Wednesday, October 26, 2011

မြန်မာနိုင်ငံပြည်တွင်းစစ်တွင် စစ်တိုက်သော်လည်း အာဇာနည်မဖြစ်နိုင်


· ပြည်တွင်းစစ်တွင် စစ်တိုက်သော်လည်း သူရဘွဲ့မရနိုင်။ ပို၍လည်း အခွင့်အရေးမရနိုင်။ ကျရှုံးသော်လည်း နိုင်ငံတော်ဈာပနမဖြစ်နိုင်။

· ပြည်တွင်းစစ်တွင် သူရဲကောင်းအဖြစ် ကြိုးစားသော်လည်း မဒိမ်းကောင်၊ သူခိုး၊ ဓါးပြ၊ လူဆိုးနာမည်သာရရှိမယ်။

· ပြည်တွင်းစစ်တွင် မရှိဆင်းရဲသားများ၊ အောက်ခြေစစ်သားများနှင့်အရာရှိများကိုသာ စစ်မြေပြင်သို့ ပို့ခြင်းခံရမယ်။

· ပြည်တွင်းစစ်တွင် ကျရှုံးသူများဟာ ကလေးစစ်သားများဖြစ်ပြီး၊ ချောင်ထိုးခံရသော အောက်ခြေစစ်သားများနှင့် အရာရှိများသာဖြစ်တယ်။

· ပြည်တွင်းစစ်တွင် လုံခြုံသောနေရာ၊ ဗဟိုဌာနချုပ်တွင် အဆင့်မြင့်အထက်လူကြီးများနှင့် သားသမီးဆွေမျိုး အသိုင်းအ၀ိုင်းများသာ အမြဲနေရာယူလျှက် ရှိနေတယ်။

· ပြည်တွင်းစစ်တွင် အကျဉ်းသားလွတ်မြောက်သူများကို စစ်မြေပြင်သို့ အတင်းအဓ္ဓမပေါ်တာထမ်းခိုင်းလျှက် ရှိတယ်။

· ပြည်တွင်းစစ်တွင် အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ ပစ်သတ်ခြင်း၊ အတင်းအဓ္ဓမ အလုပ်စေခိုင်းခြင်း၊ ပေါ်တာဆွဲခြင်းခံနေရတယ်။

· ပြည်တွင်းစစ်တွင် သေနတ်ကျည်ဆံနှင့်ဗုံးတွေဟာ လူမျိုး၊ ဘာသာမရွေးတတ်ပါ၊ မင်းသေရင်ငါသေတယ်၊ မင်းရှင်ရင်ငါရှင်တယ်။

· ပြည်တွင်းစစ်တွင် နိုင်ငံတော်ဘဏ္ဍာငွေများကို နိုင်ငံသားအချင်းချင်းပစ်သတ်ကြဖို့ရန် စစ်မြေပြင်သို့ အလွန်အကျွံ သုံးစွဲလျှက်ရှိတယ်။

· ပြည်တွင်းစစ်တွင် လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေး၊ အမျိုးသမီးအဓမပြုကျင့်ခြင်း စသည့်လူ့အခွင့်အရေး ချိုးဖောက်ခြင်းကို ပြည်သူများခံနေရတယ်။

· ပြည်တွင်းစစ်ကြောင့် နိုင်ငံသားအချင်းချင်းယုံကြည်မှုတည်ဆောက်ရန် ပိုမိုအလှန်းဝေးသွားနိုင်တယ်။

· ပြည်တွင်းစစ်ဖြစ်နေသော်လည်း တီဗီဖန်သားပေါ်မှာ ပြသတာက ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ လက်တွေ့ စစ်မြေပြင်တွင် စစ်သားများက လူ့အခွင့်အရေးချိုးဖောက်ရေး ဒို့အရေး။

· ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံနှင့်အစိုးရ၏ ဂုဏ်သိက္ခာ ညိုးနွမ်းသွားမယ်။ နိုင်ငံတကာရှေ့မှာ မျက်နှာမရပဲ အရှက်နှဲ့သာရင်ဆိုင်ရမယ်။

· ပြည်တွင်းစစ်မှာ ငါနဲ့မတူငါ့ရန်သူ၊ မတူညီတာကို ဖယ်ရှားပစ်မယ်၊ ငါခိုင်းတာကိုလုပ်ရမယ်၊ ခြိမ်းချောက်ခြင်းဖြင့် နိုင်ငံတော်ကို တည်ဆောက်နေတယ်၊ အဲဒါက လက်ရှိအစိုရ၏ စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံတော်သစ်။

Ø ဒီမိုကရေစီ၏ သဘောတရားမှာ အထက်ပါအချက်များနှင့် တစ်ခုမှ ကိုက်ညီမှုမရှိပါ။ နိုင်ငံနှင့်ပြည်သူများအတွက် တကယ်အကျိုးမရှိပါ။ မတူညီတာကို စုပေါင်းညှိနှိုင်းအဖြေရှာပြီး စွမ်းအင်တစ်ခုအဖြစ် မှတ်ယူခြင်းသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်၍ ဖက်ဒရယ်ပြည်ထောင်စု တိုးတက်ခေတ်မှီသော ဒီမိုကရေစီနိုင်ငံတော်ကီးကို တည်ဆောက်နိုင်မယ်၊ ဟု ယုံကြည်လျှက်-----

ငြိမ်းချမ်းရေးအလိုရှိသူ--ရှိန်ကရီ


Matsing: Ndai laika ngau hpe myen media de lawlaw shabra ga,