Monday, September 7, 2015

တိုင်းရင်းသားတပ်မတော်တွေ ဘာလုပ်လုပ် ကျုပ်ခွင့်လွှတ်နိုင်တယ်။


ကချင်တွေအခွန်ကောက်တယ်(အစိုးရပြောတော့ ဆတ်ကြေးပေါ့)
လူသစ်စုတယ် စသဖြင့်ပေါ့
ဒါတွေဟာ ကိုယ့်လူမျိုးကိုကာကွယ်ဖို့အတွက်
ကောက်တာ စုတာဘဲ ဘယ်သူမဆို
ထည့်နိုင်ရမယ်။
ကရင်လည်းဒီအတိုင်းပါဘဲ။
မထည့်ချင် မဝင်ချင်ရင်တော့ မင်းတိုင်းရင်းသားကို မချစ်လို့ဘဲ မှတ်ရမယ်။
ကျန်တဲ့တိုင်းရင်းသားတွေလည်း အတူတူပါဘဲ။
ဘေးရောနံ့ပါကြပ်တည်းနေချိန်မှာ
လူအင်အား လက်နက်အင်အားမမျှစွာ
နဲ့တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို ငဲ့ညာစေချင်တယ်။
ကျုပ်တို့ဘက်သာတယ်ဆိုလို့ ဗျူဟာ ဘဲရှိပါတယ်။
၂၀၁၂ ကချင်မျိုးချစ် ဒုစစ်ဦးစီးဗိုလ်ချုပ်ဂွမ်မော်ခင်းသော
ဗျူဟာကို ဗမာ့သောင်းကျန်းသူအကြီးအကဲတွေ
အတော်လေးလန့်ခဲ့တယ်။
ဗမာ့သောင်းကျန်းသူတွေအတော်လေးလည်း အထိနာခဲ့တယ်။
ဒါက ကချင်ဗျူဟာမြောက်ကြောင်းပါ။
ကျုပ်တို့ခေါင်းဆောင်တွေ ဘယ်နေရာဘာတိုက်တွေဆောက်နေတယ်ဘာလုပ်နေတယ် ဆိုတာကို
ဝါဒတွေဖြန့်ကျက်လာတာမကြာခဏဆိုသလိုတွေ့မြင်နေရတယ်။
ခေါင်းဆောင်းဘဲတိုက်တော့ဆောက်မှာပေါ့။
သူ့အရည်အချင်းနဲ့သူရှာထားတဲ့သူ့စီးပွားရေး ရောပြီးမထွေးစေချင်။
ကျုပ်တို့ခေါင်းဆောင်တွေတိုက်လောက်သာ
ဆောက်ပြီးနေတာ ဗမာ့သောင်းကျန်းသူခေါင်းဆောင်တွေဆို
ကျုပ်တို့ပြည်နယ်တွေကထွက်တဲ့သယံဇာတတွေကို ခရိုနီဆိုတဲ့တမတ်သားတွေ
နဲ့ပေါင်းပြီး အမြတ်ထုတ်နေခဲ့တာ အခုဆို နိုင်ငံခြားဘဏ်တွေမှာတောင်
ငွေတွေသွင်းထားတယ်လို့ သိရပါတယ်။
ကျုပ်တို့ပြည်နယ်မှာလမ်းတစ်ချောင်းလုပ်ဖို့ငွေ သူတို့အိမ်ရှေ့က ဝရံတာဖြစ်သွားတယ်။
ကျုပ်တို့ပြည်နယ်က တံတားဆောက်ဖို့ငွေ သူတို့မြေးရဲ့ပြိုင်ကားဖိုးဖြစ်သွားတယ်။
ဒီလိုသာခံသွားမှာလား.....?
မခံဘူးဆိုတဲ့မျိုးချစ်ခေါင်းဆောင်တွေ
မဖြစ်စလောက်ငွေကိုကောက် လူတွေစုပြီးဆက်ပြီးတော်လှန်နေခဲ့တယ်။
ဖိနှိပ်မှုတွေရှိနေသရွေ့တော့တော်လှန်နေရအုန်းမှာဘဲ။
တန်းတူရေးမရသရွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရသရွေ့တော့
ပြည်တွင်းစစ်မီးမငြိမ်းနိုင်ပါဘူး။
စစ်မှန်တဲ့ဒီမိုခရေစီဖြစ်ဖို့ လက်နက်မကိုင်ရကိစ္စပို၍မဖြစ်နိုင်ပါ။
တိုင်းရင်းသားတပ်မတော်မည်သည့်အဖွဲ့မဆို အားပေးတယ်၊ထောက်ခံတယ်၊
လေးစားပြီးသားပါ။
— with Saw Karen Blood and 87 others.
Like   Comment   
တိုင်းရင်းသားတပ်မတော်တွေ ဘာလုပ်လုပ် ကျုပ်ခွင့်လွှတ်နိုင်တယ်။