Sunday, September 20, 2015

ယနေ့ MPC တွင် မည်မျှပင် အာရွီးနေစေကာမူ

ယနေ့ MPC တွင် မည်မျှပင် အာရွီးနေစေကာမူ ယနေ့... မိုင်းခေါင်ကျေးရွာသို့ ဒုက္ခသည် အသစ်များ ခိုဝင်လာနေသည်။ အရပ်ဖက် လူထုများ ကယ်ဆယ်ရေး လုပ်နေရသည်။
ယခုအချိန်တွင် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် ကြားညှပ်နေသော ကျေးရွာသားများအား အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကယ်ထုတ်နေပါသည်။ လူဉ်ီးရေ ၁၂၀ ခန့် ကယ်ထုတ်ပြီး မိုင်းခေါင် ကျေးရွာသို့ ခေါ်ဆောင် လာထားပြီ။နောက်ထပ် ၄၀၀ ခန့် ကျန်နေဆဲဖြစ်သည်။
အင်န်စီအေသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ဖြစ်သည့်အား လျော်စွာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သောစာချုပ်ဖြစ်ရန် ပဓာနကျ သည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးသည့် အင်န်စီအေသည်သာ နှစ်ပေါင်း ၆၀ ကျော်လက်နက်ကိုင် ပဋိပက္ခ (သို့မဟုတ်) ပြည် တွင်းစစ်၏ ချုပ်ရာငြိမ်းရာအမှန် လောကနိဗ္ဗာန်ဆီ ဦးတည်နိုင်မည်ဖြစ်သည်။ အား လုံးပါဝင်လက်မှတ်ရေးထိုးသည့် အင်န်စီအေသည်သာသမိုင်းမော်ကွန်းသစ်ရေးထိုးမည့် ပထမခြေလှမ်းဖြစ်နိုင်ပြီး အားလုံးပါဝင်လက်မှတ်ရေးထိုးမှုလျော့ရဲသောအင်န်စီအေသည်သမိုင်းကို အကျည်းတန်စေနိုင်ဖွယ်ရှိနေသည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စား လှယ် အဖွဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂၀၁၅ စက်တင်ဘာ ၁၇ ရက်တွင်ကျင်းပ ခဲ့သည်။ အဆိုပါအစည်းအဝေး တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ထိပ် သီးခေါင်းဆောင်များအကြား ရန်ကုန်မြို့တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခဲ့ ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အင်န်စီအေ)ကို အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ် သက်၍ အကျယ်တဝင့် အမြင် ဖလှယ်ဆွေးနွေးခဲ့ကြပုံရသည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ကရင်ပြည်နယ် လော်ခီးလာတွင် စက် တင်ဘာ ၂၄ ရက်မှ ၂၆ ရက် အထိ ကျင်းပမည်ဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များထိပ်သီးအစည်းအဝေး၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ကို လာမည့် အောက်တိုဘာတွင် လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ အလေးပေးဆွေးနွေးကြမည်ဖြစ်သည်။ ၂၀၁၅ သြဂုတ် ၁၁ ရက် နေ့ကတည်းက သမ္မတဦးသိန်းစိန်သည် အင်န်စီအေစာချုပ်လက်မှတ်ရေးထိုးချုပ် ဆိုနိုင်ရေးရည်ရွယ်သည့် တရားဝင်ဖိတ်ကြားစာများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံသို့ ပေးပို့ခဲ့ပြီးဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာအဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့ သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အင်န်စီအေ)ကို မူချောအဖြစ် ဆွေးနွေး သဘောတူအတည်ပြု ပြီးဖြစ်သည်။ အင်န်စီအေစာချုပ် လက်မှတ်ရေးထိုးရာတွင် အစိုးရ ဘက်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၆ ဖွဲ့လက်မှတ်ရေး ထိုးရန် သဘောတူပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များအနေဖြင့် အားလုံးပါဝင်ရေး မူကိုကိုင်စွဲထားသည်။ သို့ဖြစ်၍ အားလုံးပါဝင်လက်မှတ်ရေးထိုး ခြင်းနှင့် အဖွဲ့ ၁၆ ဖွဲ့လက်မှတ် ရေးထိုးခြင်း အမြင်နှစ်ရပ်အကြား ဆွေးနွေးမှုများ၊ အားပြိုင်မှုများ အကြိတ်အနယ်ဖြစ်လာခဲ့သည်။ စက်တင်ဘာ ၉ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်း ဆောင်များအကြား တွေ့ဆုံဆွေး နွေးပြီးသည့်တိုင် အင်န်စီအေစာ ချုပ်ကို အားလုံးပါဝင်လက်မှတ် ရေးထိုးသည့် ရှေ့မတိုးနောက် မဆုတ်ဖြစ်နေဆဲဟု သုံးသပ်နိုင် သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းသည် စက် တင်ဘာ ၁၄ ရက်နိုင်ငံရေးပါတီ များ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် အန်စီ အေစာချုပ်ကို အောင်တိုဘာ၌ လက်မှတ်ရေးထိုးရန် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့ က အတည်ပြုပြီးဖြစ်ကြောင်း အန်စီအေစာချုပ်ကို လက်မှတ် ရေးထိုးပြီးပါက ၂၀၁၆ ဇန်နဝါရီ တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
၂၀၁၆ ဇန်နဝါရီတွင် သမ္မတ ဦးသိန်းစိန်အစိုးရသက် တမ်းသည် ပုံမှန်အားဖြင့် ရက် ပေါင်း ၉၀ နီးပါးသာကျန်ရှိမည်ဖြစ်သည်။ သုံးလနီးပါး သက်တမ်းကျန်ရှိတော့မည့် အစိုးရအဖွဲ့ အနေဖြင့် အင်န်စီအေစာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းထက် ၂၀၁၅ ရွေးကောက်ပွဲအလွန် ဖွဲ့ စည်းဖြစ်ပေါ်လာမည့်အစိုးရသစ် လက်ထက်တွင် နိုင်ငံရေးဆွေးနွေး ပွဲများ ထိရောက်အကျိုးရှိစွာ ကျင်းပနိုင်ရေးပြင်ဆင်လမ်းခင်း ပေးခြင်းက ပိုမိုကြောင်းကျိုး လျော်ကန်မည်ဖြစ်သည်။
အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အား လုံးပါဝင်လက်မှတ်ရေးထိုးရေး တောင်းဆိုချက်ကို လိုက်လျော နိုင်ခြေနည်းပါးပြီး လက်မှတ်ရေးထိုးမည့်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်မည့်သဘော တွေ့နေရသည်။ အကယ်စင်စစ်အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တိုင်းကိုအပစ်အခတ် ရပ်စဲရေးအဆင့်ဆင့် ဆွေးနွေးမှုများတွင် ပါဝင်ခဲ့ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အင်န်စီအေစာချုပ်ပါ သတ်မှတ်ချက်များ၊ ပြဋ္ဌာန်းချက်များအား သဘောတူ လက်ခံနိုင်လျှင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် လမ်းဖွင့်ထားသင့်သည်။ အပြီး သတ်စာချုပ်ကို သဘောတူသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တိုင်းအား တန်းတူရည်တူ လက်မှတ်ရေးထိုးခွင့်ပြုနိုင်မည်ဆိုလျှင် အင်န်စီအေအလွန် နိုင်ငံရေးဆွေးနွေးပွဲများသည် ပိုမိုရုပ်လုံးကြွလာနိုင်ဖွယ်ရှိသည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအားလုံးပါဝင်လက် မှတ်ရေးထိုးခြင်းမရှိလျှင်၊ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ အချို့သာလက်မှတ်ရေးထိုးမည် ဆိုလျှင် အင်န်စီအေစာချုပ်သည် တစ်နိုင်ငံလုံးအသွင် အားလုံးပါ ဝင်သည့် သဘောတို့ကင်းလွတ် သွားမည်ဖြစ်ပြီး အင်န်စီအေ (သို့ မဟုတ်) တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်ဟု သတ်မှတ်နိုင်ဖွယ်ရှိ မည်မဟုတ်ပေ။ တိုင်းရင်းသား ဒေသများတွင် သေနတ်သံ၊ ဗုံးသံ၊အမြောက်သံ၊ အော်သံဟစ်သံ၊ ပြေးလွှားသံများ သိသိသာသာ ချုပ်ငြိမ်းသွားခြင်းထက် အပစ် အခတ်ရပ်စဲရေး သဘောတူစာ ချုပ်ကို လက်မှတ်ရေးထိုးနိုင်ပြီဆို သည့်သတင်းသာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် သတင်းစာမျက်နှာများအကြား ပလူပျံသွားနိုင်ခြေရှိသည်။ အစိုးရနှင့် နိုင်ငံတကာအလှူရှင်နိုင်ငံများအနေဖြင့် အောင်စည်အောင်မောင်းထိုးနိုင်မည်ဖြစ်သော်လည်း အောက်ခြေတိုင်းရင်းသားပြည်သူ လူထုတွက်မူ ဒုံရင်းသာဖြစ် လိမ့်မည်။
အချုပ်အားဖြင့်ဆိုသော် သမ္မတဦးသိန်းစိန်အစိုးရသည် အားလုံးပါဝင်လက်မှတ်ရေးထိုး သည့်အင်န်စီအေစာချုပ်ကို အစိုးရ သက်တမ်း၏ နောက်ဆုံးရက်များ တွင် အသက်သွင်းနိုင်ခဲ့မည်ဆို လျှင် နိုင်ငံရေးအရ အတန်အသင့် မှတ်ကျောက်တင်နိုင်ခွင့်ရရှိမည် ဖြစ်သည်။ သက်တမ်းကုန်အံ့ ဆဲဆဲကာလ၌ အင်န်စီအေ သဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့တစ်ဝက်သာ ပါဝင်လက်မှတ်ရေးထိုးနိုင်မည်ဆိုလျှင် အစိုးရစွမ်းဆောင်ရည်သည် သုညနီးပါးထိုးကျသွားနိုင်ခြေရှိသည်။ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် သော့ချက်ကျသော ခြေလှမ်းတစ်ခုဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ အပစ်အခတ်ရပ်စဲရေး၊ရင်ကြားစေ့ရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊အားလုံးပါဝင်ရေးတို့ကို ဟန်ချက်ညီညီပေါင်းစပ်နိုင်ရန် အစိုးရအနေဖြင့်မဖြစ်မနေရှေးရှုသင့်ပါကြောင်းမီးမောင်းထိုး တိုက်တွန်းဆော်သြ လိုက်ရပါသည်။။
အင်န်စီအေသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ဖြစ်သည့်အား လျော်စွာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သောစာချုပ်ဖြစ်ရန် ပဓာနကျ သည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးသည့် အင်န်စီအေသည်သာ နှစ်ပေါင်း ၆၀...
7DAYDAILY.COM

ယနေ့ MPC တွင် မည်မျှပင် အာရွီးနေစေကာမူ