Saturday, December 3, 2016

မုံးကိုးမြို့ ပြာပုံ ဘဝ ပြောင်းခံရတော့ မည်လော...?

Seng Jaw 
(Lachid Kachin)
3/12/2016
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ် ၊မုံးကိုးမြို့ အား
(၂၊၁၂၊၂၀၁၆) နေ့ က စပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး
အဖွဲ့များ ဖြစ်သည့် မြောက်ပိုင်းမဟာ မိတ် အဖွဲ့ မှ ထိန်းချုပ်နိုင် လိုက်ပြီ
ဖြစ်ကြောင်း သိရှိရပါသည်။
ကေအိုင်အေ တပ်မဟာ(၆) နယ်မြေ ၊ တရုတ်-မြန်မာ နယ်စပ် ရှိ မုံးကိုးမြို့
နှင့် ထိုဒေသတွင် မြန်မာ စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်
လှန်ရေး အဖွဲ့ များဖြစ်သည့် မြောက်ပိုင်း မဟာမိတ် တပ် များတိုက်ပွဲ အပြင်း
ထန် ပြန်လည်ဖြစ်ပွား လာသည်မှာ ယခင်လ(၂၀၊၁၁၊၂၀၁၆) ရက်နေ့ မှ
စတင်ဖြစ်ပွားခဲ့သည် ဖြစ်ပြီး ယမာန်နေ့ (၂၊၁၂၊၂၀၁၆) ရက်နေ့ တိုက်ပွဲဖြစ်
ပြီး (၁၃) ရက်နေ့ မြောက်မှာ တော့ မုံးကိုးမြို့ ရှိ မြန်မာ စစ်တပ် ဗျူဟာကုန်း
တပ်စခန်း ကြီး အား တိုင်းရင်းသား မြောက်ပိုင်း မဟာမိတ် တပ်များ ဘက်မှ
ထိန်းချုပ် ထားလိုက် နိုင် ပြီ ဖြစ် ကြောင်းသိရှိရပါသည်။မြန်မာစစ်တပ် ဗျူဟာ
ကုန်းအား မြောက်ပိုင်းမဟာမိတ်တပ်များ မှ ဝင်ရောက် ထိန်းချုပ် နိုင်သော်
လည်း မြန်မာ စစ်တပ်၏ ဗျူဟာမှူးကိုတော့ ဖမ်းဆီး နိုင်ချင်း မရှိပါ ၊၎င်းမြန်မာ
တပ်၏ ဗျူဟာမှှုးမှာ တိုက်ပွဲ စတင် ဖြစ်ပွားသည့် (၂၀၊၁၁၊၂၀၁၆) ရက်နေ့ မှ
စတင်ပြီး တရုတ် နိုင်ငံ ထဲ သို့ ထွက်ပြေးသိန်းရှောင်သွားပြီ ဖြစ်ကြောင်းသိ
ရရှိပါသည်။
မုံးကိုးမြို့ အား ၎င်း မြန်မာစစ်တပ် ဗျူဟာကုန်း နှင့် ကွတ်ခိုင်ပြည်သူ့ စစ် ၊မုံးကိုး
ပြည်သူ့ စစ် အဖွဲ့ တို့ မှ အုပ်ချုပ် ချယ်လှယ်နေ သည် ဖြစ်ပြီး ယခု တိုက်ပွဲ တွင်
မြန်မာ စစ်သားများအပါအဝင် ကွတ်ခိုင်ပြည်သူ့ စစ်အဖွဲ့ မှ အရာရှိ အချို့ နှင့်
နောက်လိုက်များအား လက်နက်နဲ့ အတူ အရှင်ဖမ်းဆီးရမိထားကြောင်းလည်း
သိရှိရပါသည်။
(၂၊၁၂၊၂၀၁၆ ) ရက်နေ့ တွင် မြန်မာ စစ်တပ် မှ လေကြောင်းဖြင့် မုံးကိုးမြို့
ပေါ် ရှိလူနေ တိုက်တာ အဆောက်အဦး များအားအဓိက၊ပစ်မှတ်ထားကာ
ဂျက်တိုက်လေယာဉ်များ၊ တိုက်ရဟတ်ယာဉ်များဖြင့် နံနက် (၉း၃၀)မှ ညနေ
(၄း၃၀)နာရီခန် အထိ စုစုပေါင်း ဂျက် နှင့် ရဟတ်ယာဉ် (၅,၆)စီးဖြင့် (၉)ကြိမ်
ထက်မနည်း လာရောက်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် မြို့ တွင်းရှိ စသင်ကျောင်း
များ လူနေအိမ်အများအပြား မီးလောင် ပျက်ဆီး သွားပြီ ဖြစ်သည်။ဒေသခံ
များမှ မုံးကိုးမြို့ ၏ တဖက်ကမ်းရှိ အိမ်နီးချင်း တရုတ် နိုင်ငံ မာန်ဟိုင်းမြို့သို့
သွားရောက်ခိုလုံ နေရ ပါသည်။
မြန်မာ စစ်တပ် သည် မုံးကိုးမြို့ အား လက်လွှတ်လိုက်ရ ပြစ် ဖြစ်သောကြောင့်
(၃၊၁၂၊၂၀၁၆) ရက်နေ့ မှ စပြီး မုံးကိုးမြို့ အား လေကြောင်း ဖြင့် အကြီးအကျယ်
လာရောက် ဗုံးကြဲ ဖျက်ဆီး မည် ဖြစ်ကြောင်း တရတ် ဖက်ခြမ်းမှ လာသေား
သတင်းများအရသိရှိရပါသည်။(အတည် မပြု နိုင်သေးသည့် သတင်းများအရ
မြန်မာ စစ်တပ်မှ ဓါတု လက်နက်များ သုံးမည် ဟုလည်း သတင်းများ ထွက်နေ
ပေါ်သည်။)
သို့ ဖြစ်၍ တရုတ် အစိုးရ သည် မာန်ဟိုင်းမြို့ ရှိ၎င်းတို့၏ နိုင်ငံသားများ အား
လုံးကို (၂၊၁၂၊၂၀၁၆) ရက်ည တွင်းချင်း မာန်ရှီမြို့ သို့ ကားကြီးများဖြင့် လာ
ရောက် သယ်ဆောင်ရွှေ့ပြောင်း သွားပြီ ဖြစ်သည်။
သို့ သော် မြန် မာ ပြည် မှ ထွက်ပြေး လာသော စစ်ပြေးဒုက္ခသည်များ မှာ ၎င်း
တို့ နှင့် လိုက်ပါ ခွင့် မရဘဲ နယ်စပ် အနီးပတ်ဝန်းကျင် ၌ သာ တောင်တင်နေ
ကြရပါသည်။
ထူးခြားသည် မှာ မုံးကိုးမြို့ ၌ ဤမျှ ပြင်းထန်သော တိုက်ပွဲ များဖြစ်ပွားနေ သော်
လည်း ပြည်တွင်း ပြည်ပ ရှိ ဗမာ မီဒီယာ များပေါ် တွင် မုံးကိုးအရေး သတင်း
ဖေါ်ပြမှှု မှာ မရှိ သလောက်ပင်ဖြစ်သည်။ (မြဝတီ၊MRTV ကိုးကားသတင်း
လောက်ဘဲ တွေ့ရတယ်။)
ယခု သတင်းရေးသားနေ ချိန် (၃၊၁၂၊၂၀၁၆) ရက်နေ့ နံနက် (၉းဝဝ)နာရီအချိန်
မြန်မာ တပ်မှ မုံးကိုးမြို့ အား ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန် လာ
ရောက်ဗုံးကြဲနေ ပြီဖြစ်သည် အိမ်အချို့ မီးလောင် နေသည် ကို တရုတ် ဖက်ခြမ်း
မှ အတိုင်းသားမြင်နေရပါသည်။
(ဓါတ်ပုံ-(၂၊၁၂၊၂၀၁၆) ရက်နေ့ ဂျက်ဖြင့် ဗုံးကြဲသဖြင့် မီးလောင်နေ သော
မုံကိုးမြို့ ၊ တရုတ်ပြည်သို့ စစ်ပြေးနေရ သော မုံကိုးဒေသခံ အချို့။)