန်ကာရဲ့ ရန်သူ
နောက်ပီး ဗုဒ္ဓဘာသာ ဘုန်းကြီးတေ 
လူနည်းစုဝင် အစ္စလာမ် နဲ့ ခရစ်ယာန်တေ 
အားလုံးဟာ အန်ကာရဲ့ ရန်သူတေ ဖြစ်ကုန်တယ်
အန်ကာရဲ့ ရန်သူတေ ဘာလုပ်ခံရသလဲ
ပထမဆုံးတော့ အဲ့ဒီ အဖမ်းခံရတဲ့ သူတေထဲက ခေါင်းအမာဆုံးလို့ ယူဆရသူတချို့ ကို စံနမူနာအနေနဲ့ သတ်ဖြတ်ပစ်တယ်
ကျန်တဲ့သူတေ အပိုးကျို းအောင်လို့
စစ်ကြောရေးစခန်းတေဖွင့်တယ်
လောက ငရဲလို့တင်စားပြောရမဲ့ ညဉ်းပမ်းနှိပ်စက်မှုတွေနဲ့ 
လည်ပတ်တယ်
အစုလိုက် အပြုံ လိုက်ဖမ်းမိထားသူတေကို
ထမင်းတဆုပ်ပေးပီး တနေကုန်တနေခမ်း ခိုင်းစေတယ်
အားပျက်လဲသူတေဟာ အန်ကာရဲ့ရန်သူ
မလုပ်နိုင်ဘူး ညဉ်းညူ သူတေဟာ အန်ကာရဲ့ရန်သူ
အန်ကာရဲ့ ရန်သူ အားလုံးအဖို့ သွားရာလမ်းတလမ်းတည်းပဲ
သေလမ်း
တယောက်ချင်းစီကိုသတ်တယ်
အစုလိုက်အပြုံ လိုက်ကိုသတ်တယ်
ထမင်းစားရေသောက် လူသတ်တယ်
၁၅ မိနစ်တခါ လူသတ်တယ်
အပျင်းပြေ လူသတ်တယ်
ဒီလိုနဲ့ ခမာနီတေ လက်ချက်မိပီး 
လူ ၂ သန်းလောက် အသက်ပျောက်ကုန်တယ်
လမ်းလျှောက်ရင် သတိထားလျှောက် 
ခလုတ်တိုက်မိမယ် အရိုးခေါင်းတေနဲ့
သတိထားလျှောက် 
ကျွံကျသွားမယ် လူသေမြုပ်ထားတဲ့ ကျင်းထဲကို
ခေါင်းငုံလျှောက် 
ခေါင်းမော့လျှောက်ရင် ဖီဆန်သူ
ဘာတေဖြစ်နေတာလဲ ကမ္ဘောဒီးယား
genocide ေလ
တကမ္ဘာလုံးက ဘာလုပ်နေလဲ
ဒီလောက်ဆိုးရွားတဲ့ ကိစ္စကြီးအတွက်
မသိချင်ယောင်ဆောင်နေတယ်
ငုပ်တုပ်ထိုင်နေတယ်
အဆိုးဆံုးက မသိကို မသိခ်င္တာ 
ဖြစ်ချင်ရာဖြစ် တို့နဲ့ မဆိုင်ဘူးဆိုတဲ့ အနေအထား
kosovo ကိစၥ ဟာ genocide awareness 
အရှိဆုံးအချိန် လို့ ပြောရ ရင်
ကမ္ဘောဒီးယားဟာ genocide awareness မရှိဆုံးကိစ္စလို့ ပြောရင်မလွန်ဘူး
ဒီလို ကမ္ဘာက မျက်နှာလွဲခဲပစ် လုပ်ခဲ့တာကြောင့်
ခမာနီတေဟာ သောင်းကျန်းချင်သလို သောင်းကျန်းနေတော့တာ
ငရဲကျနေတဲ့ ကမ္ဘောဒီးယား ပြည်သူတေခမျာ 
မျှော်ရှာတယ် 
အမေရိကန်စစ်တပ်ကြီး ရောက်လာပီး ငါတို့ကို ကယ်မှာပါကွာ
ကွန်မြူ နစ် ခမာနီတေ ဒီလောက်သောင်းကျန်းနေတာ အနောက်အုပ်စု လက်ပိုက်ကြည့်မနေလောက်ပါဘူး
သနားစရာ ကမ်ပူချား ပြည်သူများ
တကယ်တော့ အမေရိကန်ဟာ ဗီယက်နမ်စစ်ပွဲမှာ 
အသားနီလန်အောင် အတွယ်ခံလိုက်ရလို့ အင်ဒိုချိုင်းနားကျွန်း
ဆွယ် ဆိုရင် ပြန်လှည့်မကြည့်ချင်လောက်အောင်ဖြစ်နေတဲ့အချိန်
ဖြစ်ချင်ရာဖြစ် ငါနဲ့မဆိုင်ဆိုတဲ့ ခံယူနဲ့ အမေရိကန်အများစုက ခံယူထားချိန်
ဒါဆို အမေရ်ကန်လာမကယ်ရင် 
ကမ္ဘောဒီးယားပြည်သူတေကို ဘယ်သူလာကယ်ပါ့မလဲ 
ကယ်တင်ရှင်ရယ် လာပါတော့
ကယ်တင်ရှင်တေရောက်လာပါပီ
အမေရိကန်တေမဟုတ်ပါဘူး
အမေရိကန်တေရဲ့ မဟာရန်သူတော် 
ဗီယက်နမ်ပြည်သူ့တပ်မတော် ပါတဲ့ဗျား
ဒါဆို ဗီယက်နမ်တေက ကွန်မြူ နစ်အချင်းချင်းဖြစ်ပီး
ဘာလို့များ ခမာနီတေကို ဝင်တိုက်တာလဲ
genocide ကိုတားဆီးခ်င္လို႕လား
no no 
လံုးဝ မဟုဘူး
မဲခေါင်မြစ်ဝှမ်းဒေသမှာ ခမာနီတေက ဗီယက်နမ်တေကို
သွားရန်စ လိုက်တော့ 
အရှေ့တောင်အာရှ ရဲ့ ပရပ်ရှား ဗီယက်နမ်က ပြန်တွယ်တဲ့သဘော
နောက်တခုက
ကွန်မြူ နစ် အချင်းချင်းဆိုပေမဲ့
ဗီယက်နမ်က ဆိုဗိယက်တပည့် ကွန်မြူ နစ်
ခမာနီတေက တရုတ်တပည့်ကွန်မြူ နစ်
တရုတ်နဲ့ ဆိုဗိယက် လမ်းခွဲကြတော့
တပည့်ကြီး နှစ်ယောက် ထချ ကြရော
စစ်ရည်ဝနေတဲ့ ဗီယက်နမ်တပ်တေဟာ ခမာနီတေကို အချိန်တိုအတွင်း တိုက်ခိုက်ချေမှုန်းပစ်ပါတယ်
ခမာနီတေဟာ ဗဟို အစိုးရ အဆင့်ကနေ 
နယ်စပ်တေမှာ ကုပ်ကပ်နေရတဲ့ ဘဝ ရောက်ကုန်ပါတယ်
ခမာနီတေရဲ့ အမွေအဖြစ် 
ကမ္ဘောဒီးယား နိုင်ငံမှာ ကျန်ခဲ့တာဆိုလို့ 
လူထောင်ချီမြုပ်နှံထားတဲ့ ကျင်းကြီးတေ
ထိုးထိုးထောင်ထောင် ထွက်နေတဲ့ လူသေအရိုးတေ
ညဉ်းပန်းနှိပ်စက်ရေး စခန်းတေ
ပိန်းခြုံးချည့်နဲ့နေတဲ့ သေခါနီးလူတေ
ဗီယက်နမ်တပ်မတော် ကတော့ 
နိုင်ငံစုံက သတင်းထောက်တေ သံတမန်တေကို ခေါ်ပီး
ဒီမြင်ကွင်းတေကို ပြပါတယ်
မြင်ရသူတေ အကုန် shock ရကုန်တယ်
ကမ္ဘာတခုလုံး မျက်လုံးပြူ းမျက်ဆံပြူ းဖြစ်ကုန်တယ်
ဒီ အချိန်မှာ အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ဆီကနေ အသံစထွက်လာပါတယ်
ခမာနီတေကျူ းလွန်တဲ့ genocide အမှုကို ရှုံ့ချ တာလား
မဟုတ္ဘူးဗ်
ကမ္ဘောဒီးယားနိုင်ငံကို ကျူ းကျော်တိုက်ခိုက်တဲ့ ဗီယက်နမ်ကို ရှုံ့ချပါသတဲ့
ဆိုဗီယက်-ဗီယက်နမ် ကွန်မြူ နစ်အုပ်စု နဲ့
တရုတ်-ခမာနီ ကွန်မြူ နစ် အုပ်စု တိုက်ပွဲကြားမှာ 
အမေရိကန်ဟာ တရုတ်-ခမာနီ အုပ်စု ဘက်က အပြည့်အဝ ရပ်တည်လိုက်ပါပီ
ဗီယက်နမ်တပ်တေ ဝင်တိုက်လို့ နယ်စပ်မှာ ကုပ်ကပ်နေရတဲ့ 
ခမာနီတေ ကိုသာလျှင် ကမ္ဘောဒီးယားနိုင်ငံရဲ့ တရားဝင်အစိုးရ အဖြစ် အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုပါသတဲ့
ကုလသမဂ္ဂမှာ လည်း အမေရ်ကန် အစိုးရက ခမာနီတေဘက်က ပဲ ထောက်ခံမဲ တေပေးခဲ့ပါတယ်
ဟာ ဒါဆို အမေရ်ကန် အကုန်လုံး အတော်ဆိုးတဲ့သူတေပါလား
ကိုယ်ကျို းအတ္တသမားတေပါလား
အဲ့လိုပြောဖို့တော့ခက်ပါတယ်
အမေရ်ကန်ပြည်ထောင်စု အစိုးရ အဖွဲ့အတွင်းက
လက်တဆုပ်စာ ထိပ်တန်းအရာရှိကြီး တချို့ဟာ ခမာနီတေရဲ့ လုပ်ရပ်ကို စပ်ဆုပ်ရွံရှာပါတယ် 
ခမာနီတေရဲ့ ရာဇဝတ်မှုကို အရေးယူရမယ်လို့ ဆုံးဖြတ်ချက် 
အခိုင္အမာ ခ်ထားႀကပါသတဲ႕
ဒါပေမဲ့ သူတို့ဆုံးဖြတ်ချက်ဟာ 
လက်ရှိ အမေရိကန်အစိုးရရဲ့
''ပထဝီနိုင်ငံရေး အကျိုးအမြတ်ပေါ် အခြေခံတဲ့ ခမာနီဘက်ကရပ်တည်မှုကို '' မကျော်လွှားနိုင်ပါဘူး
အမေရိကန်သမ္မတကြီးအပါအဝင် ပြည်ထောင်စု အစိုးရတရပ်လုံးနီးပါးက ခမာနီတေဘက်က ရပ်တည်ကြ ထောက်ခံကြပေမဲ့
အဲ့ဒီလက်တဆုပ်စာ အရာရှိကြီးတေကတော့ ခမာနီတေကို ခုံရုံးတင်ဖို့ အချက်အလက်တေ
ပြင်ဆင်နေကြပါပီတဲ့
အဆန်းဗျနော် 
ကိုယ့်အစိုးရ ရဲ့ရပ်တည်ချက်နဲ့ ကိုယ့်ရဲ့လုပ်ဆောင်ချက်ဟာ 
ထိပ်တိုက်ဆန့်ကျင်နေလင့်ကစား 
ကိုယ့်လုပ်ရပ်ဟာ ဥပဒေဘောင်အတွင်းကရှိနေရင်
ကိုယ်စွမ်းကိုယ်စ ရှိသလောက်လုပ်ခွင့်ရတဲ့သဘောဗျ
ဒီမိုကရေစီဆိုတာ အာ့ဒါမျိုးကို ပြောတာထင်ပ
ရှည်ရှည်ဝေးဝေး မပြောတော့ဘူးဗျာ
ခမာနီတေကို တရားရုံးတင် စစ်ဆေး
အပြစ်ပေးနိုင်ခဲ့လား 
ပေးနိုင်ခဲ့ပါတယ်
Cambodia Penal Code အရ
War Crimes တွေနဲ့
Crimes against Humanity နဲ့
Genocide နဲ့ စွဲချက်တင်ပီး အပြစ်ပေးခဲ့ပါတယ်
တရားရုံးတော်တွေဟာလည်း ပြည်တွင်း နဲ့ အပြည်ပြည်ဆိုင်ရာ အဆင့်အထိ ပုံစံမျို းစုံနဲ့ပါဝင်ပါတယ်
ခမာနီတေဟာ အမေရိကန်သမ္မတကြီးကိုယ်တိုင်ဦးဆောင်တဲ့
အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အကာအကွယ်ပေးမှုကို ရခဲ့ပေမဲ့ အပြစ်ပေးခံရပါတယ်
ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကျူ းလွန်ခဲ့တဲ့ အမှုဟာ
သာမန်ညောင်းည ကိစ္စ မဟုတ်ပါဘူး 
လူသားမျို းနွယ်စုကို ဖျောက်ဖျက်ဖျက်ဆီး လူမျိုးအလိုက် 
အညွန့်တုံးစေဖို့ ရည်ရွယ်ချက်နဲ့ ကျူ းလွန်ခဲ့တဲ့ 
genocide ရာဇဝတ္မႈပါ
genocide ရာဇဝတ်တရားခံတေကို အမေရိကန်သမ္မတကြီးက
တောင် ဝင်ကာကွယ်ပေးလို့မရပါဘူး
geopolitics နဲ႕ ကစားပီး genocide ရာဇဝတ္မႈကေန
လွတ်အောင် လုပ်လို့မရကြောင်းပါခင်ဗျားး