Tuesday, December 13, 2016

The U.S. Embassy is deeply concerned by the escalating violence in Kachin and Shan State and reports of abuses against civilians.

U.S. Embassy Rangoon

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အကြမ်းဖက်မှုအရှိန်မြင့်တက်နေကြောင်းနှင့် အရပ်သားများအပေါ် မတော်မတရား ပြုလုပ်နေမှုသတင်းများကြောင့် အမေရိကန်သံရုံးအနေဖြင့် များစွာစိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားလိုပါသည်။ ပါဝင်ပတ်သက်သူ အားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရေးနှင့် နိုင်ငံတစ်ဝန်း ပဋိပက္ခကြောင့် ဒုက္ခရောက်ရသူအားလုံး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးနှင့် အဟန့်အတားမရှိရရှိနိုင်ရေးတို့အတွက် မိမိတို့ ဆက်လက်တောင်းဆိုပါသည်။ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတစ်ခု အောင်မြင်မှုရရှိရေးအတွက် လိုအပ်သည့် ယုံကြည်မှုများကို လျော့ပါးအားနည်းစေပြီး အပြစ်မဲ့ပြည်သူတို့၏ ဘဝများအပေါ် အချိုးမမျှတစွာ သက်ရောက်မှုဖြစ်စေ၍ ထောင်နှင့်ချီသော IDPs များကို ၎င်းတို့၏ အိုးအိမ်များမှ အတင်းအကျပ် စွန့်ခွာထွက်ပြေးစေရာ ရောက်ပါသည်။ ရန်လိုမှုများ အမြန်ဆုံးရပ်စဲကြပါရန် ပါဝင်ပတ်သက်သူအားလုံးကို အမေရိကန်သံရုံးက တိုက်တွန်းပါသည်။ သို့မှသာလျှင် ငြိမ်းချမ်းရေး အောင်မြင်မှုရရှိရန်အတွက် အရေးကြီးသော ကြိုးပမ်းအားထုတ်မှုကို ဆက်လက်ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
The U.S. Embassy is deeply concerned by the escalating violence in Kachin and Shan State and reports of abuses against civilians. We continue to call for restraint from all sides and urge immediate, unfettered humanitarian access to all those affected by conflict throughout the country. Continued conflict undermines the trust necessary to achieve a durable peace, and disproportionately affects the lives of innocent civilians and the thousands of IDPs forced from their homes. The U.S. Embassy urges all sides to cease hostilities so that the important effort to achieve peace can move forward.