ကချင် KIA တိုက် နေတာ ကောင်း တဲ့ဗမာ တွေ နဲ့ မဟုတ် ဘူး။
မဒိန်း ဗမာ စစ်တပ်။ဘုန်းကြီး တွေ ကို ရက်စက် တတ် ဖြတ် တဲ့ ဗမာ စစ်တပ်။
ကျောင်း သား များ ကို ရက်စက် စွာ တတ် ခဲ့ တဲ့ ဗမာ စစ်တပ်။
အပြစ် မဲ့ ပြည် သူ တွေ ကို တတ် ဖြတ် နေ တဲ့ ဗမာ စစ် တပ် တွေ နဲ့ တိုက် နေ တာ ပါ။
Kachin Burma
--------------------------
ကချင်မှာတော့ သူ့ပြဿနာက တော်တော်ကြီးတယ်။ ဒီနေရာမှာ ကျနော်ထင်တာကတော့ တမျိုးမှားနေတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ကချင်လောက် အစိုးရကို ကူထားတဲ့အဖွဲ့မရှိဘူး။ အမျိုးသားညီလာခံလည်း သူကပါခဲ့တယ်။ ရွေးကောက်ပွဲဝင်ဖို့လည်း သူတို့က ကြိုးစားခဲ့တယ်။ သူတို့က အစိုးရသစ်တက်လာတာကိုလည်း ကြိုဆိုတယ်။ သမ္မတကြီး လုပ်နေတဲ့ အပြောင်းအလဲကိုလည်း ထောက်ခံတယ်။ ဒါပေမယ့် ဘာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာသလဲ။ ဘာကြောင့် ဒီထက်ဆိုးလာသလဲ။ အဲဒါကတော့ ကျနော့်အမြင်ဆိုရင် တမျိုးတော့မှားနေပြီ။ အဲဒါကို ပြင်ဖို့လိုမယ်။”
ဦးဟန်ညောင်ရွှေ
------------------------------
့ တရုတ်ပြည်ရဲ့  အခြေအနေဟာ လောလောလတ်လတ်ကတော့ on the border ပါ။ ကေအိုင်အို ကို ကူမလား။ ဗမာအစိုးရနဲ့ပေါင်းပြီး ကေအိုင်အို ကို ချေမှုန်းမလား။ အခုထိတော့ ကေအိုင်အို ကို လုံးဝချေမှုန်းလို့ မရဘူး။ ဗမာအစိုးရနဲ့ ပေါင်းပြီး ချေမှုန်းရင်လည်း သူတို့ဒေသမှာရှိတဲ့ ကချင်တွေနဲ့ ပြဿနာဖြစ်မယ်။ ဒေသထဲမှာလည်း တရုတ်ပြည်ထဲက ကချင်လူမျိုးတွေကလည်း ကေအိုင်အေရဲ့  လှုပ်ရှားမှုကို ထောက်ခံပါတယ်။ ဒါကြောင့် သူတို့ ပြဿနဖြစ်မယ်။ လောလောဆယ်တော့ လက်ပိုက်ကြည့်နေပါတယ်။
----------------------
ရေရှည်လာတဲ့အခါမှာ ကျနော်အထင်တော့ ဗမာအစိုးရရဲ့  အဓိကတပ်က ပြောင်းလဲဖို့အခြေအနေ၊ သူ့ဘာသာသူ့သဘောထားနဲ့ ဖြစ်လာမှသာလျှင် ဒီတိုက်ပွဲက ရပ်သွားနိုင်ပါတယ်။ ကချင်ဘက်ကတော့ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ပါ။ သင့်တော်တဲ့ နိုင်ငံရေး solution တခု ခိုင်ခိုင်မာမာပြောပြီး ရပ်မယ်ဆိုရင် ရပ်လို့ရပါတယ်။By: ဦးအောင်ကျော်ဇော ။
Read more+++အရပ်သားအစိုးရ နဲ့ စစ်တပ်သြဇာအာဏာ++++VOA