Monday, September 7, 2015

ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ဗုဒ္ဓဘာသာစေတီ လာတည်တဲ့ကိစ္စနဲ့ပတ်သက်လို့ DKBA အဖွဲ့မှ ဗိုလ်မှူးကြီးစောဆန်းအောင် က ဒီကိစ္စဟာ DKBA နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး

5 hrs ·




အခုတော့ စစ်အာဏာရှင် စစ်ခွေးတွေက တိုင်းရင်းသား ပြည်သူတွေကို သွေးခွဲနည်းတွေကို နည်းမျိုးစုံ သုံးပြီး သွေးခွဲ နေတယ် ။ စစ်အာဏာရှင် စစ်ခွေးတွေ သိဖို့ ကောင်းတာက 2000 ခုနှစ် အနောက်ပိုင်းက လူတွေ မဟုတ်တော့ ဘူး ဆိုတာကို ထန်းလျှက် စားပြီး ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထား ကြပါ ။
=====
ဖာပွန်မြို့နယ် ကတိုင်တိ မီးဇိုင်းရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ဗုဒ္ဓဘာသာစေတီ လာတည်တဲ့ကိစ္စနဲ့ပတ်သက်လို့ DKBA အဖွဲ့မှ ထုပ်ပယ်တာခံထားရတဲ့ ဗိုလ်မှူးကြီးစောဆန်းအောင် က ဒီလိုပြောတယ်။
`ဒီကိစ္စဟာ DKBA နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး။ မြိုင်ကြီးငူဆရာတော် ဥူးသုဇနနဲ့လည်း လုံးဝမသက်ဆိုင်ပါဘူး။ သံလွင်မြစ်ပေါ်တည်ဆောက်မယ့် ဟတ်ကြီးရေကာတာစီမံကိန်းကို အတင်းအကြပ် အကောင်အထည်ဖော်ဖို့ ဆိုင်းပြင်းနေတဲ့ ရန်သူအစိုးရနဲ့ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်။ ဒေသတွင်းက လူထုတွေကြားနဲ့ အဖွဲ့အစည်းတွေကြား ဘာသာရေးအရ သွေကွဲအောင် ဖြိုခွဲတဲ့ ဖန်တီးလိုက်တဲ့လုပ်ရပ်၊ ရန်စလုပ်ဆောင်မှုသက်သက် ဖြစ်တယ်။
ဟတ်ကြီးရေကာတာကို လူထုတွေလက်မခံ ဆန့်ကျင်နေတဲ့ကြားက ဇွတ် အကောင်အထည်ဖော်ဖို့၊ ဟတ်ကြီးရေကာတာနဲ့ နီးနီးကပ်ကပ်ရှိနေကြတဲ့ ဒီကေဘီအေ ဗိုလ်ဘိ တာဝန်ယူထားတဲ့ မြိုင်ကြီးငူဒေသနဲ့ ဗိုလ်ဘောကျော်ဟဲ တာဝန်ယူထားတဲ့ ကေအန်ယူ တပ်မဟာ (၅) ဖာပွန်ဒေသ အဲဒီနေရာတွေကို စစ်ရေးအရ စိုးမိုးရေးတွေလုပ်ဖို့အတွက် အခု ကိစ္စဟာ ရန်သူအစိုးရရဲ့ ပထမခြေလှမ်းတွေပဲ ဖြစ်တယ်။
ဒီလုပ်ရပ်ကို ကျနော်တို့ လုံးဝဆန့်ကျင်တယ်။ လုံးဝ လက်မခံဘူး။ လက်သည်တရားခံအစစ်၊ ကြိုးကိုင်ဖန်တီးနေတဲ့ လက်မဲကြီးကို အားလုံးမြင်ထားဖို့ သိထားဖို့ အရေးကြီးတယ်။ ဘာသာရေးသွေးကွဲတာနဲ့ ပတ်သက်ပြီး သင်ခန်းစားယူရမယ့် သမိုင်းအဖြစ်အပျက်တွေ ကျနော်တို့မှာ ရှိပြီးသားဖြစ်တယ်´ လို့ ဆိုပါတယ်။
(ပုံစာ .. ကရင်ပြည်နယ် ဖာပွန်မြို့ ကတိုင်တိ မီးဇိုင်းရွာက ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ဗုဒ္ဓဘာသာစေတီတဆူကို လူအင်အားနဲ့ အမြန်ပြီးစီးအောင် လာတည်ထားတဲ့ပုံ ဖြစ်ပါတယ်။)

Yamoun Nar
ဒီကိစ္စဟာ DKBA နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး