Monday, September 21, 2015

ဖက်ဒရယ်ဆိုတာ သံယံဇာတဆက်ကြေး ထပ်ကောက်မဲ့ နိုင်ငံရေးစကားလုံးပါ


xxxxxxxxxxxxxxxxxxxxxxxxxxxxx
ရခိုင်ပြည်နယ် အကျယ်အ၀န်း က ၃၆၇၆၂ စတုရန်းမိုင်ရှိတယ်
၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက ခွဲထွက်လာတဲ့ အရှေ့ တိမောက ၁၅၄၁၀ စတုရန်မိုင်ဘဲရှိတယ်၊ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ တ၀က်ဘဲရှိတယ်လို့ ယူဆလို့ ရတယ်။
ငါတို့ အားလုံးကျွန်သွားခံနေတဲ့  စင်ကာပူ အကျယ်အ၀န်းက ၆၉၃ စတုရန်းမိုင်ဘဲရှိတယ်။
ရခိုင်ပြည်နယ်ရဲ့  ကျွန်းတစ်ကျွန်းစာဘဲရှိတယ်။
ရခိုင်လူမျိုးတွေ ၊ပညာတတ်အများကြီးရှိတယ်၊ ခင်ဗျားတို့ သီးခြား နိုင်ငံထူထောင်နိုင်တဲ့ နေ့ ဟာ မြန်မာပြည် အာဏာရှင်ကျဆုံးတဲ့ နေ့ ဘဲ။ ဒီမိုကရေစီစနစ် စတင်အသက်ဝင်တဲ့ နေ့ ဘဲ့ ။ခင်ဗျားတို့ စည်းလုံးပါ။ခင်ဗျား တို့ စည်းလုံးညီညွတ်ခြင်းအားဖြင့်  မြန်မာ တနိုင်ငံလုံးကပြည်သူတွေကိုကူညီပါ။ လက်ရှိဖြစ်နေတဲ့ ကုလားပြသနာက အာဏာရှင်တွေကစားနေတဲ့ အကွက်ပါ။
လက်ရှိ ကချင်နဲ့ ရှမ်းဒေသတွေက တရုတ်နိုင်ငံရဲ့ မူဝါဒအရခွဲထွက်ဘို့ မလွယ်ပါဘူး၊လူမျိုးစုတွေအားလုံးက တရုတ်နိုင်ငံမှာလဲကိုယ်ပိုင်အုပ်ချုပ်ခွင့်  ဒေသတွေကိုယ်စီနဲ့ မို့  သူနိုင်ငံကိုကူးစက်လာမှာကို ကာကွယ်တဲ့ အနေနဲ့ မွေမသေတုတ်မကျိုး မူဝါဒကိုဆွဲကိုင်ထားလို့ ပါ။
ရခိုင်နိုင်ငံသီးခြား ပေါ်ထွက်လာဘို့ အတွက် နိုင်ငံသားတိုင်းရဲ့ တာဝန်ပါ၊ လူမျိုးတိုင်းက ၀ိုင်းဝန်း တည်ဆောက်ပေးဘို့ လိုပါတယ်။လက်ရှိပထ၀ီအနေအထားအရ နိုင်ငံကြီးတွေအတွက်သာ မဟာဗျူဟာကျတာမဟုတ်ဘဲ စစ်အာဏာ ရှင်တွေအတွက်လဲ မဟာအကျိုးစီးပွားဖြစ်သလို ဒီမိုကရေစီ လိုလားသူ နိုင်ငံသားအားလုံးအတွင်လဲ မဟာဗျူဟာကျတဲ့ ဒေသဖြစ်နေပါတယ်။
ရခိုင်ပြည်နယ်ဟာ အတိတ်က စစ်ဘုရင်တွေ ရဲ့ ဆိုးမွေတစ်ခုပါ၊ ဒီဆိုးမွေကိုမစွန့် လွှတ်နိုင်ဘဲ ဗမာစစ်အာဏာရှင်မပြိုလဲပါ။ဒါကြောင့် ကြည်ဖြူစွာစွန့် လွှတ်နိုင်ဘို့  နိုင်ငံသား
အားလုံးကြိုးစားမှရပါမယ်။ လူမျိုးမတူ ယဉ်ကျေးမှုမတူတဲ့ ဒေသက အကျိုးစီးပွား တွေကို ဂုတ်သွေးစုတ်နေတာကိုထိုင်ကြည့် နေနိုင်တဲ့  လူမျိုးတွေ ရှိနေတာကြော့င့် အာဏာရှင်အမြစ်တွယ်နေတာကိုလက်ခံရပါမယ်။ပြည်ထောင်စု လောဘတွေကြောင့်  ဖက်ဒရယ်ကိုထပ်မံအသက်သွင်းဘို့ ကြိုးစားနေကြတာကို သတိပြုရမယ်။ဖက်ဒရယ်ခေါင်းစဉ်တပ်ပြီး ဗမာ လူမျိုးတွေရဲ့ သံယံဇာတ ဆက်ကြေးကောက်ဘို့  ကြိုးစားမှုကို သတိထားဘို့ လိုပါတယ်။
ဖက်ဒရယ်ဆိုတိုင်း ကောင်းသော စနစ်မဟုတ်တာကို လေ့လာမှရပါမယ်။
နော်မိုင်
၂၀၊၉၊၂၀၁၅
လွပ်လပ်စွာကွဲလွဲနိုင်ပါသည်။

  • Comments
  • 4 of 26