၁၉၄၇ အခြေခံ ဥပဒေဟာ တိုင်းရင်းသား ခေါင်းဆောင်များရှေ့မှာ မူကြမ်းရေးဆွဲခဲ့ပြီး၊ ဖဆပလ ပါတီ အတွင်းမှာ ဗမာ နိုင်ငံရေး ခေါင်းဆောင်များက စိတ်ကြိုက် ပြန်ပြင်ရေးဆွဲခဲ့လို့ တိုင်းရင်းသားများ ရဲ့ မူလရပိုင်ခွင့်များ ဆုံးရှုံးခဲ့ရပြီး၊ ခွဲထွက်ရေး တောင်းဆိုမှုတွေ ဆူညံခဲ့ရပါတယ်။ ဖဆပလ အတွင်းမှာ မရိုးမသားလုပ်တာကို အရင်ကြိုသိနေတာက ကရင်အမျိုးသားအစည်းအရုံး (KNU) ပေါ့။ အဲဒီတုန်းက ကရင်တွေက တော်လှန်ရေး မစသေးဘူး၊ အင်းစိန် ခ၀ဲခြံမှာ ရှိတဲ့ ကေအိုင်ယူပါတီ ရုံး ကို ဖဆပလ ပါတီက အတင်းဖြိုလိုက်တယ်။ (နိုင်ငံရေး ပါတီအချင်းချင်း ရွေးကောက်ပွဲ မနိုင်မှာ စိုးလို့ လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်။ အင်းစိန်ဖက်မှာက ကရင်တွေများတော့ ဖဆပလ ပါတီ ရှုံးမှာ သေချာသလောက် ဖြစ်နေချိန်ပေါ့။) အဲဒီနောက်တော့ ကေအိုင်ယူဟာ သူပုန် ဖြစ်သွားတယ်။ တိုင်းရင်းသားတွေကပဲ အကြောင်းမဲ့ ခွဲထွက်ချင်သလိုလို အစိုးရ အဆက်ဆက်က သမိုင်းလိမ်ထားခဲ့တယ်။ (အမှန်ဆိုရင် အဲဒီ မူကြမ်းအတိုင်း မပြင်ပဲ ထားခဲ့သော် တိုင်းရင်းသားတော်လှန်ရေး ဆိုတာလဲ မရှိတော့ပဲ အခုလောက်ဆို မြန်မာပြည်ကြီး တိုးတက်နေမှာ အမှန် ဖြစ်ပါတယ်။)
၁၉၇၃ အခြေခံ ဥပဒေ၊ ၂၀၀၈ အခြေခံ ဥပဒေ တွေဟာလဲပဲ စစ်တပ် စိတ်ကြိုက် (တိုင်းရင်းသားကိုယ်စားလှယ်ဟန်ြ
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်း အရင်းအမြစ်ဟာ တိုင်းရင်းသားအခွင့်အရေး ကြောင့် ဖြစ်တယ်၊ လို့ နိုင်ငံတကာ ပညာရှင်တွေ အစဉ်တစိုက် ထောက်ပြနေပေမယ့်၊ မြန်မာ့တပ်မတော်ကတော့ မသိဟန်ဆောင်၊ ဗမာ နိုင်ငံရေး သမားအချို့လဲ သိမြင်သူနည်းလှပါသေးတယ်။ ဗမာလူထု နဲ့ အဆင်ပြေရင်ပြီးသွားမယ် လို့ ထင်ထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ ၁၉၄၇၊ ၁၉၇၃၊ ၂၀၀၈ အခြေခံ ဥပဒေ တွေ အလီလီပြောင်းခဲ့လဲ မထူးဇာတ်ခင်းနေတာ အားလုံး အသိဖြစ်ပါတယ်။
အခုလဲ လာပြန်ပြီ၊ ၂၀၀၈ အခြေခံ ဥပဒေ ကို သဘောကျလှပါရဲ့ ဆိုတဲ့ ဦးဌေးဦး တို့လို ကြံ့ဖွတ်အဖွဲ့တွေက အများပိုင်းပါပြီး၊ ၂၀၀၈ အခြေခံ ဥပဒေ ကို အသက်နဲ့ ကာကွယ်မယ် ဆိုတဲ့ တပ်မတော်သားတွေက ၂၅ ရာခိုင်နှုန်း၊ ကျန်တဲ့ ပါတီတွေ အနည်းအကျင်းနဲ့ အခြေခံဥပဒေ ကို သုံးသပ်မယ်၊ တဲ့။ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ကဏ္ဍကိုတော့ မသိဟန်ဆောင်နေကြပါတယ်။ တိုင်းရင်းသား ခေါင်းဆောင် ဆိုတဲ့နေရာမှာ စစ်မှန်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ၂၀၁၀ ရွေးကောက်ပွဲဝင်သူ ရှားပါးလှပါတယ်။ ကြံ့ဖွတ်နဲ့ အမျိုးနွယ်တဲ့ တိုင်းရင်းသား ပါတီတွေလောက်ပဲ ပါသေးတာပါ။
ဒီတော့... ဘေးမဲ့တော ဥပဒေ ကို ကျားတွေကို ရေးဆွဲခိုင်းသလို ဖြစ်မနေဘူးလား။
အရေးကြီးတာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအ၀င် လူနည်းစု တိုင်းရင်းသားမျိုးနွယ်စုများ၊ ဗမာလူထုခေါင်းဆောင်များ ကို ကိုယ်စား ပြုတဲ့ အမျိုးသား ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး အားလုံး ပါဝင် နိုင်တဲ့ ပြည်လုံးကျွတ် ညီလာခံ ကျင်းပ ဖို့ ဖြစ်ပါတယ်။ အဲဒီ ညီလာခံမှ ထွက်လာတဲ့ သဘောတူညီမှုကို အခြေခံ ပြီး စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တခု တည်ထောင်ကြဖို့ ဖြစ်ပါတယ်။
စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မဖြစ်မချင်း တိုင်းရင်းသား လူနည်းစုများရဲ့ မူလ ရပိုင်ခွင့်ဟာလဲ ဆုံးရှုံးနေမှာ ဖြစ်ပါတယ်။ အဲဒီ ဆုံးရှုံးမှုကနေ တော်လှန်ရေး ဆိုတာလဲ ဆက်လက်ရှင်သန်နေမှာ ဖြစ်ပါတယ်။ အဲဒီ တော်လှန်ရေး ကြောင့် စစ်အသုံးစရိတ်တွေ ထပ်လိုအပ်လာမယ်။ လူမှုရေး ပဠိပက္ခတွေ ဆက်ရှိနေမယ်၊ အကျိုးဆက်အနေနဲ့ အခန့်မသင့်ရင် နောက်ထပ် အာဏာရှင်တွေ ထပ်ပေါ်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလဲ နှလှံထူနိုင်မှာ မဟုတ်ပါဘူး။
မဟုတ်ရင်တော့ ဒုံရင်းက ဒုံရင်းပဲ ဖြစ်မှာပါ။ ကိုယ့်ဟာကိုယ် စည်းမျည်းလုပ်၊ ကိုယ့်ဟာကိုယ်ကောက်စား... သားကောင်တွေ မညံ့ဖို့လိုနေပါပြီ။