Lahpai Gam's post.
" KIA ကို အနိင်တိုကိရန် မဖြစ်နိင်ဟု ကချင်ပြည်နယ်
စစ်တိုင်းမှုး ဟောင်း အုန်းမြင့် ပြောကြား"..
..
ကချင်ပြည်နယ်တွင် နှစ်ပေါင်းများစွာ တာဝန် ကျခဲ့ပြီး
တိုင်းမှုးရာထူး အထိ တာဝန် ထမ်းဆောင် ခဲ့သော
တိုင်းမှုးဟောင်း အုန်းမြင့် က ယနေ့ မီဒီယာ များနှင့် တွေ့ဆုံရာတွင်
စစ်တပ် အနေဖြင့် KIA ကို အနိင် တိုက်ရန် မှာ မဖြစ်နိင်ကြောင်း
ပြောကြားလိုက်ပါသည်...
ဌင်း က " ကျနော် ကချင် မှာ နှစ်ပေါင်းများစွာ တာဝန် ကျခဲ့ပါတယ်
ဒါ့ကြောင့် KIA နဲ့ တပ် ရဲ့ အခြေအနေကို လဲ ကောင်းကောင်း
သိပါတယ်.. .
စစ်တပ်အနေနဲ့ KIA ကို အကြိမ်ပေါင်းမြောက်မြားစွာ ထိုးစစ် ဆင်
တိုက်ခိုက် ခဲု့ပြီးပါပြီ ..ဘယ်လိုမှ အနိင်မရ နိင်မှန်းလဲ အောက်ခြေ
စစ်သားတွေနဲ့ တပ်မှုးတွေ အကုန်လုံး လဲ သိကြပါတယ်..
အထက်က အခြေအနေ မှန်ကို လျစ်လျူရှု ထားကြလို့ပါ"
.
အဘယ့်ကြောင့် KIA ကို တပ်မတော် မှ အနိင်မရ နိင်တာလဲဟု
မီဒီယာ များမှ ဆက်လက်မေးမြန်းရာ ဒုဗခက ဟောင်းက
" ဒီလိုလေ KIA ဆိုတာ ကချင်လူထုရဲ့ ထောက်ခံ မှုကို အပြည့်အဝ
ရရှိထား တဲ့ တပ်ဖြစ်တယ် ဒါ့ကြောင့် ဒေသခံ တွေရဲ့ ပူးပေါင်း
ပါဝင်မှုကို ရရှိထား တယ်။
နောက်ပြီး မြေပြင်စစ်ဆင်ရေး မှာလဲ KIA က နယ်မြေကျွမ်းတယ်ဗျာ
သူတို့ နယ်ကို သူတို့ ကောင်းကောင်း နားလည်တယ်။
ကျနော်တို့ က အစိမ်းသက်သက် ဆိုတော့ KIA ရဲ့ ဗျုဟာ ဖြစ်တဲ့
ပြောက်ကျား စစ်မှာ ကျဆုံးရတာပေါ့" ဟုဖြေဆိုသွားပြီး
အောက်ခြေ စစ်သား များရဲ့ စွမ်းရည် နှင့် စိတ်ဓာတ် ပိုင်း ဆိုင်ရာ
ကို မေးမြန်း ရာတွင် တိုင်းမှုးဟောင်းမှ " ဒါက တော့ အထွေအထူး
ပြောစရာ မလိုအောင် သိသာ ပါတယ်လေ။
ကချင် ရဲဘော်တို့  ဆိုတာ အခုမှ မဟုတ်ဘူး ကိုလိုနီ ခေတ်ကတည်းက
တိုက်ရည်ခိုက်ရည် ကောင်းတယ်ဆိုတာ သမိုင်းမှာ အများကြီးကိုး
ပြီးတော့ သူတို့ အနေနဲ့ လက်ရှိမှာ ကိုယ့် လူမျိုးနဲ့ တိုင်းပြည် ကို ကာကွယ် ရမယ် ဆိုတဲ့ စိတ်ဓာတ် ပါ အပြည့် ရှိနေတော့
ပြောစရာ မလိုအောင် ပြည့်စုံနေတာပေါ့။
ကျနော်တို့ ဘက်ကကျ မတူဘူးလေ အောက်ခြေ ရဲဘော် အများစုက
လုပ်စရာ အလုပ်မရှိလို့ တပ်ထဲဝင်လာတာ နဲ့ ပေါ်တာ ဆွဲခံထားရ
တာနဲ့ များနေတာကိုး..ပြီးတော့ ကျနော်တို့ ရဲဘော်တွေ အနေနဲ့ က
သူတို့ဟာ မတရား ကျုးကျော် စစ်ကို ဆင်နွဲနေရ တယ်ဆိုတာ
မသိစိတ် က နေ သိနေတော့ တိုက်ခိုက်တဲ့ နေရာမှာ လိပ်ပြာ မလုံတာတို့ ကြောက်တာတို့ ဖြစ်တာပေါ့။ ဒါ့ကြောင့်လဲ ၂၀၁၂ မှာ
တပ်ပြေးတွေ တပ်တွင်းပုန်ကန်မှုတွေ ကချင်ပြည်မှာ အများဆုံး
ဖြစ်ခဲ့တာပဲ"ဟုပြောကြားသွားခဲ့ပြီး
ယခုလက်ရှိ ဆင်နွဲနေတဲ့ စစ်ပွဲ အခြေအနေကိုတော့
" ခု လုက်နေတဲ့ ထိုးစစ်ဆင်မှုတွေက စစ်တပ်အနေနဲ့ ကိုယ့်သေတွင်း
ကို ကိုယ်တူးတာပဲဗျ.. ဂိဒေါင် ကို တိုက်တုန်းကလဲ ကျနော်ပြောတယ်
အဲ့ဒါ KIA ရဲ့ ထောင်ချောက် မင်းတို့တွေ လူအများ ကြီးသေ
ငွေ အများကြီး ကုန်မှ အဲကုန်းကို KIA က ပေးလိမ့်မယ်
သူတို့မှာ အဲလိုကုန်းပေါင်း မရေမတွက်နိင် အောင်ရှိတယ်လို့ပြောခဲ့တာ
ကို နားမထောင်ကြဘူး...ခုလဲကြည့်လေ ဘယ်လောက်စစ်ကူ ပို့ပို့
ဘယ်လောက် လေတပ်အင်အား သုံးသုံး KIA က ဘာမှ မဖြစ်ပဲ
ကိုယ်တွေ တပ်ကသာ အထိနာနေတာ မှတ်လား..
ဒါ့ကြောင့် ကျနော်ပြောချင်တာက KIA ကို တိုက်ဖို့ မစဉ်းစားကြနဲ့
ဘယ်တော့မှ နိင်မှာ မဟုတ်ဘူးဆိုတာကိုပဲ"ဟု ဌင်း၏ အမြင်ကို
မီဒီယာ များရှေ့ တွင်သုံးသပ် ပြောကြားသွားပါသည် ။.
Edit*****Lahpai Gam