Saturday, July 14, 2012

KIO နှင့် အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ စစ်တပ်က အခရာကျတယ်

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ လက်အောက်ခံတပ်ဖြစ်သည့် KIA နှင့် မြန်မာ အစိုးရစစ်တပ်တို့ ကချင်ပြည် နယ် အတွင်း စစ်ပွဲများ ဖြစ်ပွားနေသည်မှာ အချိန်အားဖြင့် တစ်နှစ်ကျော်ကြာလာခဲ့သည့် တိုင်အောင် နှစ်ဘက် အပစ်အခတ် ရပ်ဆဲရေး မရနိုင် ဖြစ်နေသည့် အခြေအနေကို တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦး အောင်ကျော်ဇောနှင့် သျှမ်းသံတော်ဆင့် ဆက်သွယ်မေးမြန်းချက် ဖြစ်ပါသည်။ တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦး အောင်ကျော်ဇော( ဓါတ်ပုံ- MG/SHAN) မေး - KIO နဲ့ မြန်မာအစိုးရတို့ နှစ်ဘက် အကြိမ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး ဘာဖြစ်လို့ စစ်ပွဲတွေ မရပ် နိုင်ဖြစ်နေတာလဲ။ ဖြေ - ကချင်ပြည်နယ်မှာ ဘာဖြစ်လို့ စစ်ပွဲတွေရပ်အောင်မလုပ်နိုင်သလဲ ဆိုရင် စစ်တပ်အနေနဲ့ ရပ်ချင်ရင် အင်မတန် လွယ်ပါတယ်၊ သူတို့ထိုးထားတဲ့တပ်တွေ ပြန်ရုပ်လိုက်မယ်ဆိုရင် နံပတ်တစ် ဒုက္ခသည် ပြဿနာ ဖြေရှင်းပြီးသားဖြစ် သွားမယ်၊ ကေအိုင်အေနဲ့နားလည်မှုရဖို့ ကြီးမားတဲ့အထောက်အကူ လည်းဖြစ်လာမှာပဲ၊ အချိန်တို အတွင်းမှာ နှစ်ဘက် အပစ်အခတ် ရပ်ဆဲရေးဆိုတာ ဖြစ်သွားနိုင်ပါတယ်၊ ဒါကို ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်လည်းသိတယ်။ ဒုဦးစီးချုပ်စိုးဝင်းလည်းသိတယ်၊ သူတို့မလုပ်လို့ မရပ်တာ ဖြစ်တယ်။ မေး - KIO ကလည်း ငြိမ်းချမ်းရေး လိုချင်တယ် ပြောတယ်၊ ဦးသိန်းစိန်အစိုးရကလည်း ဒီစကားပဲပြောတယ်၊ အဲတော့ စစ်တပ်ရဲ့ အနေအထားက ဘယ်လိုရှိလဲ။ ဖြေ - ကေအိုင်အေဘက်က ငြိမ်းချမ်းရေးလိုချင်တယ်ပဲပြောပြော မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးလိုချင်တယ်ပဲ ပြောပြော ဖြစ်နေတဲ့ပြဿနာက ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် စစ်တပ်မှာ အဓိက ကျတယ်ဆိုတာ ရှင်းပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာဖိအားတွေအောက်မှာ အခုစေလွတ်လိုက်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေရဲ့ သ ဘောထားအရ ဦးသိန်းစိန်အစိုးရအဖွဲ့အနေနဲ့ တစ်စုံတစ်ရာငြိမ်းချမ်းရေး လိုချင်တဲ့ လက္ခဏာတွေ့ရတယ်၊ အားထုတ် ကြိုး စားမှု တချို့တွေ့ရတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ တစ်ဘက်ကလည်း နှစ်ပေါင်း ၅၀ ကျော် စစ်အုပ်ချုပ်ရေးကာလ တစ်လျှောက်လုံးမှာ ပြည်သူနဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို အမျိုးမျိုး လှည့်စားလာခဲ့တော့ ဒီတစ်ခါလည်း လှည့်စားမှုလား ဒါမှမဟုတ် သူတို့ လို ချင်တာကို ယူဖို့ အစိုးရနဲ့ တပ်နဲ့ ပူးပေါင်းပြီးတော့ပေါ့ လုပ်နေတာလား ဆိုတာ ရှေ့မှာ ပိုမြင်လာရမှာပါ။ မေး - အစိုးရစစ်တပ်ဘက်က ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘယ်လိုအမြင်ရှိမလဲ။ ဖြေ - တပ်နဲ့ပတ်သက်လို့ကတော့ နောက်ဆုံး ၄ လပတ် အစည်းအဝေးမှာ သက်ဆိုင်ရာတပ်အသီးသီးနဲ့ ရင်ဆိုင် ထားတဲ့ အမျိုးသားတပ်ဖွဲ့တွေကို ချေမှုန်းရေးပဲဖြစ်တယ်။ ညွန်ကြားချက်ထဲမှာဆိုရင် အထူးသဖြင့် ကေအိုင်အေ ကို အမြစ်ပြတ်ချေမှုန်းရေးဆိုပဲ ဖြစ်တယ်။ အဲဒီကကကြည်းရဲ့ညွန်ကြားမှုအောက်ကနေပြီး စစ်တပ်တွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ စစ်ရပ်ဆဲရေးကို စဉ်းစားနိုင်မှာ မဟုတ်ဘူး။ မေး - စစ်တပ်မပါရင် မြန်မာ့နိုင်ငံရေး ပြောင်းလဲနိုင်မဲ့ အနေအထားရော ရှိပါသလား။ ဗမာပြည်ရဲ့ ပြောင်းလဲသယောင်ရှိနေတဲ့ ပြောင်းလဲမှုဟာ စစ်တပ် ပါ၀င်လာခြင်း မရှိသေးဘူးဆိုတာကို လက်ရှိ အခြေအနေက ပြနေတာပဲ။ စစ်တပ်ပြောင်းလဲမှုမရှိပဲနဲ့ ဒီနေ့အနောက်ကို ပြန်လှည့်မသွားဘူးဆိုတဲ့ စကား ဘယ် သူကပဲ ပြောပြော စစ်တပ်ကို ပြောင်းလဲဖို့ ဦးတည်တဲ့ ကြိုးစားမှုတွေမရှိဘူးဆိုရင် မုချပြန်လှည့်သွားမှာပဲ။ မေး - နောက်ကြောင်းပြန်လှည့်မဲ့ အလားအလာတွေရော ရှိပါသလား။ ဖြေ - ဦးသိန်းစိန်ပြောနေတာရှိတယ်၊ စစ်တပ်ကအုပ်ချုပ်ရေးမှာမပါဘူး ဆိုပြီး သာမန်ကိစ္စတွေမှာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ လူမျိုးစုလက်နက်ကိုင် နယ်မြေတွေမှာတော့ စစ်တပ်က ပါလာတယ်။ ရခိုင်ပြည်နယ်ကိုပဲကြည့်ပါ ဒီနေ့အထိ စစ်အုပ်ချုပ်ရေးမရုပ်သိမ်းသေးဘူး၊ ဗမာအစိုးရရဲ့ရည်မှန်းချက်က RNDP ရဲ့ ကြီးထွားလာတဲ့အင်အား ရခိုင်ပြည်သူတွေရဲ့ နိုးကြားလာတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို ထိန်းချုပ်ဖို့ဖြစ်တယ်။ ဘယ်အချိန်အထိ ဆက် သွားနေမယ် ဆိုတာ မသိသေးဘူး၊ အဲလိုပဲ လူမျိုးစုဒေသတွေမှာ နောက်ကြောင်းပြန်လှည့်မဲ့ အလားအလာတွေ အများကြီး မြင်နေရတယ်။ မေး - KIO နဲ့ မြန်မာအစိုးရတပ်တွေ အပစ်အခတ်ရပ်ဆဲဖို့ အလားအလာကရော ဘယ်လောက် နီးစပ်ပြီလဲ။ ဖြေ - ကချင်ပြည်နယ်မှာ စခဲ့တဲ့ စစ်ပွဲတစ်လျှောက်လုံးမှာ အစိုးရတပ်တွေဘက်က အရူံးတွေချည်းဖြစ်တယ် အဲ ဒီအရူံးကို လက်ခံပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်မှာ ဆုံးဖြတ်ချက် မရှိ သေးဘူးလို့ ပြောလို့ရပါတယ်။